Thanlwintimes

မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၃၃ ပါတီအထိ ရှိလာ

နေပြည်တော်၊ မတ်(၂၃) စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ထံ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၃၃ ပါတီအထိ ရှိလာတယ် လို့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။ အဲဒီနိုင်ငံရေးပါတီ ၃၃ ပါတီမှာ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမယ့်ပါတီ ၈ ပါတီရှိပြီး ကျန်တဲ့ ၂၅ ပါတီ ကတော့ တိုင်းဒေသကြီး ဒါမှမဟုတ်…

ပုလောတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး

ပုလော၊ မတ်(၂၃) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာနဲ့ပဝတ်ဖျား ကျေးရွာကြားမှာ မနေ့က တစ်ရက်တည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၃ ဦး သေဆုံးတယ်လို့ တောကြီး မြွေဟောက်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မတ် ၂၁ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်…

စစ်အာဏာသိမ်း (၇၈၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၅၄ ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၂၃) AAPP ရဲ့ မတ်(၂၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၈၀)ရက်အတွင်း ပြည်သူ (၃၁၅၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၇၉၃ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ပါတီမှတ်ပုံမတင်ဖို့ NLD ဗဟိုကော်မတီဆုံးဖြတ်

ရန်ကုန် ၊ မတ် (၂၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ထံ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ချက်ကို ဗဟိုကော်မတီအစည်းအဝေးကနေ ထပ်မံအတည်ပြုခဲ့တယ်လို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ်၊ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ NLD ပါတီရဲ့ ဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးကို မတ် ၂၁ ရက်နေ့က ဗီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်ခဲ့ ပြီး…

မွန်ပြည်နယ်မှာ စက်သုံးဆီဆိုင်တချို့ စက်သုံးဆီပြတ်လပ်နေ

မော်လမြိုင် ၊ မတ် (၂၃) သယ်ယူပို့ဆောင်ရေး လမ်းခရီးကြန့်ကြာတာအပြင် စက်သုံးဆီ ရောင်းချပေးမှု ထပ်မံလျှော့ချလာတာကြောင့် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တချို့မှာ ဆီပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီ သယ်ယူပို့ဆောင်တဲ့နေရာမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ကားတန်းရာနဲ့ချီပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကြောင့် အရင် တစ်ရက်တာ ခရီးကို (၃)ရက်ကြာ သွားလာနေရတဲ့အတွက် လမ်းခရီးကြန့်ကြာမှုတွေ…

KNU နယ်မြေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရ

ညောင်လေးပင်၊ မတ်(၂၃) နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက မတ် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၀)ရက်နေ့ ညနေပိုင်းက KNU ရွှေကျင်မြို့နယ်အုပ်ချုပ်နယ်မြေအတွင်းရှိ တကက်ပူကျေးရွာထဲ ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်(၂)စီးနဲ့ (၅)ကြိမ်…

လောင်းလုံးမှာ နေအိမ် ၁၅၀ နီးပါး မီးရှို့ဖျက်ဆီးခံရပြီး လူငယ် ၁ ဦး ပစ်သတ်ခံရ

လောင်းလုံး၊ မတ်(၂၃) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာနဲ့ အောက်ကျောက်ဝပ်ကျေးရွာထဲ စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၁၅၀ နီးပါး မီး လောင်ပျက်စီးခဲ့သလို လူငယ်တစ်ဦးကိုလည်း ပစ်သတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့က ညောင်ပြင်ကျေးရွာထဲကို ကုန်လမ်း၊ရေလမ်းတွေကနေ…

မင်္ဂလာဒုံမှာ Probox Taxi တစ်စီး လုယက်ခံရ

ရန်ကုန် – မတ်(၂၂) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်(၁) မြတ်လေးလမ်းမှာ Probox အဌားယာဉ်တစ်စီး လုယက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ မတ်လ(၂၂) ရက်နေ့ ည(၇) နာရီကျော်က လုယက်ခံလိုက်ရတာဖြစ်ပြီး ယာဉ်မောင်း ကို ရိုက်နှက်သွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ စစ်ကောင်စီလက်အောက်ခံ မင်္ဂလာဒုံမြို့မ ရဲစခန်းကို…

ထိုင်းလေကြောင်းလိုင်းသစ် Really Cool နှစ်ကုန်ပိုင်းမှာပြေးဆွဲမယ်

ဘန်ကောက်၊ မတ်(၂၃) Really Cool လို့အမည်ရတဲ့ ထိုင်းနိုင်ငံရဲ့ လေကြောင်းလိုင်းအသစ်ဟာ ပြေးဆွဲမယ့်ခရီးစဉ်တွေကို လာမယ့် ဇွန်လမှာ စတင်မိတ်ဆက်ကြေညာပေးမှာဖြစ်ပြီး အခုနှစ်ကုန်ပိုင်းမှာ လုပ်ငန်းလည်ပတ်မှုတွေ စတင်တော့ မယ်လို့ သိရပါတယ်။ အဲဒီလေကြောင်းလိုင်းဟာ နိုင်ငံတကာခရီးစဉ်တွေကို အဓိကဦးတည်သွားမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ လေကြောင်း ကဏ္ဍပြန်လည်ရှင်သန်ရေးကို ကူညီသွားမှာဖြစ်သလို လေကြောင်းလိုင်းမှာ တိုးမြှင့်ဆောင်ရွက်ထားတဲ့ လုံခြုံရေးတစ်ရပ်ကို ရရှိခံစားသွားရစေမယ်လို့လည်း CEO မစ္စတာ ဖါတီ…

ချေးငွေ (၁၅.၆) ဘီလျံ ရယူဖို့ ယူကရိန်းနဲ့ IMF သဘောတူ

ကီးယက် – မတ်(၂၃) ယူကရိန်းနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့က ယူကရိန်းရဲ့ ခိုင်မာတဲ့ စီးပွားရေးမူဝါဒတွေကို ကျင့်သုံးနေတဲ့ အစိုးရ ဘဏ္ဍာငွေတွေကို အသုံးချဖို့ ရည်ရွယ်ပြီး ဒေါ်လာ (၁၅.၆) ဘီလျံချေးငွေ အစီအစဉ်ကို သဘောတူခဲ့ကြပါတယ်။ ဒီအစီအစဉ်ဟာ ယူကရိန်းရဲ့ နိုင်ငံတကာမိတ်ဖက်တွေဆီက ဘဏ္ဍာငွေကောက်ခံဖို့ ကူညီပေးမှာ ဖြစ်ပြီး မက်ခရိုငွေကြေးဆိုင်ရာ တည်ငြိမ်မှုကိုထိန်းသိမ်းဖို့နဲ့ စစ်ပွဲမှာ ယူကရိန်းအောင်ပွဲခံပြီး နောက် စစ်ပြီးခေတ်ပြန်လည်တည်ဆောက်ရေး…