ထိုင်းဆူရတ်ဌာနီခရိုင်က လိင်အလွဲသုံးစားလုပ်တယ်လို့စွပ်စွဲခံထားရသူတွေရဲတပ်ဖွဲ့မှာ လာရောက်ဖြေရှင်း
ဘန်ကောက် – ဇူလိုင်(၁၄) ကလေးသူငယ်နဲ့ လူငယ်ရေးရာဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ်နဲ့ ကလေးသူငယ် ရောင်းဝယ်မှုမှာပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ ဆူရတ်ဌာနီခရိုင်က ကလေးသူငယ်နဲ့ မိသားစုရေးရာ ကယ်ဆယ်ရေးစင်တာရဲ့ တာဝန်ရှိသူတို့ဟာ ရဲတပ်ဖွဲ့ထံကိုလာရောက်ဖြေရှင်းခဲ့ ကြပါတယ်။ အသက်(၅၅) နှစ်အရွယ်ဖိဆစ်ပွန်ပီပတ်နဲ့ အသက်(၃၃) နှစ်အရွယ်ဆူဝတ်ဖာအိုဖန် တို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက လိင်ကုန်ကူးတဲ့ကွင်းဆက်နဲ့ ဆက်နွယ်နေတယ်ဆိုပြီး ဆူရက်ဌာနီခရိုင် ဒေသန္တရ က နေရာ(၁၈) နေရာကို ရဲတပ်ဖွဲ့က…