TLT Tv||- ၂၀၂၃ ခုနှစ် မတ်လ(၂၂) ရက် ဗုဒ္ဓဟူးနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/b8QWyiw055U
https://youtu.be/b8QWyiw055U
အုတ်တွင်း – မတ်(၂၂) ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်ဘူတာနဲ့ ဇေယျဝတီဘူတာကြားမှာ ရထားမိုင်း ထိလို့ ခရီးသည်(၂) ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသလူမှုကူညီရေးအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ မတ်လ(၂၂) ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်ကနေ မန္တလေးဘက်ကို ထွက်ခွာလာတဲ့ အမှတ်(၃) အဆန်လူစီးရထားဟာ ရထားလမ်းမိုင်တိုင်အမှတ် ၁၄၂/၉ နဲ့ ၁၄၂/၁၀ ကြားမှာ မိုင်းထိခဲ့တာပါ။ “ရထားမိုင်းထိတော့…
မော်လမြိုင် – မတ်(၂၂) စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံတင်ထားသူတွေနဲ့ အလိုတူအလိုပါအဖွဲ့အစည်းတွေ ဟာ ပြည်သူ့သစ္စာစူးရောက်မယ့် သမိုင်းတရားခံတွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “ပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာဟာ သူတို့အာဏာ…
ညောင်လေးပင်၊ မတ်(၂၂) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးဝင်ရောက် လှုပ်ရှားမှုတွေကြောင့် ကျေးရွာပေါင်း ၄၀ နီပါး ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေခဲ့ရပြီး ဒေသခံတချို့လည်း ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ KNU ဗဟိုက မတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုလ မတ်လ(၁)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ KNU ညောင်လေးပင်ခရိုင်…
စစ်ကိုင်း၊ မတ်(၂၂) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းမှုအလွန် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီအထိ စစ်ကောင်စီနဲ့ လက် အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တိုင်းဒေသကြီး ၅ ခုနဲ့ ပြည်နယ် ၇ ရှိ အရပ်သားပြည်သူ နေအိမ် ပေါင်း ၆၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့…
မော်လမြိုင်၊ မတ်(၂၂) AAPP ရဲ့ မတ်(၂၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၇၉)ရက်အတွင်း ပြည်သူ (၃၁၄၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၇၅၀ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၂) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…
မော်လမြိုင်၊ မတ်(၂၂) အာာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ အထည်ချုပ်စက်ရုံတွေဟာ အလုပ်သမားဥပဒေတွေကို ချိုးဖောက်ပြီး ခေါင်းပုံဖြတ်မှု မျိုးစုံပြုလုပ်နေသလို အလုပ်သမားတွေကို ခွင့်မပေးတာနဲ့ လုပ်ခလစာမပေးတာတို့ကို အများဆုံး ကျုးလွန်နေတယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (FGWM)က ပြောဆိုလိုက်ပါတယ်။ FGWM ရဲ့ စစ်တမ်းတွေအရ ၂၀၂၂ခုနှစ်အတွင်း အထည်ချုပ်စက်ရုံ ပေါင်း (၁၂၄) ရုံဟာ အလုပ်သ မားတွေကို ခွင့်မပေးတာ၊…
နေပြည်တော်၊ မတ်(၂၂) အာာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်မြန်မာ့နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော် စည်စည်ကားကားဖြစ် မြောက်ဖို့အတွက် နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းပြင်ဆင်တာတွေ လုပ်ဆောင်နေပါတယ်။ စစ်ကောင်စီဟာ နှစ်သစ်ကူးအတာသင်္ကြန် စည်ကားဖို့အတွက် “လမ်းလျှောက်သင်္ကြန်” အောင်မြင်စွာကျင်းပ နိုင်ရေးအပါအဝင် ပွဲတော်စည်းကားရေးကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တချို့ရှိ စစ်ကောင်စီခန့် ဝန်ကြီးတွေအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ညှိနှိုင်းအစည်းအဝေးတွေ အဆက်မပြတ် လုပ်ဆောင်နေတာပါ။ သင်္ကြန်ပွဲတော်စည်ကားရေး အစီအစဉ်တွေထဲမှာ ဗဟိုမဏ္ဍပ်၊…
ဘီးလင်း၊ မတ်(၂၂) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက် ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့က ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီးရှိ စစ်ကောင်စီ သံတံတားစစ်ဆေးရေးဂိတ်ကို…
ကျိုက်ထို၊ မတ်(၂၂) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ဟာ မတ် ၂၁ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ကျိုက်ထိုတော်လှန် ရေး အင်အားစု KRF နဲ့…