နိုင်ငံတကာ

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ စစ်တပ်ဖြစ်အောင် ပြောင်းလဲရမယ်လို့ Move Forward ပါတီခေါင်း ဆောင်ပြော

ဘန်ကောက် – ဩဂုတ်(၂၉) ထိုင်းနိုင်ငံအစိုးရအသစ်အနေနဲ့ နိုင်ငံရဲ့ စစ်တပ်ကို ပြုပြင်းပြောင်းလဲပြီး မညီမျှမှုတွေကို လျှော့ ချကာ ဗဟိုချုပ်ကိုင်မှု ကင်းဝေးရေးလုပ်ဆောင်သင့်တယ်လို့ Move Forward ပါတီခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရတ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၇) ရက်နေ့က ဘန်ကောက် ခလုန်ဆမ်ဝခရိုင်မှာရှိတဲ့ Phraya Suren ဘုန်းကြီးကျောင်းတစ်ခုမှာ ကျင်းပခဲ့တဲ့ ကရင့်ရိုးရာလက်ချည်ပွဲအခမ်းအနားမှာ သူကပြောခဲ့ တာပါ။…

ပြင်သစ်နိုင်ငံက ကျောင်းတွေမှာ မွတ်ဆလင် အဘာယာဝတ်ဆင်မှုကို တားမြစ်ဖို့ရှိနေ

ပါရီ – ဩဂုတ်(၂၉) ပြင်သစ်နိုင်ငံကကျောင်းတွေမှာ မွတ်ဆလင်အမျိုးသမီးတွေဝတ်ဆင်ကြတဲ့ ဝတ်ရုံရှည် အဘာ ယာဝတ်စုံကို အစိုးရပိုင်အဆောက်အအဦးတွေမှာ မဝတ်ဆင်ဖို့ အစိုးရက တားမြစ် သွားဖို့ ရှိနေ တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ နွေရာသီစောပိုင်းမှာ ရာထူးတိုးမြှင့်ခံခဲ့ရတဲ့ ပညာရေးဝန်ကြီး ဂေဘရီယာယ် အတ်တဲလ်က ဩဂုတ်လ(၂၇) ရက်နေ့ နှောင်းပိုင်းရှိ ပြင်သစ်ရုပ်မြင်သံကြားလိုင်း TF-1 နဲ့ အင်တာဗျူးတစ်ခုမှာ အဲဒီကြေညာချက်ကို…

ပါကစ္စတန်မှာ ရေလွှမ်းမိုးမှုကြောင့် လူဦးရေ ၁ သိန်းခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရ

ကဆာ၊ သြဂုတ်(၂၇) ပါကစ္စတန်နိုင်ငံ ပွန်ဂျပ် ခရိုင်ဒေသန္တရအတွင်းရှိ ရေလွှမ်းမိုးသွားတဲ့ ကျေးရွာတွေကလူဦးရေ တစ်သိန်းခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီလို့ကြောင်း အစိုးရအရေးပေါ်ဝန်ဆောင်မှု ဌာနက ပြောကြားခဲ့ပါတယ်။ အဲဒီဗဟိုခရိုင်ဒေသန္တရအတွင်း ဆွစ်လပ်မြစ်ရေမြင့်တက်လာချိန်မှာ ကျေးရွာပေါင်းရာနှင့်ချီ၊ သီးနှံဧက ထောင်နှင့်ချီ ရေမြှုပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ပွန်ဂျပ်ဒေသအစိုးရ အကြီးအကဲရဲ့ ပြောကြားချက်အရ မုတ်သုံမိုးရွာသွန်းမှုကြောင့် အိန္ဒိယ အာဏာပိုင်တွေဟာ တိုးလာတဲ့ရေတွေကို မြစ်တွေထဲကို ဖောက်ချပိုလွှတ်မှုတွေကြောင့် ပါကစ္စတန်နယ်စပ်…

ဗြိတိသျှပြတိုက်က ခိုးယူခံထားရတဲ့ ရှေးဟောင်းပစ္စည်း (၂၀၀၀) ခန့်ကို ပြန်လည်ရှာဖွေနေ

လန်ဒန် – ဩဂုတ်(၂၇) ဗြိတိသျှပြတိုက်က အချိန်အတော်ကြာ ခိုးယူခံထားရတဲ့ လက်ဝတ်ရတနာတွေအပါအဝင် ရှေး ဟောင်းပစ္စည်းပေါင်း(၂၀၀၀) ခန့်ကို ပြန်လည်ရှာဖွောရေး ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပြီလို့ ပြတိုက် ဥက္ကဋ္ဌ ဂျော့အော့စ်ဘွန်းက ဩဂုတ်လ(၂၆) ရက်နေ့မှာ ပြောခဲ့ပါတယ်။ လန်ဒန်ရဲ့ အကျော်ကြားဆုံး အထင်ကရနေရာတွေထဲက ပြတိုက်တစ်ခုဖြစ်တဲ့ Rosetta Stone နဲ့ တခြားသောစာသားတွေနဲ့ ရေးထိုးထားတဲ့ ရှေးအီဂျစ်တို့ရဲ့ အမွေအနှစ်တစ်ခုပါဝင်ပြသထားတဲ့…

ဘတ်ဂျက်အနည်းဆုံးနဲ့ လကမ္ဘာကို ယာဉ်ပျံလွှတ်တင်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေကို မိုဒီ ဂုဏ်ပြု

