အိမ်ရှင်ကာတာအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာသွားရပြီ

0
8537

မော်လမြိုင်၊ နိုဝင်ဘာ၊ (၂၆)

အိမ်ရှင်ကာတာအသင်းဟာ မနေ့ညပိုင်းက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု(A) ပွဲစဉ်မှာ နယ်သာလန်အသင်းနဲ့ အီကွေဒေါအသင်းတို့ သရေကျပြီးနောက် ကမ္ဘာ့ဖလားပြိုင်ကနေ ထွက်ခွာခဲ့ရတာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ကာတာအသင်းဟာ အီကွေဒေါအသင်းကို ၂ ဂိုး ဂိုးမရှိ၊ ဆီနီဂေါအသင်းကို ၃ ဂိုး ၁ ဂိုး ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲကနေ ပထမဆုံး ထွက်ခွာခဲ့ရတဲ့ အသင်း တစ်သင်း ဖြစ်လာခဲ့တာပါ။

အိမ်ရှင်ကာတာအသင်းဟာ အုပ်စုပွဲစဉ် ၂ ပွဲမှာ ၂ ပွဲစလုံးရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားသမိုင်းတလျှောက် အုပ်စုအဆင့်မှာပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ဒုတိယမြောက် အိမ်ရှင်အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ကမ္ဘာ့ဖလားအိမ်ရှင်တွေထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်တဲ့ တောင်အာဖရိကအသင်းဟာလည်း အုပ်စုအဆင့်မှာပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အိမ်ရှင်ကာတာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့မှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ကမ္ဘာ့ဖလား အုပ်စု(A) ရဲ့ ပွဲစဉ် ၂ ပွဲအပြီးမှာ နယ်သာလန်၊ အီကွေဒေါအသင်းတို့ဟာ ရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့ အလားအလာကောင်းနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.