သတင်း

စစ်ကောင်စီအလိုကျ ပြည်သူတွေရဲ့အိမ်တွေ အဓမ္မဖျက်ဆီးနေသူတွေကို NUG အရေးယူမယ်

ရန်ကုန် – ဒီဇင်ဘာ(၁၁) ကျေးလက်မြို့ပြက ပြည်သူတွေရဲ့ နေအိမ်တွေကို အတင်းအဓမ္မ ဖျက်ဆီး နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေနဲ့ စစ်ကောင်စီအပေါင်းအပါတွေကို ထိထိရောက် ရောက်အရေး ယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတချို့မှာ စစ်ကောင်စီက မြို့ပြနေ အခြေခံလူတန်းစားတွေရဲ့ နေအိမ်တွေကို အတင်းအဓမ္မဖြိုဖျက်ကာ မြေယာလုယက်မှု ကျူးလွန်…

ကလေးမြို့ KTV မှာ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီဝန်ထမ်းတွေကို အကြမ်းဖက်မှုနဲ့ အမှုဖွင့်ထား

ကလေး – ဒီဇင်ဘာ(၁၂) စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဇလပ်ရပ်ကွက်က BMA-KTV မှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်း(၂) ဦးကို အကြမ်းဖက်တိုက်ဖက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ ပြည်သူ့ရဲတပ်ဖွဲ့က အမှုဖွင့်ထားတယ်လို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၀) ရက်နေ့ နေ့လည်ပိုင်းက BMB -KTV နဲ့…

ကရင်ပြည်နယ်မှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုဆိုးဝါးလာ

ဘားအံ၊ ဒီဇင်ဘာ(၁၁) ကရင်ပြည်နယ်မှာ အရပ်သားတွေအပေါ်ကျူးလွန်တဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တွေဟာ တစ်နေ့တခြား ပိုမိုဆိုးဝါးလာတယ်လို့ ဒီကနေ့ ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)နဲ့ ကရင်အမျိုးသမီးအစည်း အရုံး(KWO)က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။ အဲဒီကြေညာချက်ထဲမှာတော့ စစ်တပ်အနေနဲ့ စစ်အာဏာသိမ်းပြီးအချိန်ကစလို့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာတွေကို ကျယ်ပြန့်စွာပြုလုပ်လာခဲ့ကာ စစ်အာဏာ ရှင်စနစ်ကို ထပ်မံကျင့်သုံးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၁)ခုနှစ်နဲ့ အခုနှစ်…

မွန်လူငယ်နေ့ ဖြစ်မြောက်ဖို့အတွက် လက်နက်ကိုင်တပ်အချင်းချင်း မပစ်ခတ်ကြဖို့ တောင်းဆို

မော်လမြိုင်၊ ဒီဇင်ဘာ (၁၁) လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာကျရောက်မယ့် ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ထားဝယ်ခရိုင်၊ ဝယ်ဇင်းကျေးရွာမှာ ကျင်းပမှာဖြစ်တဲ့အတွက် ရေးမြို့နယ်အတွင်းရှိ လက်နက်ကိုင်တပ်အချင်းချင်း မပစ်ခတ်ကြဖို့ မွန်လူငယ်ဆုံရပ်က တောင်းခံစာထုတ်ပြန်ပါတယ်။ မွန်လူငယ်ဆုံရပ်တာဝန်ရှိသူတွေနဲ့ ရေးမြို့နယ်အတွင်းရှိ လူငယ်အဖွဲ့အသီးသီးတို့ဟာ ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့ ကောင်းကောင်းမွန်မွန်ဖြစ်မြောက်ဖို့အတွက် ဝယ်ဇင်းအဝင်လမ်းကိုဖြစ်စေ၊ ရေးမြို့ပေါ်နဲ့ ရေးမြို့နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းဖြစ်စေအဓိက…

Burma Act ဥပဒေဟာ နွေဦးတော်လှန်ရေးအတွက် တိုးတက်မှုဖြစ်တယ်လို့ သုံးသပ်သူတွေ ပြော

ရန်ကုန်၊ ဒီဇင်ဘာ (၁၁) အမေရိကန်အောက်လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးအက်ဥပ ဒေ (NDAA) မှာပါတဲ့ မြန်မာနိုင်ငံဆိုင်ရာဥပဒေ (Burma Act) ဟာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် တိုးတက်မှုဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးသမားနဲ့ လေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ အဲဒီဥပဒေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ အတည်ပြုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာဥပဒေ (Burma Act) ပါ အချက်အလက်အားလုံးကို အမေရိကန်…

KNU သထုံခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ နေအိမ် ၂၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့

သထုံ၊ ဒီဇင်ဘာ (၁၁) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်ထဲမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံနေအိမ် ၂၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစပြီး KNU သထုံခရိုင်ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထို၊ သထုံ၊ ဘီးလင်းနဲ့…

မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်တွေကို ၃ ဆဈေးတင်ပြီး မှောင်ခိုရောင်းချနေ

မော်လမြိုင်၊ ဒီဇင်ဘာ(၁၁) မော်လမြိုင်-ရန်ကုန်သွားတဲ့ ရထားလက်မှတ်တွေကို စစ်ကောင်စီလက်အောက်ခံ မီးရထားရဲတွေနဲ့ မြန်မာ့ မီးရထားဝန်ထမ်းတွေက သတ်မှတ်နှုန်းထားထက် ၃ ဆဈေးတင်ပြီး မှောင်ခိုရောင်းချနေတာတွေ လုပ်ဆောင်နေတယ်လို့ ခရီးသွားပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရထားလက်မှတ်တွေဟာ မော်လမြိုင်-ရန်ကုန် အထူးတန်းလက်မှတ်တစ်စောင်ကို ၇၀၅၀ ကျပ် ဆိုပြီး တရားဝင်သတ်မှတ်ထားပေမယ့် မှောင်ခိုဈေးကွက်မှာတော့ ကျပ် ၂၀၀၀၀ အထိပေးဆောင်နေရသလို ရိုးရိုးတန်းလက်မှတ်ခကလည်း ကျပ် ၃၅၅၀…

လာမယ့်နှစ်မှာ ပိုမိုကောင်းမွန်တဲ့ ငွေကြေးမူဝါဒတစ်ရပ်ကို ချမှတ်ဖို့ ထိုင်ဝမ်ဗဟိုဘဏ်က စီစဉ်နေ

ထိုင်ဝမ်၊ ဒီဇင်ဘာ (၁၀) ထိုင်ဝမ်အနေနဲ့ လာမယ့်နှစ်အတွင်းမှာ ပိုမိုသင့်တော်မှုရှိတဲ့ ငွေကြေးမူဝါဒကို အသက်သွင်းသွားမှာဖြစ်ပြီး ဈေးနှုန်းတည်ငြိမ်မှုကို မြှင့်တင်ဖို့နဲ့ နိုင်ငံ့စီးပွားရေးကုစားနိုင်ဖို့အတွက် နည်းလမ်းများစွာကို အသုံးပြု သွားမယ်လို့ နိုင်ငံရဲ့ ဗဟိုဘဏ်က ပြောပါတယ်။ ကုန်သွယ်မှုစီးပွားရေးကို အဓိကမှီခိုအားထားရတဲ့ ထိုင်ဝမ်နိုင်ငံဟာ လွန်ခဲ့တဲ့လအတွင်းက ပို့ကုန်တန်ဖိုး အနေနဲ့ တစ်နှစ်လုံးအတိုင်းအတာအားဖြင့် ၁၃.၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သလို အဓိက ဘဏ်လုပ် ငန်းဆိုင်ရာ…

ရုရှားနဲ့ အီရန်တို့ရဲ့ ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို အမေရိကန်သတိပေး

ရုရှားနဲ့ အီရန်တို့ရဲ့ ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို အမေရိကန်သတိပေး မော်စကို – ဒီဇင်ဘာ(၁၁) ယူကရိန်းကျူးကျော်မှုကို ထောက်ပံ့ဖို့ အီရန်က ဒရုန်းတွေ ပံ့ပိုးပေးနေတာနဲ့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်လာစေမယ့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်လေယာဉ်တွေအပါအဝင် အီရန်ကို အဆင့်မြင့်စစ်ရေးအကူ အညီတွေပေးဖို့ ရုရှားက ကမ်းလှမ်းနေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ ရုရှား-အီရန် ဆက်ဆံရေးကို ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်အဖြစ်…

အမေရိကန် သတင်းထောက်တစ်ဦး ကာတာကမ္ဘာ့ဖလားမှာ သတင်းယူရင်းသေဆုံး

ဒိုဟာ – ဒီဇင်ဘာ(၁၁) ကာတာကမ္ဘာ့ဖလားဘော်လုံးပွဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆန့်ကျင်တဲ့ လုပ်ရပ် တွေကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ အမေရိကန် သတင်းထောက်တစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၉) ရက်နေ့မှာ သေဆုံးသွားပြီဖြစ်တယ်လို့ သူ့ရဲ့ဇနီးနဲ့ အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ပြောပါ တယ်။ (LGBTQ) လူမှုအဖွဲ့အစည်းကို ထောက်ခံအားပေးတဲ့ သက်တံရောင်အင်္ကျီဝတ်ဆင်ထားပြီး ဘောလုံးကွင်းထဲ ဝင်ရောက်ဖို့ ကြိုးပမ်းချိန်မှာ ကာတာရဲတွေက သူ့ကိုတရားဥပဒေကြောင်းအရ ညီညွတ်မှုမရှိဘူးလို့…