Thanlwintimes

မွန်ပြည်နယ်မှာ ဆားရာသီပြန်စတဲ့ ၂ လနီးပါးကြာတဲ့အထိ ဆားမထုတ်နိုင်သေး

မော်လမြိုင်၊ ဒီဇင်ဘာ(၂၅) မွန်ပြည်နယ်အတွင်းက နေလှန်ဆားလုပ်ငန်းတွေဟာ အချိန်အခါမဟုတ် မိုးရွာသွန်းနေတာကြောင့် ဆားရာသီပြန်စတဲ့ ၂ လနီးပါးကြာတဲ့အထိ ဆားမထုတ်နိုင်သေးတဲ့အတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်အတွင်းမှာတော့ နေလှန်ဆားလုပ်ငန်းကို နှစ်စဉ်အောက်တိုဘာလကနေ မေလအလယ်အထိ လုပ်ကိုင်ကြတာဖြစ်ပေမယ့် ဒီနှစ်ဆားရာသီမှာတော့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဆက်ရှိနေတာကြောင့် ဒီဇင်ဘာလကုန်ပိုင်းအထိ ဆားမထုတ်နိုင်သေးပါဘူး။ ဆားကွင်းအဖျက်မိုးတွေ ကြုံနေရတဲ့ ဆားတောင်သူတွေဟာ စက်သုံးဆီအပါအဝင်…

သေဒဏ်ချမှတ်ခံရတဲ့ ဆန္ဒပြသူနှစ်ဦးရဲ့ အယူခံဝင်မှုကို အီရန်တရားရုံးချုပ်လက်ခံ

တီဟီရန်၊ ဒီဇင်ဘာ(၂၅) သေဒဏ်ချမှတ်ခံရတဲ့ ဆန္ဒပြသူနှစ်ဦးရဲ့ အယူခံဝင်မှုကို အီရန်တရားရုံးချုပ်လက်ခံ နိုင်ငံတော်တရားရေးဌာနက ပြောကြားလိုက်ပါတယ်။ တရားရုံးချုပ်အနေနဲ့ အမှုတွေကို စုံစမ်းစစ်ဆေးရာမှာ ချို့ယွင်းချက်တွေရှိနေခဲ့တောကြောင့် အခုလို လက်ခံ ပေးခဲ့တာပါ။ အယူခံဝင်ခဲ့သူနှစ်ဦးဟာ မိုဟာမက် ဂူဘာဒီလိုနဲ့ ဆာမန်ဆိုင်ဒီရာဆင်တို့ဖြစ်ကြပြီး သူတို့ဟာ မကြာသေးခင် ကဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ တရားရုံးချုပ်ဟာ သူတို့အမှုတွေကို စစ်ဆေးရာမှာ အမှုကွင်းဆက်ဆိုင်ရာ ဆက်စပ်မှုတွေမှာ…

စစ်ခေါင်းဆောင် ပရရွတ် လာမယ်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူး တည်မြဲအောင်ကြိုးပမ်း မယ်

ဘန်ကောက် – ဒီဇင်ဘာ(၂၅) ထိုင်းဘုရင့်နိုင်ငံမှာ လာမယ်နှစ် မေလ မတိုင်ခင် ကျင်းပသွားမယ့် အထွေထွေရွေးကောက်ပွဲက တဆင့် ထိုင်းဝန်ကြီးချုပ် ပရရွတ်ချန်အိုချာအနေနဲ့ နောက်သက်တမ်း အာဏာရရှိနိုင်ဖို့ နည်းလမ်း ရှာဖွေနေတယ်လို့ ဒေသတွင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူးရယူခဲ့တဲ့ ပရရွတ်ဟာ ၂၀၁၄ ခုနှစ်က စတင်အာဏာသိမ်းထားခဲ့တာပါ။ အသစ်ဖွဲ့စည်းတည်ထောင်ထားတဲ့ ညီညွတ်သော ထိုင်းအမျိုးသားပါတီ…

အမေရိကန်ရဲ့ ကာကွယ်ရေး အက်ဥပဒေသစ်ကို တရုတ်ဒေါသတကြီး တုံ့ပြန်

ပေကျင်း – ဒီဇင်ဘာ(၂၅) အမေရိကန်ကာကွယ်ရေး လုပ်ပိုင်ခွင့် ဥပဒေသစ်မှာ ထိုင်ဝမ်ကျွန်းအတွက် စစ်ရေးအကူအညီ တိုးမြှင့်ပေးမယ့် အချက်နဲ့ လုံခြုံရေးတိုးမြှင့်ပေးမယ်ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံက ဒေါသတကြီးဝေဖန်လိုက်ပါတယ်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူတို့ရဲ့ ပိုင်နက်နယ်မြေအဖြစ် အခိုင် အမာပြောဆိုထားကာ အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေနဲ့ ပတ်သက် ပြီး…

ရေးမြောက်ပိုင်းက စစ်ကောင်စီကင်းစခန်းတစ်ခုကို ဒေသ PDF ပူးပေါင်းအဖွဲ့ ဝင်တိုက်

ရေး၊ ဒီဇင်ဘာ (၂၅) မွန်ပြည်နယ်၊ ရေးမြောက်ပိုင်း၊ ကြိုးတံတားကျေးရွာရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၆ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြောက်ပိုင်း) တာဝန်ခံဗိုလ်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၅ ဦး ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီကင်းစခန်းကို ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြောက်ပိုင်း) YPDF နဲ့ ရေးပြောက်ကျားအဖွဲ့ YGF…

ကော့ကရိတ်တိုက်ပွဲ စစ်ရှောင်တွေ အရေးပေါ်အကူအညီလိုအပ်နေ

ကော့ကရိတ်၊ ဒီဇင်ဘာ(၂၄) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ ကော့ကရိတ်ဒေသခံတွေထံကနေ သိရပါတယ်။ ကော့ကရိတ်မြို့နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမအနီး ကော့နွဲ့ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက်ပြုလုပ်နေတာ…

သရက်ချောင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးထားလို့ ဒေသခံတွေလုပ်ငန်းခွင်ဝင်ဖို့ အခက်ကြုံနေရ

သရက်ချောင်း၊ ဒီဇင်ဘာ(၂၄) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲက ပဲဒက်၊ တောင်ပျောက်၊ ဥတ္တူကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး စစ်ရေးဝင်ရောက်လှုပ်ရှားနေတာကြောင့် လုပ်ငန်းခွင်ဝင်ဖို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ တတိယအပတ်ကစပြီး လက်ရှိအချိန်ထိ သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုပြီး စစ်ရေးဝင်ရောက် လှုပ်ရှားနေတာပါ။ စစ်ကြောင်းထိုးလားထာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့…

စစ်အာဏာသိမ်း (၆၉၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၄၁ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၂၄) AAPP ရဲ့ ဒီဇင်ဘာ (၂၃) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၉၁)ရက်အတွင်း ပြည်သူ (၂၆၄၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၉၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၅၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ထိုင်းဦးဆောင်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ရလဒ်မထွက်

ရန်ကုန်၊ ဒီဇင်ဘာ(၂၄) စစ်ကောင်စီကို ဖိတ်ခေါ်ပြီး ထိုင်းအစိုးရက ဦးဆောင်ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေး နွေးပွဲဟာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေအတွက် ပြေလည်စေမယ့် ရလဒ်ထွက်မှာမဟုတ်ဘူးလို့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံက ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ခေါ်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့က ထိုင်းနိုင်ငံမှာ…