မွန်က နေလှန်းဆားကို ခေတ်မီ နည်းပညာနဲ့ ထုတ်လုပ်ဖို့ စစ်အစိုးရခန့် ဝန်ကြီးချုပ်ပြော
သံဖြူဇရပ် ၊ နိုဝင်ဘာ ၂၉ မွန်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ နေလှန်းဆားကို ခေတ်မီ နည်းပညာနဲ့ ထုတ်လုပ်ဖို့ စစ်တပ် အသွင်ပြောင်း စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ဆားလုပ်ငန်းရှင်တွေကို ပြောကြားလိုက်ပါတယ်။ နေလှန်းဆားကို ခေတ်မီ နည်းပညာနဲ့ ထုတ်လုပ်ဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှာ ပြုလုပ်တဲ့ ဒေသခံ…
