အမျိုးသားနိုင်ငံရေးပန်းတိုင်အတွက် ဆက်လက်ကြိုးပမ်းမယ်လို့ TNLA ပြော
မော်လမြိုင် ၊ ဇန်နဝါရီ ၁၄ တအာင်းအမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို ပြည်သူလူထုနဲ့အတူ ရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA က သဘောထားထုတ်ပြန်ပါတယ်။ နိုင်ငံရေးပန်းတိုင်တွေထဲမှာ တအာင်းတမျိုးသားလုံး အဖိနှိပ်ဘဝကနေ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ တအာင်းပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့…
