Thanlwintimes

ခရစ်စမတ်နေ့မှာ ရုရှားက ယူကရိန်းမြို့တွေပေါ်ကို ဒုံးကျည်မိုးရွာခဲ့

မော်စကို – ဒီဇင်ဘာ(၂၇) ယူကရိန်းမြို့တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၅) ရက်နေ့ ခရစ်စမတ်နေ့မှာ ရုရှားတပ်ဖွဲ့တွေက ဒုံးကျည် တွေပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး သမ္မတပူတင်ရဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို လမ်းဖွင့်ထားတယ်ဆိုတဲ့ ပြောဆိုချက်ကို အမေရိကန်က ဝေဖန်လိုက်ပါတယ်။ ရုရှားဟာ ခါကိဗ် ဒေသတစ်ခုလုံးကို ဒုံးကျည်(၁၀) စင်းထက်မနည်း ပစ်ခတ်ခဲ့ပြီး ရှေ့တန်း တစ်လျှောက် မြို့ပေါင်း(၂၅) မြို့ကျော်ကို ပစ်ခတ်ခဲ့ကာ ဇာပိုရီဇီဇီယာက မြို့ပေါင်း…

“ဓာတ်ပုံတွေအရတော့ စားသောက်ဆိုင်တခုမှာ ခေါ်တွေ့တဲ့အဆင့်လောက်ပဲ ရှိပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေးမြန်းချက်။ ထိုင်းအစိုးရဟာ စစ်ကောင်စီကို ဖိတ်ခေါ်ပြီး မြန်မာ့အရေးအလွတ်သဘော ဆွေးနွေးပွဲအဖြစ် ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၂ ရက်နေ့က ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်တဲ့တွေထဲက လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့က ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အာဆီယံရဲ့ အရေးကြီးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့…

မြိုင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် လေးဦးသေဆုံး

မြိုင် – ဒီဇင်ဘာ(၂၆) မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် လေးဦးသေဆုံးပြီး (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လက်ျာ က သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၄) ရက်နေ့က ဖောင်းကွဲကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်သာတွေကို အီနာဂါ အသုံးပြုထားတဲ့ ဒရုန်းတွေနဲ့…

ကော်ဘရာစစ်ကြောင်း သင်တန်းဆင်းပွဲ NUG ဝန်ကြီးချုပ် တက်ရောက် ၊ လက်နက် ၅၀ ပေးအပ်

ကော်သူးလေ – ဒီဇင်ဘာ(၂၆) ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၆) နယ်မြေအတွင်းက ကော်ဘရာစစ်ကြောင်း စစ်သင် တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး တောင်ပိုင်းစစ်ဒေသကို ပေးအပ်မယ့် လက်နက်တွေထဲက အလက်(၅၀) ပေးအပ်ခဲ့ ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၅) ရက်နေ့က ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့တာ ပါ။ အစိုးရရဲ့ တစ်နှစ်စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသားမဟာမိတ် တွေနဲ့ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင်…

မြန်မာဘက်ကို ပို့မဲ့လက်နက်တွေထိုင်းမှာ မိတယ်လို့ စစ်ကောင်စီ ဘက်သားတွေ ပုံမှားရိုက်(အမှန်/အမှား)

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ထိုင်းဘက်ကနေ မြန်မာဘက်ကို ပို့မဲ့လက်နက်တွေ ဘတ်သန်း(၅၀)ဖိုး ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးရမိ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

တနင်္သာရီတိုင်းမှာ အရပ်သားထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်လာ

တနင်္သာရီ၊ ဒီဇင်ဘာ (၂၅) တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ် ဒီဇင်ဘာလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်လာပြီး တစ်ပတ်အတွင်း အရပ်သား ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ တစ်ပတ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ လောင်းလုံး၊ ပုလော၊ထားဝယ်နဲ့တနင်္သာရီမြို့နယ်တို့မှာ အရပ်သား ၉…

ကော့ကရိတ်မှာ စစ်ကောင်စီတပ် ကြည်းကြောင်း၊လေကြောင်းနဲ့ အပြင်းအထန်ထိုးစစ်ဆင်နေ

ကော့ကရိတ်၊ ဒီဇင်ဘာ(၂၄) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ပြီး ကြည်းကြောင်း၊လေကြောင်းနဲ့အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေပိုမိုပြင်းထန်လာတယ်လို့ တော်လှန် ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်မြို့နယ် KNU တပ်မဟာ(၆)နယ်မြေထဲမှာ ပြီးခဲ့တဲ့အပတ်ကစပြီး KNLA PDF တော်လှန် ရေးပူး ပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေဟာ ဒီဇင်ဘာလ(၂၄)အထိ ဆက်တိုက်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ လေယာဉ်တစ်စီးဟာ…

ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးဖို့ စစ်ကောင်စီဖိတ်ကြားမှု အပစ်ရပ် ၇ ဖွဲ့ ငြင်းပယ်

ရန်ကုန်၊ ဒီဇင်ဘာ(၂၅) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် စစ်ကောင်စီရဲ့ဖိတ်ကြားမှုကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း (EAOs) အပစ်ရပ် ၇ ဖွဲ့က တွေ့ဆုံဖို့အဆင်မပြေသေးဘူးလို့ အကြောင်းပြန်ထားကြောင်း အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က EAOs အပစ်ရပ် ၇ ဖွဲ့ကို တစ်ဖွဲ့ချင်းစီလိပ်မူပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ EAOs…

မွန်အမျိုးသားပညာရေး နှစ် (၅၀) ပြည့်ရွှေရတုအခမ်းအနား ညီစားစခန်းမှာကျင်းပမယ်

မော်လမြိုင်၊ ဒီဇင်ဘာ(၂၅) မွန်အမျိုးသားပညာရေး နှစ် (၅၀) ပြည့် ရွှေရတုအခမ်းအနားကို လာမယ့်ဒီဇင်ဘာ ၂၆ ရက်နေ့ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားရှိ မွန်အမျိုးသားပညာရေးဗဟိုဌာန ညီစားစခန်းမှာ ကျင်းပသွားမယ်လို့ မွန်ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ ရွှေရတုအခမ်းအနားမှာတော့ မွန်အမျိုးသားပညာရေးမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ကျောင်းဆရာ၊ဆရာမတွေအပါအဝင် ပညာရေးဌာနအတွင်း လုပ်သက် ၂၅ နှစ် တာဝန်ထမ်းဆောင်ခဲ့ကြသူတွေကို ဂုဏ်ပြုသွားမယ်လို့ အခမ်းအနားကျင်းပရေး ကော်မတီကနေ ထုတ်ပြန်ထားပါတယ်။…