သတင်း

စစ်ကောင်စီလက်ထက် အနှစ်သာရမရှိတော့တဲ့ တရားဥပဒေစိုးမိုးရေး

ရန်ကုန် ၊ မတ်(၁) စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းက ပြည်သူတွေဟာ မလုံခြုံမှုတွေကို ဆိုးဝါးစွာ ခံစားနေရပြီး တရားဥပဒေစိုးမိုးရေးကလည်း အသွင်သဏ္ဍာအဖြစ်သာ ရှိနေပေမယ့် အနှစ် သာရမရှိတော့ဘူးလို့ ဥပဒေပညာရှင်နဲ့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ ရန်ကုန်မြို့ကြီးအပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နေ့ခင်းကြောင် တောင် နေအိမ်နဲ့ဆိုင်ခန်းတွေ ဖောက်ထွင်းခံရတာ၊ ဘဏ်ဓါးပြတိုက်ခံရတာ၊ လမ်းမပေါ်သွားလာသူတွေလည်း ပစ္စည်းလုသတ်ဖြတ်ခံရမှုတွေ…

KNU အုပ်ချုပ်နယ်မြေမှာ စစ်ဘေးရှောင်ပြည်သူ ၅၃၀,၀၀၀ ကျော်အထိ ထပ်တိုးလာ

ညောင်လေးပင်၊ မတ်(၁) ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၅၃၀,၀၀၀ ကျော်အထိ ထပ်တိုးလာတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN က ထုတ်ပြန်ပါတယ်။ KPSN ထုတ်ပြန်ချက်အရ ဒီအရေအတွက်ဟာ စစ်တပ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ထွက်ပြေးတိမ်းရှောင်နေသူတွေ ဖြစ်ပြီး KNU ညောင်လေးပင်ခရိုင်တစ်ခုထဲမှာပဲ စစ်ဘေးရှောင်ပြည်သူ…

စစ်ကောင်စီထံ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီအထိ ရှိလာ

နေပြည်တော်၊ မတ်(၁) စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင်နဲ့ မှတ်ပုံတင်ခွင့် လျှောက် ထားတဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီရှိနေပြီး ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့် နိုင်ငံရေးပါတီ ၅ ခု ရှိတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ပါတယ်။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် နိုင်ငံရေးပါတီ ၈ ခုအထိ ရှိပြီး အဲဒီပါတီ တွေကို…

ပုလောမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးထား

ပုလော၊ မတ်(၁) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူးရွာထဲကို စစ် ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းမှာ လက္ကူးကျေးရွာထဲ ဝင်ရောက်လာပြီးနောက် နေအိမ်နဲ့…

ဟောင်ကောင်မှာ ကိုဗစ်နှာခေါင်းစည်းတပ်ရမယ့် ကန့်သတ်ချက် မတ်၁ရက်ကစတင်ပယ်ဖျက်ပေး

ဟောင်ကောင်၊ မတ်(၁) ဟောင်ကောင်မှာ တင်းကျပ်တဲ့ကိုဗစ်စည်းမျဉ်းတွေကို သုံးနှစ်ကျော်ကြာသတ်မှတ်ထားပြီးတဲ့နောက်မှာတော့ အခုအချိန်မှာ သာမန်လူနေထိုင်မှုပုံစံအဖြစ်ပြန်လည်ဖြေလျော့လိုက်ပြီဖြစ်ပါတယ်။ နှာခေါင်းစည်းတပ်ရတဲ့ကန့်သတ်ချက်ကို မတ်(၁)ရက်နေ့မှာ စတင်ဖြေလျော့ပေးမှာဖြစ်ပြီး ဧည့်သည်တွေနဲ့ စီးပွားရေးသမားတွေကို ပြန်လည်ဖိတ်ခေါ်မှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ ဟောင်ကောင်အစိုးရအကြီးအကဲက ပြောကြားခဲ့တာပါ။ ကမ္ဘာတစ်ဝှမ်းမှာ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရမယ့် စည်းကမ်းချက်ကို ချမှတ်ထားဆဲဖြစ်တဲ့ ဟောင် ကောင်အထူးအုပ်ချုပ်ရေးဒေသမှာတော့ အဲဒီအစီအစဉ်ဟာ မတ်(၁)ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်တယ် လို့ ဟောင်ကောင်ရဲ့ အကြီးအကဲလီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဟောင်ကောင်နဲ့…

