Thanlwintimes

စစ်ကောင်စီကို ထိရောက်ပြင်းထန်စွာအရေးယူမယ်လို့ NUG ထုတ်ပြန်

မော်လမြိုင် – ဧပြီ(၁၂) အပြစ်မဲ့အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေအပါအဝင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လုံးဝလက်ခံခွင့်လွှတ်မှာ မဟုတ်ဘဲ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁၁) ရက်နေ့ က စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားတွေအပါအဝင် ကလေးသူငယ်နဲ့ အမျိုးသမီးတွေ ထိခိုက်သေဆုံးခဲ့ရတာပါ။ ဒီတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်ထိ ကလေးသူငယ်…

“လက်နက်ကြီးနဲ့ရမ်းသမ်းပစ်တာ၊ လေယာဉ်ပစ်တာတော့ ဒေသခံတွေအတွက်က အကြီးမားဆုံး လုံခြုံရေးပိုင်းဆိုင်ရာ စိန်ခေါ် မှုတော့ရှိတာပေါ့။ နေရာဒေသတဝိုက်မှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတယ်။ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေ ရတော့ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်မှုက ပိုမိုများလာတယ်။”

KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်။ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်အနီးမှာ ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကစပြီး စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ တော် လှန်ရေး တပ်ပေါင်းစုတို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို အဲဒီတိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဒါကြောင့် ရွှေကုက္ကိုလ်မြို့သစ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေ၊ နေရပ်စွန့်ခွာထွက်ပြေး နေရတဲ့…

ဘီးလင်းအခြေစိုက် စစ်ကောင်စီ ခမရ (၃) တပ်ရင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

ဘီးလင်း၊ ဧပြီ(၁၂) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာအနီးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃) တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ စစ်ကောင်စီ ခမရ (၃) တပ်ရင်းကို ကရင်အမျိုးသားလွတ် မြောက်ရေး…

မြဝတီမြို့နယ် မဲကနယ်ဒေသဘက်မှာ တိုက်ပွဲပြင်းထန်နေ

မြဝတီ၊ ဧပြီ(၁၂) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ဒေသမှာ ဧပြီလ (၁၁) ရက်နေ့က စစ်ကောင်စီနယ်ခြားစောင့်တပ် BGFနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့အကြား တိုက် ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှု အများအပြား အသုံး ပြုတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ် လာရောက်…

စစ်အာဏာသိမ်း (၈၀၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၃၉ ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၁၂) AAPP ရဲ့ ဧပြီ(၁၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၈၀၀)ရက်အတွင်း ပြည်သူ (၃၂၃၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၃၃၄ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၆၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

မွန်ပြည်နယ်မှာ သင်္ကြန်အသုံးအဆောင်ပစ္စည်းရောင်းဝယ်မှု မရှိသလောက်ဖြစ်နေ

မော်လမြိုင်၊ ဧပြီ(၁၂) မွန်ပြည်နယ်မှာ စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပဖို့ ကြိုးပမ်းပြင်ဆင်နေပေမယ့် ဈေးကွက်အတွင်းမှာတော့ သင်္ကြန်အသုံးအဆောင်ပစ္စည်းရောင်းဝယ်မှု မရှိသလောက်ဖြစ်နေတယ်လို့ ကုန်ပစ္စည်းရောင်းချနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သင်္ကြန်အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ရေပြွတ်၊ ဖုန်းရေစိုခံအိတ်၊ မျက်မှန်၊ တူညီဝတ်စုံ၊ ဆပ်ပြာ စပရေးဘူးအပါအဝင် တခြားအသုံးအဆောင်ပစ္စည်းတွေဟာ စစ်တပ်အာဏာမသိမ်းခင်က သင်္ကြန်ကာလမှာ ဈေးကွက်အတွင်း ရောင်းလိုအား၊ ဝယ်လိုအားများပြီး ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်ပေါ်တာတွေ ရှိခဲ့တာပါ။ ဒါပေမဲ့…

အာဆီယံနိုင်ငံတွေထဲမှာ မြန်မာရဲ့စီးပွားရေးတိုးတက်မှုနှုန်း အနိမ့်ဆုံးဖြစ်လာနိုင်

ရန်ကုန် ၊ ဧပြီ (၁၂) ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂ ရာခိုင်နှုန်းသာရှိတဲ့အတွက် အခြားသော အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ယှဉ်ရင် အနိမ့်ဆုံးအနေအထားကို ရောက်ရှိလာနိုင်တယ်လို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က ခန့်မှန်းပါတယ်။ OECD က ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာမှာ…

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေပိုဖြစ်လာ

မော်လမြိုင်၊ ဧပြီ(၁၂) စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား အခုနှစ်ဇန်နဝါရီကနေ မတ်လအထိ ပထမသုံးလတာအတွင်း တိုက်ပွဲဖြစ်ပွားမှုပိုများလာပြီး အကြိမ်ရေ ၄၀၀ နီးပါး ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar က ဧပြီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ISP-Myanmar ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလ အခုနှစ် မတ်လကုန်အထိ နိုင်ငံအနှံ့ နှစ်ဖက်ထိတွေ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့ လက်နက်ကိုင်တိုက်ပွဲပေါင်း…

သရက်ချောင်းမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ဒေသခံ ၃၀၀၀ နီးပါးထွက်ပြေးနေရ

သရက်ချောင်း၊ ဧပြီ(၁၂) တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဒေသခံ ၃၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သင်ကျွန်းရွာလမ်းကနေ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကြောင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းဟာ…

စိတ်ပိုင်းဆိုင်ရာအဆိပ်သင့်စေလို့ Tik Tok ကို ဗီယက်နမ်အစိုးရက စုံစမ်းစစ်ဆေးမယ်

ဟနွိုင်း၊ ဧပြီ(၁၂) စိတ်ပိုင်းဆိုင်ရာ အဆိပ်သင့်စေတဲ့ အကြောင်းအရာတွေပါဝင်ပြီး နိုင်ငံရဲ့ လူငယ်၊ ယဉ်ကျေးမှုနဲ့ ထုံးတမ်းဓလေ့ တွေကို ခြိမ်းခြောက်မှုတွေဖြစ်ပေါ်စေတာကြောင့် နိုင်ငံအတွင်းရှိ Tik Tok လုပ်ငန်းလည်ပတ်မှုအားလုံးကို မေလကနေ စတင်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ဗီယက်နမ်နိုင်ငံရဲ့ သတင်းအချက်အလက်ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ တရုတ်ပိုင် အက်ပလီကေးရှင်း တစ်ခုဖြစ်တဲ့ Tik Tok မှာပါဝင်တဲ့ အကြောင်းအရာတွေဟာ အခြားသော ဆိုရှယ်မီဒီယာတွေထက်…