September 22, 2026

မုဒုံမြို့မ ဘောလုံးကွင်းမှာ မိုးကြိုးပစ်ခံရလို့ ကစားသမား တစ်ဦး သေဆုံး

မုဒုံ၊ စက်တင်ဘာ ၂၂ မွန်ပြည်နယ် မုဒုံမြို့ရှိ မြို့မ(၁) ရပ်ကွက် မီတာ ၄၀၀ ဘောလုံးကွင်းမှာ မိုးကြိုးအပစ်ခံရတာကြောင့် ဘောလုံးကစားသမား တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်လောက်မှာ Lion City FC အသင်းနဲ့ တောင်ပေါ်သား…

ဒူဟွန် တိုင်ဖုန်းကြောင့် ဂျပန်မှာ လူ ၅ ဦး သေဆုံးပြီး ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်

တိုကျို၊ စက်တင်ဘာ ၂၂ တိုင်ဖွန်း မုန်တိုင်း ဒူဟွန်ကြောင့် ဂျပန်မှာ လူ ၅ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အရာရှိတွေက စက်တင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။ မုန်တိုင်းကြောင့် တိုကျိုမြို့အနီး လူနေအိမ် ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရပါတယ်။ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ မုန်တိုင်းဟာ…

ကုလ လုံခြုံရေးကောင်စီမှာ ဗီတို အာဏာအသုံးပြုခွင့် အဆုံးသတ်ဖို့ တူရကီ သမ္မတ တောင်းဆို

အန်ကာရာ၊ ဝါရှင်တန်၊ စက်တင်ဘာ ၂၂ အမြဲတမ်း အဖွဲ့ဝင်တွေ ကိုင်စွဲထားတဲ့ ဗီတိုအာဏာ အသုံးပြုခွင့် ဖယ်ရှားပစ်တာ အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင် ပြောင်းလဲရေး တူရကီသမ္မတ ရီဆက် တေယက် အာဒိုဂန်က တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာ စနစ်ဟာ ဒီကနေခေတ် ကမ္ဘာလုံးဆိုင်ရာ လက်တွေ့ အခြေအနေတွေကို ပိုပြီး ကောင်းကောင်း ထင်ဟပ်စေရမှာ…

အိမ်ဖြူတော်မှာ သတင်းယူခွင့် ထရန့်ရဲ့ တားမြစ်မှုကို CNN ၊ MS NOW နဲ့ Politico သတင်းဌာနတို့ တရားစွဲ

ဝါရှင်တန်၊ စက်တင်ဘာ ၂၂ CNN ၊ MS NOWနဲ့ Politico သတင်းဌာနသုံးခုကို အိမ်ဖြူတော်ကနေ သတင်းယူခွင့် တားမြစ်ခဲ့ပြီးနောက် ထရန့် အစိုးရကို တရားစွဲမယ်လို့ အဲဒီ သတင်းဌာန သုံးခုက ပြောပါတယ်။ အဲဒီ သတင်းဌာနတွေဟာ မိမိရဲ့အဖွဲ့နဲ့ ပတ်သက်လို့ စိတ်ကူးယဉ်ပြီးတော့ ဒါမှမဟုတ် လိမ်လည်ပြီးတော့ ရေးသားဖော်ပြနေတယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က…

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ထိုင်ဝမ်ကို ထောက်ခံကြောင်း ကြေညာ

နယူးယောက်၊ စက်တင်ဘာ ၂၂ စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြင်ပမှာ သုံးပွင့်ဆိုင် တွေ့ဆုံမှုအတွင်း အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ထိပ်တန်း သံတမန်တွေက ထိုင်ဝမ်ကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဝါရှင်တန်မှာ အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်တို့ မတွေ့ဆုံခင် ရက်ပိုင်း အလိုမှာ အဲဒီ သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက…

အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေရဲ့ အခွင့်အရေး အနိမ့်ဆုံးရောက်ရှိ

အိုးဘို၊ စက်တင်ဘာ ၂၂ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေရရှိရမယ့် အနိမ့်ဆုံးစံနှုန်းကိုပင် မရရှိဘဲ နည်းလမ်းမျိုးစုံနဲ့ အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းစစ်အုပ်စု လက်အောက်ရှိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားတွေရဲ့ ထောင်တွင်းအခြေအနေဟာ အနိမ့်ဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ အကျဉ်းထောင်အတွင်း အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ဖိနှိပ်မှုတွေနဲ့ အခွင့်အရေးချိုးဖောက်မှုတွေကြောင့်…

KTLA တပ်ဖွဲ့ဝင် ၂၅ ဦး KNLA ထံ ပြန်လည်ဝင်ရောက်

ထားဝယ်၊ စက်တင်ဘာ ၂၂ တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ကော်သူးလေတပ်မတော် KTLA ဆာကပေါ်တပ်ရင်းက တပ်ဖွဲ့ဝင် ၂၅ ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ ထံ ပြန်လည်ဝင်ရောက်လာတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ ဗိုလ်စောအဲ့ဖိုးဦးဆောင်တဲ့ ကော်သူးလေတပ်မတော် KTLA ဆာကပေါ်တပ်ရင်းက တပ်ဖွဲ့ဝင် ၂၅ ဦးကို မနေ့ စက်တင်ဘာ…