Thanlwintimes

ရွှေဈေးကျဖို့ စစ်ကောင်စီ ကြိုးပမ်းနေပမယ့် ဈေးနှုန်း ထင်သလောက် မကျ

မော်လမြိုင်၊ စက်တင်ဘာ ၆ စစ်ကောင်စီ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ရွှေဈေးနှုန်း ကျဆင်းစေဖို့အတွက် ရွှေဒင်္ဂါးတွေကို ရောင်းချပေးနေတယ်လို့ ထုတ်ပြန်ထားပေမယ့် ပြည်တွင်း ဈေးကွက်မှာ ရွှေဈေးနှုန်း ထင်သလောက် မကျသေးဘူးလို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်း ရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးအပတ်က ဒေါ်လာဈေးနှုန်း အဆမတန် မြင့်တက်ခဲ့တဲ့ အတွက် မီးလင်း…

ပေါင်မြို့မရဲစခန်း တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ် ၅ ဦး ဖမ်းဆီးခံရ

ပေါင်၊ စက်တင်ဘာ ၆ မွန်ပြည်နယ်၊ ပေါင်မြို့ရှိ စစ်ကောင်စီ မြို့မရဲစခန်းကို (၄၀)မမ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက လူငယ် ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းက ပေါင်မြို့ ဆုတောင်ပြည့်ဘုရားကုန်းတောင်းပေါ်ကနေ အမည်မသိအဖွဲ့ တစ်ခုက မြို့မရဲစခန်းကို (၄၀) မမတာဝေးပစ်ဗုံးအမျိုးအစားနဲ့…

ရခိုင်ပြည်နယ်ထဲက တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၁၆၀၀၀ ကျော် ထပ်တိုးလာ

စစ်တွေ၊ စက်တင်ဘာ ၆ ရခိုင်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၁၆၀၀၀ ကျော် ထပ်တိုးလာပြီး သူတို့အတွက် လူသားချင်စာနားထောက်ထားမှု ဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ကစပြီး ရခိုင်ပြည်နယ် ရသေ့တောင်၊မြောက်ဦးနဲ့မောင်တောမြို့နယ် အပါအဝင်…

စစ်အာဏာသိမ်း ရက် (၅၈၂) အတွင်း သတ်ဖြတ်ခံရသူ ၂၂၆၅ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၆ AAPP ၏ စက်တင်ဘာလ (၅) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၈၂)အတွင်း ပြည်သူ (၂၂၆၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၃၅၃ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၉) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

တနင်္သာရီ လယ်သစ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ထားဝယ်၊ စက်တင်ဘာ ၆ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီနဲ့ပျူးစောထီအဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီလောက်မှာ လယ်သစ်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၊ ပျူးစောထီပူးပေါင်းတပ်ဖွဲ့နဲ့ တနင်္သာရီပြောက်ကျားတပ်ဖွဲ့အပါအဝင် မြိတ်ခရိုင်…

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ဆက်လက် မြင့်တက်နေ

မြဝတီ၊ စက်တင်ဘာ ၆မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရှားပါးလာတာကြောင့် ထိုင်း-မြန်မာ နယ်စပ်တွေကနေတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ဆက်လက် မြင့်တက်နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းနိုင်ငံထဲကို နယ်စပ်ဒေသတွေကနေတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေဟာ နေ့စဉ်ဆိုသလိုရှိနေပြီး တချို့ကတော့ လွတ်မြောက်ခဲ့တာတွေရှိသလို တချို့ကတော့ ထိုင်းအာဏာပိုင်တွေရဲ့…