ယူကရိန်း ဆွေးနွေးပွဲမှာ အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှုတွေ ရှိတယ်လို့ အမေရိကန် ပြော
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၈ ဂျီနီဗာမှာ ဒုတိယမြောက်နေ့ ဆွေးနွေးဖို့ ရုရှားနဲ့ ယူကရိန်းတို့ ကြိုတင်ပြင်ဆင်နေချိန် စစ်ပွဲ အဆုံးသတ်ရေး နှစ်ဖက်ကြား ဆွေးနွေးမှုတွေ၊ အဓိပ္ပါယ်ပြည့်ဝတဲ့ အခြေအနေတိုးတက်မှုတွေရှိကြောင်း အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်က ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်က ပထမဆုံး ဆွေးနွေးခဲ့ပြီးနောက် အခြေအနေ တိုးတက်မှုတွေ ရှိပေမယ့် သဘောတူညီမှုရရှိရေး မျှော်လင့်ချက်…
