အမေရိကန် သတင်းထောက်တစ်ဦး ကာတာကမ္ဘာ့ဖလားမှာ သတင်းယူရင်းသေဆုံး

0
7647

ဒိုဟာ – ဒီဇင်ဘာ(၁၁) 

ကာတာကမ္ဘာ့ဖလားဘော်လုံးပွဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆန့်ကျင်တဲ့ လုပ်ရပ် တွေကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ အမေရိကန် သတင်းထောက်တစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၉) ရက်နေ့မှာ သေဆုံးသွားပြီဖြစ်တယ်လို့ သူ့ရဲ့ဇနီးနဲ့ အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ပြောပါ တယ်။ 

(LGBTQ) လူမှုအဖွဲ့အစည်းကို ထောက်ခံအားပေးတဲ့ သက်တံရောင်အင်္ကျီဝတ်ဆင်ထားပြီး ဘောလုံးကွင်းထဲ ဝင်ရောက်ဖို့ ကြိုးပမ်းချိန်မှာ ကာတာရဲတွေက သူ့ကိုတရားဥပဒေကြောင်းအရ ညီညွတ်မှုမရှိဘူးလို့ စွပ်စွဲပြီး ထိန်းသိမ်းခံခဲ့ရတာပါ။ 

Ahmad Bin Ali အားကစားကွင်းမှာ ကျင်းပသော အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဝေးလ်စ်အသင်းနဲ့အမေရိကန်အသင်း ယှဉ်ပြိုင်တဲ့ပွဲကို Rainbow အင်္ကျီဝတ်ဆင်ထား တဲ့အတွက်သူ့ကိုလုံခြုံရေးတွေက တားဆီးခဲ့ပြီး အင်္ကျီချွတ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက်ဝါးလ်ဟာ အာဂျင်တီးနား-နယ်သာလန် ပွဲစဉ် ကျင်းပချိန်မှာသေဆုံးသွားတာဖြစ်တယ်လို့ NPR ကဖော်ပြထားပြီး အမေရိကန်သတင်းဌာနတစ်ခုကတော့ သူဟာသတင်းယူနေချိန် လဲကျသွားပြီး နှလုံးဖောက်သွားတဲ့ အတွက်ဆေးမှူးတွေက CPR ကုသမှုနည်းလမ်း နဲ့ဆောင်ရွက်ပြီး ထမ်းစင်နဲ့ခေါ်ထုတ်သွားခဲ့ တယ်လို့သိရပါတယ်။

သူသေဆုံးမှုနဲ့ ပတ်သက်ပြီး တခြားအသေးစိတ်အချက်အလက်တွေကိုတော့ လက်တလောမသိရသေးပါဘူး။

အသက်(၄၈) နှစ်အရွယ်ဝါးလ်ဟာ ၁၉၉၆ ခုနှစ်ကစပြီး Sports Illustrated မှာ ဆယ်စုနှစ်ပေါင်းများစွာ သတင်းထောက်လုပ်ခဲ့သူဖြစ်ပြီး အမေရိကန်မှာဘောလုံးအားကစားကိုလူတွေစိတ်ဝင်စားအောင် ကြိုးပမ်းခဲ့သူဖြစ်တယ်လို့သိရပါတယ်။

“သူဟာ ဘောလုံးကို ဝါသနာပါသလို သတင်းစာပညာကို တတ်နိုင်သလောက် စေတနာထားပြီး ဂရုစိုက်တတ်တဲ့သူတစ်ယောက်ပါ” လို့ မေဂျာလိဂ်ဘောလုံးကော်မရှင်နာ Don Garberက ဝါးလ်က ပြောပါတယ်။

အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ဂရန့်ဝါးလ် ဟာသူ့ရဲ့ဘဝမှာ ဘောလုံးကိုရွေးချယ်ခဲ့ပြီး သူ့ရဲ့ပြောင်မြောက်တဲ့အရေးအသားတွေနဲ့အတူတူ မရှိနိုင်တော့တဲ့အတွက်ဝမ်းနည်းကြေကွဲရသလို အမေရိကန်ဘောလုံးမိသားစုတစ်ခုလုံးအနေနဲ့ ဝမ်းနည်းကြေကွဲရတယ်လို့ထုတ်ပြန်ထားပါတယ်။

ဝါးလ်ဇနီးဖြစ်သူဆီလင်းဂေါင် ဒါကအမေရိကန် ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက် ရဲ့ပတ်သက်ပြီး ထိပ်လန့်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

အားကစားသတင်းထောက်  ဂရန့်ဝါးလ် သေဆုံးမှုနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန် ဖြေဆိုတာတော့မရှိခဲ့ပါဘူး။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.