တောင်ဒဂုံမြို့က ကျူးကျော် တွေကို တစ်လအတွင်း ဖယ်ရှားဖို့ စစ်ကောင်စီ ဖိအားပေးနေ
ရန်ကုန် – ဇွန်(၂၄) ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၅၆) ရပ်ကွက်နဲ့ (၇၀) ရပ်ကွက် ကြားမှာရှိတဲ့ ကျူးကျော်နေအိမ် (၁၀၀) ကျော်ဟာ စည်ပင်သာယာပိုင်မြေပေါ်မှာ ရှိနေတဲ့အတွက်ဆိုပြီး တစ်လအတွင်း ဖယ်ရှားပေးဖို့ စစ်ကောင်စီ အသိပေးလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။ စစ်ကောင်စီဖယ်ရှားခိုင်းနေတဲ့ နေအိမ်တွေဟာ NLD အစိုးရလက်ထက်က ကျူးကျော်သက်သေ ခံကဒ် ထုတ်ပေးထားသူတွေဖြစ်တယ်လို့ သိရပါတယ်။…
