နိုင်ငံတဝန်းမှာ အာဏာသိမ်း ၂၂ လအတွင်း နေအိမ်ပေါင်း ၃၈,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့
ရန်ကုန်၊ ဒီဇင်ဘာ(၁၃) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ်နိုဝင်ဘာလကုန်အထိ ၂၂ လတာကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ်ပေါင်း ၃၈,၃၈၃လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့အထဲမှာ တိုင်းရင်းသားဒေသပြည်နယ် ၇ ခု နဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့…
