အမျိုးသမီးဝန်ထမ်းတွေကို မတရားအလုပ်ထုတ်တယ်ဆိုတဲ့စွဲချက်နဲ့ တွစ်တာ တရားစွဲခံရ

0
7734

ဝါရှင်တန် – ဒီဇင်ဘာ(၁၀) 

အီလွန်မက်စ်ဟာ တွစ်တာကုမ္ပဏီကို လွှဲပြောင်းရယူပြီးနောက် ရုတ်တရက် အစုလိုက်အပြုံ လိုက် အလုပ်ထုတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အမျိုးသမီးဝန်ထမ်းတွေ အချိုးမညီစွာ ထိခိုက် စေတယ်လို့ဆိုကာ အမျိုးသမီးနှစ်ဦးကတွစ်တာကုမ္ပဏီကို အမှုဖွင့်ခဲ့ပါတယ်။ 

ဒေါ်လာ(၄၄) ဘီလျံနဲ့ တွစ်တာပလက်ဖောင်းကို ဝယ်ယူပြီး ရက်ပိုင်းအကြာ မှာဘဲ ဝန်ထမ်း အစုလိုက်အပြုံလိုက်ဟာ အလုပ်လက်မဲ့အခြေအနေနဲ့ ရင်ဆိုင်နေရသလို ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ကာ သုံးလအတွင်း တွစ်တာကနေ နုတ်ထွက်ရမှာဖြစ်တယ်လို့ အသိပေးခံထားရတာပါ။ 

အမျိုးသမီးဝန်ထမ်း နှစ်ဦးက အစုလိုက်အပြုံလိုက် ရာထူးက ထုတ်ပယ်ခံထားရတာနဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတယ်လို့ ဂါးဒီးယန်းသတင်းစာမှာ ဖော်ပြထားပြီး ဆန်ဖရန်စစ္စကို ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး တွစ်တာရဲ့ ရာထူးမှ ထုတ်ပယ်ခြင်းမပြုမှီကပင် အမျိုးသားဝန်ထမ်းတွေ ကိုပိုမိုအသုံးပြုခဲ့ပေမယ့် ထက်ဝက် နဲတဲ့ အမျိုးသမီးဝန်ထမ်း (၅၇)ရာခိုင်နှုန်းဟာ အလုပ်က ထုတ်ခံထားရတာဖြစ်တယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။ 

ဒါ့အပြင် တွစ်တာက ကလေးငယ်တွေနဲ့ တခြားမိသားစုဝင်တွေအတွက် စောင့်ရှောက်ပေး နေရတဲ့ အမျိုးသမီးတွေကို အချိုးအစားမမျှဘဲ ထိခိုက်စေခဲ့တယ်လို့ စွဲချက်တင်ခံထားရ  သလို သူတို့ဟာ လိုက်လျောနိုင်တာမရှိနိုင်ဘူးလို့လည်း Associated Press သတင်းဌာန ကဖော်ပြထားပါတယ်။ 

တွစ်တာမှာရှိတဲ့ ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် တာဝန်ရပ်စဲလိုက်တာက အမျိုးသမီး ဝန်ထမ်းတွေဟာ အမျိုးသားဝန်ထမ်းတွေထက် အများကြီး သက်ရောက်မှု ပိုရှိနေသလို စာရင်းအင်းအရ သိသာထင်ရှားတဲ့ အတိုင်းအတာထိ သက်ရောက်မှုရှိနေတယ်လို့ သိရပါ တယ်။ 

အီလွန်မက်စ်ဟာ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ လူသိရှင်ကြား ခွဲခြားဆက်ဆံခံရတဲ့ မှတ်ချက်တွေကို ထုတ်ပြခဲ့ပြီး ဒီလုပ်ရပ်ဟာ အမျိုးသမီးဝန်ထမ်းတွေအပေါ် ခွဲခြားဆက်ဆံ တာကနေ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ ဆိုနေကြပါတယ်။ 

တွစ်တာပိုင်ရှင်အီလွန်မက်စ်က သူ့ကိုမေးခွန်းထုတ်တာ ဒါမှမဟုတ် ဝေဖန်တာတွေလုပ်တဲ့ အင်ဂျင်နီယာတွေကို အလုပ်ထုတ်ခဲ့သလို ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လျှောက်လုံးမှာ ရာထူး ကရပ်စဲခံရမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။ 

ဝန်ထမ်းဟောင်းတွေဖြစ်တဲ့ ကာရိုလိုင်းနား ဘာနယ်စထီဖလင်းနဲ့ ဝီလိုဝမ်းတာကယ်လို့က တွစ်တာကို တရားစွဲခဲ့တာဖြစ်ပါတယ်။ 

Ref: Hindustan Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.