March 9, 2026

ရေနံဈေးမြင့်တက်မှုနဲ့ ပတ်သက်လို့ G7 နိုင်ငံတွေ အရေးပေါ် ဆွေးနွေးမယ်

နယူးယောက် မတ် ၉ အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ပွဲ အရှိန်မြင့်တက်လာမှုနဲ့ ဆက်စပ်ပြီး အစုရှယ်ယာဈေးတွေ ကျဆင်းလာပြီး ရေနံဈေး တစ်စည်ကို ဒေါ်လာ ၁၂၀ ကျော်အထိ မြင့်တက်နေချိန် ရေနံဈေးနဲ့ ပတ်သက်လို့ G7 အဖွဲ့ဝင် နိုင်ငံတွေ အရေးပေါ် အစည်းအဝေး ကျင်းပသွားမှာ ဖြစ်ပါတယ်။ ထိပ်သီး စက်မှုထွန်းကားနိုင်ငံများ အဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးများ တွေ့ဆုံပြီး…

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်

ဆိုးလ်၊ မတ် ၉ အရှေ့အလယ်ပိုင်းမှာ အီရန်ကို စစ်ပွဲ ဆင်နွှဲနေချိန် အမေရိကန်က တောင်ကိုရီးယားနဲ့ ကြီးမားတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို မတ် ၉ ရက်မှာ စတင်လိုက်ပါတယ်။ မတ် ၁၉ ရက်အထိ ပြုလုပ်မယ့် နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေမှာ တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၁၈၀၀၀ အထိ ပါဝင်မှာ ဖြစ်ကြောင်း…

KNU အဖွဲ့ဝင် နှစ်ဦးကို KTLA ဖမ်းဆီးသတ်ဖြတ်

သရက်ချောင်း၊ မတ် ၉ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဘန်းချောင်းကျေးရွာမှာ KNU အဖွဲ့ဝင် နှစ်ဦးကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အသိပေး ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က မနက် ၂ နာရီအချိန်ခန့်မှာ ဗိုလ်စောအယ်ခွီး(ခ) ကော်လားဖိုး…

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားသုံးဦး ရိုက်နှက်နှိပ်စက်ခံရ

သာယာဝတီ၊ မတ် ၉ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကို ထောင်တွင်းလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားသုံးဦး ရိုက်နှက်ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ သာယာဝတီအကျဉ်းထောင်ကို ICRC က ဝင်ရောက်စစ်ဆေးချိန် နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်းလိုအပ်ချက်တွေကို တင်ပြခဲ့တာပါ။ အဲဒီတင်ပြချက်ကို သာယာဝတီအကျဉ်းထောင်ဦးစီးက…

ခါမေနီရဲ့သားကို ထိပ်တန်းခေါင်းဆောင်အဖြစ် အီရန် ရွေးချယ်

တီဟီရန်၊ မတ် ၉ အီရန်နိုင်ငံကို အုပ်စိုးထားတဲ့ နိုင်ငံ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးခဲ့ပြီးတဲ့နောက် သူ့ရဲ့ နေရာမှာ သားဖြစ်သူ ပယာတိုလာ မို့ဂျ်တာဘာ ခါမေနီကို မတ် ၈ ရက်မှာ အစားထိုး ခန့်အပ်လိုက်ပါတယ်။ အမေရိကန်က အီရန်ခေါင်းဆောင်သစ် ရွေးချယ်မှုမှာ သူတို့ ပါဝင်မှ ဖြစ်မယ်လို့ ပြောထားပြီး အစ္စရေးကလည်း မို့ဂျ်တာဘာကို…

ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ရေနံဈေး ဒေါ်လာ ၁၀၀ အထက် မြင့်တက်

နယူးယောက်၊ မတ် ၉ အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ အရှိန်မြင့်လာတာကြောင့် ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောလမ်းကြောင်း အနှောင့်အယှက် ဖြစ်မှု ပိုရှည်ကြာလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ ကမ္ဘာရေနံဈေးနှုန်းဟာ ၂၀၂၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ ဒေါ်လာ ၁၀၀နဲ့အထက်သို့ ခုန်တက်သွားခဲ့ပါတယ်။ မတ် ၈ ရက်မှာ အီရန်က အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း…