နိုင်ငံတကာ

ဘာလီအပန်းဖြေစခန်းမှာ ဓာတ်လှေကားကြိုးပြတ်ကျလို့ ဟိုတယ်လုပ်သား(၅)ဦးသေဆုံး

ဘာလီ – စက်တင်ဘာ(၅) ဘာလီအပန်းဖြေစခန်းတစ်ခုက ဝန်ထမ်း(၅)ဦးဟာ ဓာတ်လှေကား ကေဘလ်ကြိုး ပြတ်ပြီး လျှိုမြောင်ထဲ ထိုးကျသွားတာကြောင့် သေဆုံးခဲ့ရတယ်လို့ အင်ဒိုနီးရှား မီဒီယာတွေက ဖော်ပြ ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁) ရက်နေ့က အူဘတ်မှာရှိတဲ့ အယုဒရာအပန်းဖြေနေရာမှာ ဖြစ်ပွားခဲ့တာလို့ မီဒီယာတွေက ဆိုထားတာပါ။ အပန်းဖြေစခန်းရဲ့ ကြီးကြပ်ရေးဌာနက အသက်(၁၉) နှစ်ကနေ (၂၅)နှစ်ကြားရှိတဲ့ အမျိုးသား…

မြန်မာ့အရေးဆွေးနွေးမယ့် (၄၃) ကြိမ်မြောက်အာဆီယံအစည်းအဝေးကို စင်္ကာပူဝန်ကြီးချုပ် တက်ရောက်မယ်

စင်္ကာပူ – စက်တင်ဘာ(၅) မြန်မာ့အရေး အကျပ်အတည်းတွေအပါအဝင် တခြားသော ကိစ္စရပ်တွေကို ဆွေးနွေးမယ့် (၄၃) ကြိမ်မြောက် အာဆီယံအစည်းအဝေးကို စင်္ကာပူဝန်ကြီးချုပ်က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင် တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ(၅) ရက်နေ့မှာ ကျင်းပမယ့် အစည်းအဝေးမှာ မြန်မာ့အရေးအပြင် တရုတ်ရဲ့ အသစ်ထုတ်ပြန်တဲ့ မြေပုံကိစ္စတွေကိုပါ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ တရုတ်အစိုးရရဲ့ မြေပုံထုတ်ပြန်မှုကြောင့် တောင်တရုတ်ပင်လယ်အရေးမှာ တင်းအားတွေမြင့်…

ပူတင်နဲ့ တွေ့ဆုံစဉ် စပါးတင်ပို့မှု သဘောတူညီချက်ရဖို့ ကြိုးပမ်းခဲ့တယ်လို့ အာဒိုဂန်ဆို

မော်စကို – စက်တင်ဘာ(၅) တူရကီ သမ္မတအာဒိုဂန်ဟာ ရုရှားခေါင်းဆောင် ပူတင်နဲ့ ဩဂုတ်လ(၄) ရက်နေ့က ရုရှားပင်လယ် နက် အပန်းဖြေစခန်း ဆိုချီမှာ တွေ့ဆုံစဉ် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းကို လျော့ပါးစေဖို့ အကူအညီအဖြစ် ယူကရိန်းဆန်စပါးတင်ပို့မှု သဘောတူညီချက်ပြန်လည်ရရှိရေး ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂနဲ့ တူရကီတို့ ကြားဝင်စေ့စပ်ပေးပြီးနောက် တစ်နှစ်အကြာ ဇူလိုင်လမှာ ရုရှားက သဘောတူညီချက်မှ နုတ်ထွက်ခဲ့တာကြောင့်…

တိုင်ဖွန်းဆောင်လာ ဟောင်ကောင်ကို ဖြတ်ကျော်တိုက်ခတ်ပြီး တရုတ်နိုင်ငံ တောင်ပိုင်းကိုဦး တည်ပြီးပြင်းပြင်း ထန်ထန်တိုက်ခတ်နေ

ဟောင်ကောင်၊ စက်တင်ဘာ(၃) တိုင်ဖွန်းမုန်တိုင်းဆောင်လာဟာ (စက်တင်ဘာ ၂ ရက်) အစောပိုင်းမှာ တရုတ်နိုင်ငံတောင်ပိုင်း ကမ်းခြေကို တိုက်ခတ်ပြီး အရှိန်လျော့သွားပေမယ့်လည်း အန္တရာယ်ရှိနေဆဲဖြစ်ပြီး ဆယ်စုနှစ် များစွာအတွင်း အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဖြစ်ခဲ့တယ်လို့ တရုတ်နိုင်ငံမိုးလေဝသဌာနက ပြောကြားခဲ့ပါတယ်။ ဒီမုန်တိုင်းဟာ ခြိမ်းခြောက်မှုတစ်ရပ်အနေနဲ့ လူသန်းပေါင်းများစွာအပေါ်ရိုက်ခတ်နိုင်မယ်လို့ လည်း ကြိုတင် ခန့်မှန်းချက်ထုတ်ထားခဲ့တာပါ။ ဟောင်ကောင်၊ ရှန်ဇန်နဲ့ အခြားသော တရုတ်မြို့တော်တွေက လူဦးရေသန်းနဲ့ချီဟာ စူပါတိုင်ဖွန်းလို့…

မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်တွေထပ်မံ ပစ်လွှတ်

ပြုံယမ်း – စက်တင်ဘာ(၃) မြောက်ကိုရီးယားနိုင်ငံဟာ စက်တင်ဘာလအစောပိုင်းမှာ ပင်လယ်ဝါဆီကို ခရုဇ်ဒုံးကျည် အမြောက်အများ ထပ်မံပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို တောင်ကိုရီးယားနဲ့ အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူတွေက ခွဲခြမ်းစိတ်ဖြာထားတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ ပြီးခဲ့တဲ့လနှောင်းပိုင်းက နိုင်ငံရဲ့ အဓိက နိုင်ငံရေးပါတီတွေရဲ့ ဝေဖန်မှုတွေထွက်ပေါ်လာစေတဲ့ မအောင်မြင်ခဲ့တဲ့ ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်မှု အပါအဝင် မြောက်ကိုရီးယားက…

တရုတ်-ရုရှားဆက်ဆံရေးဟာ အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်ပြော

ဝါရှင်တန် – စက်တင်ဘာ(၃) တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေရဲ့ မိတ်ဖက်ဆက်ဆံရေးကြောင့် စိုးရိမ်မှုတွေ မြင့်တက်စေပြီး ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပနဲ့ ပစိဖိတ်တို့ကို အကြီးစားခြိမ်းခြောက်မှုဖြစ်ပေါ်စေတာ မျိုး မမြင်ဖူးခဲ့ဘူးလို့ ကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဥက္ကဋ္ဌက ပြောပါတယ်။ အဲဒီနိုင်ငံတွေရဲ့ သမ္မတနှစ်ဦး မဟာမိတ်ပြုမှုက ဖြစ်ပေါ်လာတဲ့ ယှဉ်ပြိုင်မှာအတွင်း လွတ်လပ် သော ကမ္ဘာကြီးအတွက် စိန်ခေါ်မှုတွေဖြစ်စေတယ်လို့ နိုင်ငံခြားရေးရာ ဥက္ကဋ္ဌက…

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ဘုရင်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေး လျှောက်ထား

ဘန်ကောက်၊ စက်တင်ဘာ(၂) ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ နိုင်ငံထူထောင်ရေးနဲ့ ရေရှည်အာဏာ လွန်ဆွဲမှုမှာ သူ့ရဲ့နောက်ဆုံးလှုပ်ရှားမှုအဖြစ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလွှာကို တင်သွင်းခဲ့ကြောင်း တရားရေးဝန်ကြီးက ဩဂုတ်လ (၃၁) ရက်နေ့က ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး နိုင်ငံရေးသမား သက်ဆင်ဟာ (၁၅) နှစ်ကြာ နိုင်ငံရပ်ခြားမှာ တိမ်းရှောင် နေထိုင်ခဲ့ရပြီးနောက် လွန်ခဲ့တဲ့သီတင်းပတ်က နိုင်ငံအတွင်းသို့ ပြန်လာခဲ့တာဖြစ် ပါတယ်။ သက်ဆင်ဟာ…

G-20 အစည်းအဝေးမတိုင်ခင် နယူးဒေလီမြို့က အလှဆင်ထားတာကို မျောက်ရိုင်းတွေဝင် ရောက်ဖျက်ဆီးတာကို တားဆီးဖို့ လန်ဂူးအာ မျောက်ရုပ်တွေကို တပ်ဆင်ထား

နယူးဒေလီ – စက်တင်ဘာ(၂) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လာမယ့် သီတင်းပတ်အတွင်း ကျင်းပမယ့် G-20 အစည်းအဝေး အတွက် ပန်းအလှဆင်ထားတာတွေကို မျောက်ရိုင်းတွေဝင်ရောက်ဖျက်ဆီးတာက ဟန့်တားဖို့ အတွက် လန်ဂူးအာ မျောက်ရုပ်ပုံတွေကို မြို့အနှံတပ်ဆင်ထားပါတယ်။ သက်ရှိတိရိစ္ဆာန်တစ်ကောင်ရဲ့ အရွယ်အစားအတိုင်းထုတ်လုပ်ထားတဲ့ မျောက်ရုပ်ပုံတွေအပြင် Monkey Men မျောက်လူသားအဖွဲ့ကိုလည်း ငှားရမ်းထားတာပါ။ နယူးဒေလီမြို့တော်ကောင်စီဟာ သေးငယ်တဲ့ Rhesus မျောက်ရိုင်းတွေရဲ့ သဘာဝရန်သူတွေ…

တန်ပြန်ထိုးစစ် နှေးကွေးတယ်လို့ ဝေဖန်သူတွေ ပါးစပ်ပိတ်ထားဖို့ ယူကရိန်းသတိပေး

ကီးယက် – စက်တင်ဘာ(၂) ယူကရိန်းရဲ့ (၃)လကြာ ထိုးစစ်ဆင်ခဲ့တဲ့ တပ်တွေဟာ နှေးကွေးလွန်းတယ်လို့ အနောက်တိုင်း အရာရှိတွေဆီက ပေါက်ကြားလာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဝေဖန်ရေးသမားတွေ ပါးစပ် ပိတ်ထားဖို့ ယူကရိန်းဘက်က တုံ့ပြန်သတိပေးလိုက်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ စစ်လက်နက်ပစ္စည်းတွေကို ဒေါ်လာ ဘီလျံပေါင်းများစွာ အသုံးပြုပြီး ယူကရိန်းရဲ့ အမွှမ်းတင်လွန်းနေတဲ့ တန်ပြန်ထိုးစစ်ကို စတင်ပြီးနောက် ရွာပေါင်း တစ်ဒါဇင် ကျော်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့်…