နယူးဒေလီ – ဩဂုတ်(၂၇) အိန္ဒိယအစိုးရဟာ လကမ္ဘာပေါ် အခြေချနိုင်ဖို့အတွက် နိုင်ငံတော်ဘတ်ဂျက်ထားရှိတာဟာ တခြားသောနိုင်ငံတွေအနေနဲ့ သူတို့ကိုယ်ပိုင် အာကာသအစီအစဉ်တွေ ပြုလုပ်နိုင်ဖို့ စိတ်အား ထက်သန်စေတယ်လို့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ပြောခဲ့ပြီး သိပ္ပံပညာရှင်တွေကို ချီးကျူးခဲ့ ပါတယ်။ ချန်ဒရာရန် အမှတ်(၃) ယာဉ်ပျံဟာ ဗုဒ္ဓဟူးနေ့မှာ လရဲ့ မျက်နှာပြင်ကို ထိတွေ့နိုင်ခဲ့ပြီး အိန္ဒိယဟာ စူးစမ်းလေ့လာရေး လုပ်ငန်းတွေ…

ဆေးလိပ်သောက်သုံးနိုင်တဲ့ တရားဝင်အသက်အရွယ်အဖြစ် (၂၂) နှစ်အထိ မြှင့်တင်ဖို့ သုတေသီတွေက အစိုးရတွေကို တောင်းဆို

တိုကျို၊ သြဂုတ်(၂၆) အသက် (၂၀) နှစ်မတိုင်မီ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်ဖြတ်ဖို့ပိုမိုခက်ခဲကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပြီးနောက် လူငယ်တွေအနေနဲ့ အသက် (၂၂) နှစ်အထိ ဆေးရွက် ကြီးထွက်ကုန်တွေ ဝယ်ယူခြင်းကို တားမြစ်သင့်တယ်လို့ သုတေသီတွေက အကြံပြုထား ကြပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ အစိုးရတွေဟာ ဆေးလိပ်သောက်နိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ် မြှင့်တင်လိုက် ခြင်းဟာ နီကိုတင်းအပေါ်စွဲလန်းမှုကို လျှော့ချနိုင်တယ်လို့ သိပ္ပံပညာရှင်တွေကလည်း ပြောကြား…

ထိုင်းအာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်ကြီး ပရရွတ် ရုံးလုပ်ငန်းတာဝန်တွေပြီးရင် အနားယူ တော့မယ်

ဘန်ကောက် – ဩဂုတ်(၂၆) ရာထူးကထွက်ခွာတော့မယ့် ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရရွတ် ချန်အိုချာဟာ ကာကွယ်ရေးကောင်စီရဲ့ နောက်ဆုံးအစည်းအဝေးကို ဥက္ကဋ္ဌအနေနဲ့ နောက်ဆုံး တက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မစ္စတာ ပရရွတ်ဟာ အသစ်တက်လာမယ့် ဝန်ကြီးချုပ်နဲ့အတူ အစိုးရ အိမ်တော်မှာ တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာမယ့်သူကို အိမ်တော်တဝိုက် လှည့်လည်မိတ်ဆက် တာတွေပြုလုပ်ခဲ့ပါသေးတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကို ရောက်ရှိနေတဲ့ သတင်းထောက်တွေက ရုံးလုပ်ငန်းတွေကနေ…

F-16 ယူကရိန်းလေယာဉ်မှူးတွေကို အမေရိကန်က စက်တင်ဘာလမှာ စတင်လေ့ကျင့်ပေးမယ်

ဝါရှင်တန် – ဩဂုတ်(၂၆) ယူကရိန်းလေယာဉ်မှူးတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို အမေရိကန်မှာ လာမယ့်စက်တင်ဘာလ မှာ စတင်မှာဖြစ်ပြီး သူတို့ဟာ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် အဆင့်မြင့်လေယာဉ်တွေ ကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောခဲ့ပါတယ်။ ရုရှားကျူးကျော်စစ်ကို ပိုမိုထိရောက်စွာ တိုကခိုက်ဖို့အတွက် ယူကရိန်ဟာ ခေတ်မီဆန်းသစ်တဲ့ တိုက်လေယာဉ်တွေကို အချိန်အတော်ကြာရှာဖွေနေသလို ရုရှားတပ်တွေထိန်းချုပ်ထားတဲ့ နယ် မြေတွေကိုလည်း ပြန်လည်ရယူဖို့ တန်ပြန်ထိုးစစ်လုပ်ဆောင်နေတာပါ။…

လူစည်ကားတဲ့နေရာမှာ ကျောင်းဆရာမတစ်ဦးမတရားပြုကျင့်သတ်ခံရပြီးနောက် လုံခြုံရေးကင်မရာတွေ ပိုမိုတိုးမြှင့်တပ်ဖို့ ဆိုးလ်မြို့တော်ဝန်ပြော

ဆိုးလ်၊ သြဂုတ်(၂၅) လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက လူစည်းကားရာ တောင်တက်လမ်းတစ်ခုမှာ ကျောင်းဆရာမ တစ်ဦးကို မတရား ပြုကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်မှုဖြစ်ပြီးတဲ့နောက်မှာ မြို့တော်ရှိ ပန်းခြံတွေမှာ စောင့်ကြည့်ရေးကင် မရာတွေကို တိုးမြှင့်တပ်ဆင်သွားမယ်လို့ ဆိုးလ်မြို့တော်ဝန် က သြဂုတ်လ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါ တယ်။ ရဲတပ်ဖွဲ့အနေနဲ့ သံသယတရားခံကို သြဂုတ်(၂၃)ရက်နေ့မှာပဲ သတ်မှတ်ဖော်ထုတ်နိုင်ခဲ့တာပါ။ CCTV တပ် ဆင်ထားခြင်းမရှိတဲ့…