သတင်း

စစ်အာဏာသိမ်း (၆၇၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၆၅ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၉) AAPP ရဲ့ ဒီဇင်ဘာ (၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၇၆)ရက်အတွင်း ပြည်သူ (၂၅၆၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၄၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ရိက္ခာပြတ်လပ်နေ

ဒီးမော့ဆို၊ ဒီဇင်ဘာ(၉) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်လာတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ရှောင်စခန်းတွေဟာ စစ်ကောင်စီဘက်က စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်ပိတ်ဆို့ထားတာ၊ နှစ်ဖက်တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ရိက္ခာပြတ်လပ်မှုနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။ အဲဒီထဲမှာတော့ လူဦးရေ ၁,၀၀၀ ကျော်ရှိတဲ့ ဆီးသူးတော်စစ်ရှောင်စခန်းမှာဆိုရင် ရိက္ခာပြတ်လပ်တာကြောင့် အရေးပေါ်ရိက္ခာတွေ ထုတ်သုံးနေပြီး မကြာမီကာလအတွင်း…

ထားဝယ်မှာ PDF ပူးပေါင်းတပ် သိုလှောင်ထားတဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရ

ထားဝယ်၊ ဒီဇင်ဘာ(၉) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောဒေသ၊ ဝကုန်းကျေးရွာနဲ့အနီးဝန်းကျင်မှာ သိုလှောင်ထားတဲ့ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းခံလိုက်ရတယ်လို့ ထားဝယ်အရှေ့တော PDF တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်အင်အား ၃၀၀ လောက်ဟာ ဝကုန်းကျေးရွာအနီးပတ်ဝန်းကျင်ကို တောနင်းရှာဖွေစဉ် ထားဝယ်အရှေ့တော PDF ပူးပေါင်းတပ်ဖွဲ့ သိုလှောင်ထားတဲ့ လက်နက်ခဲယမ်းတွေ တွေ့ရှိပြီးနောက် သိမ်းဆည်းသွားတာ…

တရုတ်ဘက်က ဖြေလျော့မှုတချို့ရှိလာပေမယ့် နှစ်နိုင်ငံကုန်သွယ်ရေး ပုံမှန်ပြန်မဖြစ်သေး

မော်လမြိုင်၊ ဒီဇင်ဘာ(၉) တရုတ်-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးမှာ တရုတ်ဘက်က ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တချို့ကို ပြန်လည်ဖြေလျော့ပေးလာပေမယ့် နှစ်နိုင်ငံကုန်သွယ်မှု ပုံမှန်ပြန်မဖြစ်သေးသလို အခက်အခဲတွေရှိနေသေးတယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တရုတ်နိုင်ငံဟာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တချို့ကို လုံးဝပိတ်ထားခဲ့သလို တချို့ကုန်သွယ်ရေးဂိတ်တွေမှာတော့ တင်းကျပ်တဲ့စည်းကမ်းချက်တွေ ချမှတ်ထားတာကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်ပေါ်ခဲ့တာပါ။ အခုအခါမှာတော့ တရုတ်နိုင်ငံဟာ ကုန်သွယ်ရေးမှာ ကန့်သတ်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တချို့ကို ဒီဇင်ဘာပထမအပတ်ထဲ ပြန်လည်ဖြေလျော့ပေးလာတာ…

မွန်လူငယ်နေ့ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ထားဝယ်ခရိုင်မှာ ကျင်းပသွား

မယ်ဝယ်ဇင်၊ ဒီဇင်ဘာ(၉) လာမယ့်ဒီဇင်ဘာ ၂၈ ရက်နေ့မှာကျရောက်တဲ့ ၁၁ ကြိမ်မြောက်မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ထားဝယ်ခရိုင်၊ ဝယ်ဇင်ဒေသမှာ ကျင်းပသွားမယ်လို့ မွန်လူငယ်ဆုံရပ် (MYF) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ မွန်လူငယ်နေ့ဟာ အခုနှစ်ဆိုရင် ၁၁ ကြိမ်ပြည့်မြောက်တော့မှာဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေကြောင့် အခုနှစ်မှာတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။…

အကြမ်းမဖက်အာဏာဖီဆန်ခြင်းမှ အသံများ ဖော်ထုတ်ခြင်းဆိုတဲ့ စာအုပ်ထုတ်ဝေ

မော်လမြိုင် – ဒီဇင်ဘာ(၈) မြန်မာ့နွေဦးတော်လှန်ရေးနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အာဏာတည်ဆောက်နိုင်မှုကို ယနေ့အချိန်ထိ ခြိမ်းခြောက်နေတဲ့အကြမ်းမဖက်အာဏာ ဖီဆန်ခြင်းမှ အသံများ ဖော်ထုတ်ခြင်းဆိုတဲ့ စာအုပ်ကို စတင်ထုတ်ဝေလိုက်ပါတယ်။ ဒီစာအုပ်ကို Nyan Lynn Thit Analytica က ထုတ်ဝေထဲ့တာဖြစ်ပြီး အချက်အလက်စုဆောင်း စာတန်းလေ့လာတာတွေ၊ စစ်တမ်းမေးခွန်းလွှာတွေက သုတေသနတွေ့ရှိချက်တွေ၊ လုပ်ငန်းခွင်မှ စွန့်ခွာသူ နိုင်ငံဝန်ထမ်း(GS-CDMers) တွေရဲ့ စစ်တမ်းအချက်အလက်တွေနဲ့အတူ…

စစ်ကောင်စီနဲ့ လက်နက်ကိုင် (၇) ဖွဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ရှိ

မော်လမြိုင် – ဒီဇင်ဘာ(၈) တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးဖို့ရှိနေတယ်လို့ EAO တွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၇) ရက်နေ့ကဗိုလ်ချုပ်ကြီး ရာပြည့် ကိုပေးပို့ခဲ့တဲ့စာထဲမှာ EAO(၇)ဖွဲ့ရဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်း မှုကို လက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ရေးသားထားတာပါ။ NCA-s…

စစ်တပ်က ပေါက်မှာ ပြည်သူတွေရဲ့ နေအိမ်(၄၀၀) ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့

ပေါက် – ဒီဇင်ဘာ(၈) မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ကျေးရွာတွေကို မီးပတ်ရှို့နေတာကြောင့် လူနေအိမ်(၄၀၀) ဝန်းကျင်ပျက်စီး သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၇) ရက်နေ့ကစပြီး အင်အား(၁၀၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း ဟာ ကျသိုက်ကျေးရွာကို စတင်မီးရှို့ခဲ့တာဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာလ(၈) ရက်နေ့…

တောင်ကိုရီးယား သပိတ်မှောက်ကုန်တင်ယာဉ်မောင်းတွေ အလုပ်ပြန်ဆင်းဖို့ အစိုးရဖိအားပေး

ဆိုးလ်၊ ဒီဇင်ဘာ(၉) ကုန်တင်ယာဉ်မောင်းတွေရဲ့ ဆန္ဒပြလှုပ်ရှားမှု ၁၄ ရက်မြောက်ရှိလာချိန်မှာတော့ တောင်ကိုရီးယားအစိုးရဟာ ယာဉ်မောင်းတွေကို အလုပ်ပြန်ဆင်းဖို့အတွက် အမိန့်တစ်ရပ်ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်။ ကမ္ဘာပေါ်မှာ ဆဌမမြောက်အကြီးဆုံး ကုန်စည်တင်ပို့နိုင်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ဝင်ငွေအာမခံအစီအစဉ်ကို သက်တမ်းတိုးပေးရေး တောင်းဆိုဆန္ဒပြနေတဲ့ ကုန်တင်ယာဉ်မောင်းတွေနဲ့ ညှိနှိုင်းမှု မအောင်မြင်ခဲ့ပါဘူး။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ရေနံ၊ ဓါတုနဲ့ သံမဏိစက်ရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်မောင်းတွေကို အလုပ်ပြန်ခန့်ထားနိုင်ဖို့အတွက်…

ကင်ညာမှာ ပါကစ္စတန် သတင်းထောက်ရှာရစ်ဖ် သတ်ဖြတ်ခံခဲ့ရ

နိုင်ရိုဘီ – ဒီဇင်ဘာ(၉) ပါကစ္စတန်နိုင်ငံသား သတင်းထောက် တစ်ဦးအသတ်ခံရမှုဟာ လုပ်ကြံဖို့ ကြိုတင် စီစဉ်ထားတာ ဖြစ်တယ်လို့ ပါကစ္စတန် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖော်ပြခဲ့ပါတယ်။ ကင်ညာမြို့တော် နိုင်ရိုဘီရဲ့ ဆင်ခြေဖုံးနေရာတစ်ခုမှာ ရှာရစ်ဖ်ရဲ့ကားကို ရဲတွေက ပစ်ခတ်ခဲ့တာ ကြောင့်သေဆုံးသွားတာဖြစ်ပြီး သူဟာ ပါကစ္စတန် စစ်တပ်ကို ဝေဖန်တာတွေလုပ်ဆောင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။…