Thanlwintimes

တရားလွှတ်တော် ရှေ့နေ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

နိုင်ငံတဝှမ်းမှာ အာဏာသိမ်း စစ်ကောင်စီဘက်က အကြမ်းဖက်ပုဒ်မအမျိုးမျိုးတပ်ပြီး နေအိမ်တွေကို ချိပ်ပိတ် သိမ်းဆည်းတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ အဲဒီလို ချိပ်ပိတ်သိမ်းဆည်းရာမှာ နေအိမ်ရှိ တန်ဖိုး ပစ္စည်း တစ်ခုမကျန် သိမ်းယူမှုတွေကိုပါ လုပ်ဆောင်လာပါတယ်။ ဒါကြောင့် နေအိမ်ချိပ်ပိတ်ခံရပြီးနောက် တန်ဖိုးရှိ ပစ္စည်းတစ်ခုမကျန် သိမ်းဆည်းခံရတာဟာ ဥပဒေနဲ့ ညီညွတ်မှုရှိပါသလား။ သိမ်းဆည်းခံရတဲ့ တန်ဖိုးရှိ ပစ္စည်းတွေဟာ ရုံးတော်သို့ ရောက်မလာဘဲ ပျောက်ဆုံးနေမှုတွေဟာ ဘယ်သူတွေအပေါ်မှာ…

တရားရေးဝန်ထမ်းတွေ နိုင်ငံရေးဆိုင်ရာ ထင်မြင်ယူဆချက်တွေ မရေးဖို့ ကန့်သတ်တားမြစ်ခံရ

မော်လမြိုင်၊ အောက်တိုဘာ (၂၇) စစ်ကောင်စီ လက်အောက်ခံ တရားရေးဝန်ထမ်းတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ထင်မြင်ယူဆချက်တွေကို လူမှုကွန်ယက် စာမျက်နှာတွေအပေါ်မှာ ရေးသားတွေ မလုပ်ဖို့ စစ်ကောင်စီ ပြည်ထောင်စုတရားသူ ကြီးချုပ်ရုံးက ညွှန်ကြားလာတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ ပြည်ထောင်စုတရားသူကြီးချုပ်ရုံးက တရားရေးဝန်ထမ်းတွေအနေနဲ့ လူမှုကွန်ယက်စာမျက် နှာတွေမှာ နိုင်ငံရေးဆိုင်ရာ ထင်မြင်ယူဆချက်တွေ မရေးဖို့၊ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ရေးသားမှုတွေ…

စစ်အာဏာသိမ်း (၆၃၃) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၉၄ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၂၇) AAPP ရဲ့ အောက်တိုဘာလ (၂၆) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၃၃)ရက်အတွင်း ပြည်သူ (၂၃၉၄)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၉၆၈ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၇၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

အနန့်ပါ လေကြောင်းတိုက်ခိုက်မှုအပေါ် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ EAOs တွေ နှုတ်ဆိတ်နေ

ဖားကန့်၊ အောက်တိုဘာ (၂၇) ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ရှိ အနန့်ပါဒေသမှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အ ရပ်သားပြည်သူတွေ ဒါဇင်ချီ သေဆုံးဒဏ်ရာရတဲ့ ဖြစ်စဉ်အပေါ် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေ နှုတ်ဆိတ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)…

ဝန်ထမ်းတွေကို လက်နက်ထုတ်ပေးပြီး ကိုယ့်ရုံးကိုယ် လုံခြုံရေးယူဖို့ မွန်ပြည်နယ် စစ်ကောင်စီ ကြံစည်

မော်လမြိုင်၊ အောက်တိုဘာ (၂၇) တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေနဲ့ မကြာခဏ တိုက်ခိုက်ခံနေရတဲ့ ဒေသတွေက ဌာနဆိုင်ရာဝန်ထမ်းတွေကို လက်နက် အကန့်အသတ်နဲ့ ထုတ်ပေးပြီး ကိုယ့်ရုံးကိုယ် လုံခြုံရေးယူပေးဖို့ မွန်ပြည်နယ် စစ်ကောင်စီက ကြိုးပမ်းနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ သီးတင်းပတ်တစ်ခုထဲမှာ စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့က အရေးပေါ် လျှို့ဝှက် အစည်းအဝေးတစ်ခု ခေါ်ယူကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ ဝန်ထမ်းတွေကို လက်နက်ထုတ်ပေးပြီး…

မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်မှာ ခွင့်ပြုချက် မရှိဘဲ သွားလာတာတွေ မလုပ်ဖို့ KTLA သတိပေး

မြဝတီ၊ အောက်တိုဘာ (၂၇) ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွေကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ်မှာ ခရီးသွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာကြဖို့ ကော်သူးလေစစ်ဦးစီးချုပ် စောနယ်ဒါးမြက အောက်တိုဘာ ၂၆ ရက်နေ့မှာ လက်မှတ်ရေးထိုးပြီး သတိပေးကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ ကရင်ပြည်(ကော်သူးလေ)နယ်နိမိတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကော်သူးလေတပ်မတော်သားတို့အကြား စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်နေပြီး တိုက်ပွဲအရှိန်အဟုန်မြင့်တက်လာမှာဖြစ်တဲ့အတွက် အာရှလမ်း အသုံးပြုသွားလာခြင်းကို တိုက်ပွဲဖြစ်ပေါ်နေစဉ်ကာလအတွင်း သတိထား သွားလာအသုံးပြုဖို့ အသိပေးတယ်လို့ ကြေငြာချက်မှာ ဖော်ပြပါရှိပါတယ်။…

သံဖြူဇရပ်နဲ့ သိမ်ဇရပ်မှာ စစ်ကောင်စီယာဉ်တန်းတွေ တိုက်ခိုက်ခံရ

သံဖြူဇရပ်၊ အောက်တိုဘာ (၂၇) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နဲ့သိမ်ဇရပ်မြို့အနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်းတွေ ၂ ကြိမ် တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၁၀ နာရီလောက်က သံဖြူဇရပ်ဘက်နေ ရေးဘက်ကို ဆင်းလာတဲ့ ၁၉ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဝဲခမိကျေးရွာနဲ့…

နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုကြောင့် စစ်ပြေးဒုက္ခသည် ၁ ဒဿမ ၆ သန်းကျော် ရှိလာ

ရန်ကုန်၊ အောက်တိုဘာ (၂၇) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် အောက်တို ဘာ ၁၉ ရက်နေ့အထိ လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည် တွင်း စစ်ပြေးဒုက္ခသည် ၁ ဒဿမ ၆ သန်းကျော် ရှိလာပြီလို့ ISP-Myanmar က အောက်တိုဘာ ၂၅…

အနန့်ပါ ကို ဗုံးကြဲမှု ဆင်သေကို ဆိတ်သားရေနဲ့ စစ်ကောင်စီနောက်လိုက်တွေ လိုက်ဖုံးနေ

အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “KIA ရဲ့ State Show ပွဲနေရာက အရပ်ဘက်ပစ်မှတ်နေရာ မဟုတ်ပါဘူး KIA တပ်မဟာ ၉…

သထုံမှာ နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရလို့ သေဆုံး

သထုံ၊ အောက်တိုဘာ (၂၆) သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ ဈေးမသွယ်ကျေးရွာမှာ အောက်တိုလ ၂၅ ရက်နေ့ ညပိုင်းက နယ်ထိန်း ရဲတစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သုဓမ္မဝတီနယ်မြေရဲစခန်းမှ ရဲတပ်ကြပ် အောင်ဝင်းထွန်းဟာ ဈေးမသွယ်ကျေးရွာ ဘီယာဆိုင်မှာ ထိုင်နေစဉ် သေနတ်သမားတွေက ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်ခတ်ခဲ့တာပါ။ သေနတ်နဲ့ပစ်ခတ်ခံရလို့ ရဲတပ်ကြပ် အောင်ဝင်းထွန်းရဲ့ ဦးခေါင်း၊ ရင်ဘတ်တို့မှာ…