ရေး၊ နိုဝင်ဘာ ၆
မွန်ပြည်နယ် ရေးမြို့နယ် ကလော့ကျေးရွာအခြေစိုက် အမှတ် ၃၁၆ အမြောက်တပ်က တပ်ကြပ် တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီကျော်လောက်မှာ တပ်ရင်းထဲကနေ ထွက်လာတဲ့ အသက် ၃၉ နှစ်အရွယ် တပ်ကြပ် ကျော်သူဝင်းကို ရေးဘီလူးအဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိခဲ့တဲ့ တပ်ကြပ် ကျော်သူဝင်းထံကနေ လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးမေးမြန်းဖို့ ရေးဘီလူးအဖွဲ့က ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
တပ်ကြပ် ကျော်သူဝင်းဟာ စစ်ဆေးမေးမြန်းနေစဉ် သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ညနေပိုင်းကလည်း ရေးမြို့နယ် အိုင်ပုတ်ကျေးရွာအနီးမှာ အာဏာသိမ်း စစ်တပ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ရေးဘီလူး