လေကြောင်းသတိပေးချက်အတုတွေသုံးပြီး ရုရှားကို ဟက်ကာတွေတိုက်ခိုက်နေ

မော်စကို – မတ်(၁) ရုရှားရုပ်သံလွှင့်ဌာနတချို့ရဲ့ လူတွေကို ဒုံးကျည်တိုက်ခိုက်မှုက အကာအကွယ်ယူဖို့ မှားယွင်း တဲ့ သတိပေးချက်တွေနှိုးဆော်အောင် ဟက်ကာတွေတိုက်ခိုက်ခဲ့ကြတယ်လို့ အရေးပေါ်အခြေအနေ တုံ့ပြန်ရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ရေဒီယိုအသံလွှင့်ဌာနတွေနဲ့ တီဗီချန်နယ်တွေရဲ့ ဆာဗာကို ခိုးယူဖောက်ထွင်းခံရတဲ့အတွက် နိုင်ငံ တွင်းက ဒေသတချို့မှာ လေကြောင်း သတိပေးချက် ထုတ်ပြန်ချက်နဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို ထုတ်လွှင့်ခဲ့ပြီး အဲဒီအချက်အလက်တွေဟာ…

Tik Tok ကို ရက်(၃၀)ကြာ တားမြစ်ဖို့ အမေရိကန်အစိုးရအမိန့်ထုတ်

ဝါရှင်တန် – မတ်(၁) တရုတ်နိုင်ငံပိုင် Tik Tok အက်ပလီကေးရှင်းကို အစိုးရသုံး ကိရိယာတွေနဲ့ စနစ်တွေကနေ ရက်(၃၀) ပိတ်ပင်လိုက်တယ်လို့ အစိုးရအဖွဲ့ဝင်တွေကို အိမ်ဖြူတော်က အမိန့်ထုတ်ပြန်ခဲ့ ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အချက်အလက်ခိုင်မာမှုအတွက် ဖက်ဒရယ်အစိုးရအေဂျင်စီတွေ အားလုံးဟာ Tik Tok ကိုဖုန်းတွေနဲ့ စနစ်တွေက ဖယ်ရှားရမှာဖြစ်ပြီး အင်တာနက်အသုံးချမှု တွေကို အဲဒီကုမ္ပဏီကို ရောက်ရှိတာကနေ ကာကွယ်ဖို့အတွက်…

ရေစကြိုက ပျူစောထီး(၅)ဦးကို ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

ရေစကြို – ဖေဖော်ဝါရီ(၂၈) မကွေးတိုင်းရေစကြိုမြို့နယ်က ပျူစောထီး(၅)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇) ရက်နေ့က အလည်သောင်အုပ်စု၊ဂွတ်ကြီးရွာကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး တပ်စခန်းအထိုင်ချဖို့ စတင်ချိန်မှာ အဓိက ကျသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ “အဲဘက်ကပျူစောထီးရွာတွေဗျ။တရွာလုံးကပျူစောထီးတွေဗျ။ဘယ်သူမှလည်းသိပ်မရှင်းရဲကြဘူး။ သူတို့ရွာကိုတပ်စခန်းချဖို့အတွက်စာတင်ထားတာ၊လာမယ့်လဝက်လောက်မှာ သူတို့ပျူတွေနဲ့ စစ်ကောင်စီတပ်နဲ့ပေါင်းပြီးတော့ တပ်စခန်းချတော့မှာဗျ။အဲဒါကြောင့်မလို့ သူတို့ကိုသွားပြီးရှင်းလင်း…