EAO အဖွဲ့တချို့ကို စစ်ခေါင်းဆောင်ရဲ့ စစ်ကြေညာမှုကြောင့် ပြည်တွင်းစစ်မီး ပိုမိုကြီးထွားလာနိုင်
နေပြည်တော် ၊ မတ် (၂၈) အတိုက်အခံအဖွဲ့အစည်းတွေကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တချို့ကို စစ်ခေါင်းဆောင်ရဲ့ စစ်ကြေညာမှုကြောင့် ပြည်တွင်းစစ်မီး ပိုမိုကြီးထွားလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က ဖက်ဆစ်တော်လှန်ရေးနေ့လို့ မှတ်ယူထားတဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့မှာ စစ်ခေါင်းဆောင်က NUG ၊ PDF ပံ့ပိုးပေးနေတဲ့ EAOs တချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ သူရဲ့မိန့်ခွန်းမှာ…
