သတင်း

ဗိုလ်နဂါးဦးဆောင်တဲ့ BNRA ဖွဲ့စည်းမှု ဆွေးနွေးသဘောတူညီချက် လုံးဝမရှိခဲ့ဘူးလို့ NUG တုံ့ပြန်

မော်လမြိုင် – စက်တင်ဘာ(၁၂) ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ဖွဲ့စည်းတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်း သဘောတူညီချက် လုံးဝမရှိခဲ့ဘူးလို့ NUG သမ္မတရုံးက စက်တင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်အရ မြေပြင်တော်လှန်ရေးခေါင်းဆောင် တွေကို အသိအမှတ်ပြုခြင်းနဲ့ တော်လှန်ရေးအတွက် စုစည်းညီညွတ်မှုကို အခြေတည်ပြီး ယာယီ သမ္မတ ဒူဝါလရှီးလနဲ့ကာကွယ်ရေးဝန်ကြီး…

အင်းလေးဒေသ PDF (၁) နှစ်ပြည့် အခမ်းအနား ကျင်းပ

အင်းလေး – စက်တင်ဘာ(၁၂) အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ရှမ်းပြည်နယ်တောင်ပိုင်း၊ အလယ်ပိုင်း တိုင်းစစ်ဒေသ(၃)၊ အင်းလေးပြည်သူ့ကာကွယ်ရေး (၁၀၀၉) တပ်ရင်းရဲ့ (၁) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့တယ်လို့ Inle People Defense Force – IPDFက သတင်းထုတ်ပြန်ထားပါတယ်။ Inle People Defense Force – IPDFရဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားနဲ့အတူ စစ်သင်တန်းအပတ်စဉ် ၅/၂၀၂၃ သင်တန်းဆင်းပွဲကိုလည်း…

(MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး နဲ့ ဆက်သွယ်မေးမြန်းချက်

“ရန်သူစစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး၊ နယ်မြေစည်းလုံးရေးကို လုပ်နိုင်တဲ့အခြေအနေတော့ မရှိဘူး။ သူတို့ရဲ့တပ်နဲ့ မြို့တွေကာကွယ်ရေးကို ဆောင်ရွက်နေတာပဲရှိတယ်။ မြို့ပြအုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုတာ သူတို့ဘာမှလုပ်နိုင်မှု မရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်” အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း မွန်ပြည်နယ်တောင်ပိုင်းဒေသကို တော်လှန်ရေးအင်အားစု ပူး ပေါင်းတပ်ဖွဲ့တွေဘက်က နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတာတွေ ရှိနေသလို စစ်ကောင်စီဘက်ကလည်း နယ်မြေလက်မလွှတ်ဖို့အတွက် စစ်ရေးပြင်ဆင်တာတွေ ဆက်တိုက်လုပ်နေတာပါတယ်။ ဒါကြောင့်လက်ရှိ နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှု၊…

KNLA တပ်မဟာမှူး ၃ ဦး ပြောင်းလဲခန့်အပ်

မော်လမြိုင်၊ စက်တင်ဘာ(၁၂) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃)ခုရဲ့ တပ်မဟာမှူးတွေကို အသစ်ပြောင်းလဲခန့်အပ်လိုက်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNLA တပ်မဟာ (၄)၊ တပ်မဟာ(၆)၊ တပ်မဟာ(၇) စုစုပေါင်း တပ်မဟာ(၃)ရဲ့ တပ်မဟာမှူးနဲ့ ဗျူဟာမှူးတွေကို အခုရက်ပိုင်းထဲ ပြောင်းလဲခန့်အပ်ခဲ့တာပါ။ တပ်မဟာ(၃) ခုရဲ့ တပ်မဟာမှူးတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

ယာဉ်မှတ်ပုံတင်ကြေး ၃ ဆ တိုးကောက်ဖို့ စစ်ကောင်စီညွှန်ကြား

နေပြည်တော်၊ စက်တင်ဘာ(၁၂) ယာဉ်မှတ်ပုံတင်ဆိုင်ရာ အခငွေနှုန်းထားကို ၃ ဆ တိုးမြှင့်ကောက်ခံသွားဖို့ စစ်ကောင်စီ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၈ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားလာတာပါ။ စစ်ကောင်စီကညနရဲ့ ညွှန်ကြားချက်စာအရ ယာဉ်မှတ်ပုံတင်ကြေး ကောက်ခံနေတဲ့ အခငွေနှုန်းတွေဟာ ခေတ်ကာလနဲ့ လျော်ညီမှု မရှိတော့တာ၊ အခြေခံလစာတွေ တိုးမြှင့်လာတာ၊ ယာဉ်တန်ဖိုးတွေ မြင့်တက်လာတာကြောင့် ယာဉ်မှတ်ပုံတင်ကြေး တိုးကောက်ဖို့ လုပ်ဆောင်ရတာလို့…

စစ်အာဏာသိမ်း (၉၅၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၀၇၁) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၁၂) AAPP ရဲ့ စက်တင်ဘာ(၁၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၅၃)ရက်အတွင်း ပြည်သူ (၄၀၇၁)ဦးအထိ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၇၅၁) ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၂၉၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

လေကြောင်းတိုက်ခိုက်မှုကို လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့တိုးချဲ့အရေးယူပေးဖို့ KNU တောင်းဆို

ဖာပွန်၊ စက်တင်ဘာ(၁၂) လေကြောင်းတိုက်ခိုက်မှုတွေကို ဥပဒေမဲ့ စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျုးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီအား နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပိုမိုထိရောက်လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ တိုးချဲ့ပိတ်ဆို့ အရေးယူပေးဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ KNUဖာပွန်ခရိုင်၊ လူသောမြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်ကောင်စီလေတပ်ကနေ ဂျက်တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေအပါဝင် ဒေသခံဆယ်နဲ့ချီ…

အင်အားချိနဲ့လာတဲ့ စစ်အုပ်စုက ဌာနေပြည်သူ့စစ်တွေကို အသုံးချဖို့ကြိုးပမ်း

လားရှိုး၊ စက်တင်ဘာ(၁၂) တပ်အင်အားပြုန်းတီးမှုနဲ့အတူ စိတ်ဓာတ်ရေးရာပါ ကျဆင်းနေတဲ့ စစ်ကောင်စီတပ်ဟာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဌာနေပြည်သူ့စစ်တွေ ပူးပေါင်းပါဝင်ပေးကြဖို့ စစ်ခေါင်းဆောင်ကိုယ်တိုင် စည်းရုံးတာတွေ လုပ်ဆောင်နေရပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ဒေသတွင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ခြောက်ဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ အဲဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ…