စိတ်ပိုင်းဆိုင်ရာအဆိပ်သင့်စေလို့ Tik Tok ကို ဗီယက်နမ်အစိုးရက စုံစမ်းစစ်ဆေးမယ်

0
2559

ဟနွိုင်း၊ ဧပြီ(၁၂)

စိတ်ပိုင်းဆိုင်ရာ အဆိပ်သင့်စေတဲ့ အကြောင်းအရာတွေပါဝင်ပြီး နိုင်ငံရဲ့ လူငယ်၊ ယဉ်ကျေးမှုနဲ့ ထုံးတမ်းဓလေ့ တွေကို ခြိမ်းခြောက်မှုတွေဖြစ်ပေါ်စေတာကြောင့် နိုင်ငံအတွင်းရှိ Tik Tok လုပ်ငန်းလည်ပတ်မှုအားလုံးကို မေလကနေ စတင်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ဗီယက်နမ်နိုင်ငံရဲ့ သတင်းအချက်အလက်ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

တရုတ်ပိုင် အက်ပလီကေးရှင်း တစ်ခုဖြစ်တဲ့ Tik Tok မှာပါဝင်တဲ့ အကြောင်းအရာတွေဟာ အခြားသော ဆိုရှယ်မီဒီယာတွေထက် ပိုပြီးထိန်းချုပ်ရ ခက်ခဲတယ်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကိုယ်စားလှယ် လေကွန်ဒူ ဇိုကပြောပါတယ်။

ဒါ့အပြင် အဲဒီကိုယ်စားလှယ်က “ကျွန်တော်တို့ အနေနဲ့ Content တွေကို ထိန်းချုပ်ဖို့ဆိုရင် ဖယ်ရှားရုံပဲ မဟုတ် တဲ့ ပိုမိုပြင်းထန်တဲ့ အတိုင်းအတာတွေ လိုအပ်လာပါပြီ” လို့ ဆက်လက်ပြောကြားခဲ့တာပါ။

သုတေသန ကုမ္ပဏီဖြစ်တဲ့ DataReportal ရဲ့အချက်အလက်တွေအရ ByteDance ဘိုင်ဒန့်စ် ပိုင် Tik Tok ကို ဗီယက်နမ်နိုင်ငံတွင်း သုံးစွဲသူဦးရေ ၅၀ မီလီယမ်နီးပါးအထိရှိနေတယ်လို့ သိရပါတယ်။

Tik Tok ကုမ္ပဏီရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်ရဲ့ စတုတ္ထသုံးလပတ်တွင် ဗီဒီယို ၁.၇ မီလီယမ်ကျော် ကို ဖယ်ရှားနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ Tik Tok ကို ဖျက်သိမ်းနိုင်မှာလားဆိုတဲ့ မေးခွန်းကို ကိုယ်စား လှယ် မစ္စတာဒိုက ဒေသတွင်း စည်းမျဉ်းဥပဒေနဲ့ မလိုက်နာတဲ့ ဘယ်သူ့ကိုမဆိုကြိုဆိုလက်ခံမှာ မဟုတ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။

ဗီယက်နမ်သတင်းအချက်အလက်ဝန်ကြီးဌာနကတော့ Tik Tok ဟာ နိုင်ငံအတွင်းရှိတဲ့ ရုံးတွေနဲ့သာ လည် ပတ်ဆောင်ရွက်တဲ့ တစ်ခုတည်းသော ပလက်ဖောင်းဖြစ်တာကြောင့် စစ်ဆေးခံရမယ့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်တယ်လို့  ပြောဆိုထားတာပါ။
Ref: REUTERS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.