Thanlwintimes

ဝင်းတာပန်စခန်းကို KNU လာပစ်ရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

ဘီးလင်း ၊ သြဂုတ် (၄) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNU လက်အောက်ခံတပ်တွေ လာပစ်ရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ စစ်ကောင်စီစခန်းမှူးက ခြိမ်းခြောက်လာတယ်လို့ KNU သထုံခရိုင်က သြဂုတ် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့မှာ စစ်ကောင်စီ ဝင်းတာပန်စခန်းမှူး မျိုးမြင့်ကျော်က ကျေးရွာ…

ရေးမြို့နယ် လဝကရုံး ပစ်ခတ်ခံရတာကြောင့် ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန်

ရေး ၊ သြဂုတ် (၄) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်က မြို့နယ်လဝကရုံး ပစ်ခတ်ခံရတာကြောင့် ဒုမြို့နယ်လဝကမှူး အပါအဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။အဲဒီလဝကရုံးကို ဒီကနေ့ သြဂုတ် ၃ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ရေးဘီးလူအဖွဲ့က လာရောက် ပစ်ခတ်…

စစ်ကောင်စီလုံခြုံရေးတင်းကြပ်ထားတဲ့ ပွင့်ဖြူမှာ လုယက်မှုတွေဖြစ်နေပြီး ပြည်သူတွေစိုးရိမ်နေ ရ

ပွင့်ဖြူ – ဩဂုတ်(၃) မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ လုယက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေပြီး အသက်အန္တရာယ်ပါ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ ပွင့်ဖြူမြို့မယ်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသလို ဒေသခံတွေကို အမြဲလိုလို စစ်ဆေးနေတာပါ။ ဇူလိုင်လ(၃၀) ရက်နေ့က ကျောင်းစုရွာနဲ့ ဇီးတောကျေးရွာကြားမှာ ဆိုင်ကယ်လုယက်ခံရပြီး ဩဂုတ်လ(၃) ရက်နေ့မှာလည်း မြို့ပေါ်မှာ ကြက်သားသည်လင်မယားရိုက်နှက်ပြီး ပစ္စည်း လုယက် ခံခဲ့ရတယ်လို့ သိရပါတယ်။…

ကျိုက်ထိုမှာ စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ သြဂုတ် ၃ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာ တံတားပေါ်မှာ သြဂုတ် ၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သိမ်ဇရပ်)က ထုတ်ပြန်ပါတယ်။ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ဘက်ကနေ ဝင်းကံကျေးရွာကို အရပ်ဝတ်နဲ့ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီ တပ်ကြပ်ကြီး သန်းထွန်းမောင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သိမ်ဇရပ်)က အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။”ပစ်ခတ်ခံရတာက ဟုတ်တယ်၊ ပူးပေါင်းအဖွဲ့တွေက…

အမှောင်ကျနေတဲ့ ငါတို့တိုင်းပြည်ညီညွတ်အားနဲ့ ထွန်းလင်းကြစို့

ယင်းမာပင်- ဩဂုတ်(၃) ဒီနေ့ ဩဂုတ်လ(၃) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီက ဦးဆောင်ပြီး အမှောင်ကျနေတဲ့ ငါတို့တိုင်းပြည်ညီညွတ်အားနဲ့ ထွန်းလင်းကြစို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ထိုင်ဝမ်ကိုသွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စု စိုးရိမ်ပူပန်တယ်လို့ဆို

နေပြည်တော် – ဩဂုတ်(၃) ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေမြင့်တက်စေတဲ့ အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်ဝမ်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ များစွာ စိုးရိမ်ပူပန်မိတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေ ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တဲ့ လုပ်ရပ်တွေ နဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ရည်ရွယ်တဲ့ အားထုတ်…

ပလက်ဝမှာ ကျောင်းသားတွေလိုက်ပါလာတဲ့ စက်လှေကို စစ်ကောင်စီပစ်ခတ်ခဲ့လို့ ကျောင်းသား (၂) ဦးသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနဲ့ ရက္ခိုင့်တပ်တော် ရှုတ်ချ

ပလက်ဝ- ဩဂုတ်(၃) ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ ကျောင်းသူ၊ကျောင်းသားတွေစီးနင်းလိုက်ပါလာတဲ့ စက်လှေ တစ်စီးကို နှမဒါ ကျေးရွာအခြေစိုက် စစ်တပ်က ပစ်ခတ်ခဲ့တဲ့ အတွက်ကျောင်းသား(၂) ဦးသေဆုံး ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချတယ်လို့ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ICNCC နဲ့ ရက္ခိုင့်တပ်တော် AA တို့က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂) ရက်နေ့က ပလက်ဝမြို့နယ်…

ထိုင်းနိုင်ငံ ရာမ(2) လမ်းမကြီးတနေရာက ပြုပြင်ဆဲ “ဂ”ကွေ့တံတား ပြိုကျ

ဘန်ကောက် – ဩဂုတ်(၃) ထိုင်းနိုင်ငံရာမ(၂) လမ်းမကြီးတစ်နေရာက “ဂ” ကွေ့ တံတား တစ်စင်း ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၃၁) ရက်နေ့က ပြိုကျခဲ့တဲ့အတွက် ဘန်ကောက်မြို့ကို ဦးတည်သွားလာနေတဲ့ ယာဉ်အများအပြား ပျက်ဆီးခဲ့ပါတယ်။ အခင်းဖြစ်ပွားရောနေရာကို သက်ဆိုင်ရာ ရဲအရာရှိတွေ သွားရောက်ခဲ့ချိန်မှာ လူတစ်ဦး သေဆုံးခဲ့ ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့တာပါ။ ဒါ့အပြင် အိမ်စီးမော်တော်ကား တစ်စင်းပေါ်ကို…

‘နျူကလီးယား ပပျောက်ခြင်းမှ ဝေးကွာခြင်း’ သည် လူသားမျိုးနွယ်အပေါ် မှားယွင်းသော တွက်ချက်မှုတစ်ခုဟု ကုလအကြီးအကဲ သတိပေး

နယူးယောက် ၊ သြဂုတ် (၃) ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ကမ္ဘာကြီးဟာ စစ်အေးတိုက်ပွဲမြင့်တက်လာပြီးကတည်းက မတွေ့မမြင်ရတဲ့ နျူကလီးယား အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး နျူကလီးယား ပပျောက်ခြင်းဟာ လွဲမှားတဲ့ တွက်ချက်မှုတစ်ခုပဲဖြစ်တယ်လို့ တနင်္လာနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။ “ကျွန်တော်တို့ အခုအချိန်အထိ ထူးထူးခြားခြား ကံကောင်းနေပါတယ်၊ ဒါပေမယ့် ကံကောင်းခြင်းက ဗျူဟာမဟုတ်သလို ပထဝီဝင်နိုင်ငံရေး တင်းမာမှုတွေကနေ…