နယူးဒေလီ၊ မတ် ၅

မြန်မာနိုင်ငံရှိ အားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးမယ့် မြန်မာ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အိန္ဒိယက ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက မတ် ၄ ရက်က ပြောပါတယ်။

ဇန်နဝါရီက စတင်ခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေး ပါတီက အနိုင်ရထားပြီးနောက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန် မြို့လယ်ခေါင်ရှိ ဆာဆိုဘိုက်ခ်မန်း စာပေစင်တာ ဆောက်လုပ်မှု ဖွင့်ပွဲ အခမ်းအနားမှာ ဝန်ကြီး ဂျိုင်ရှန်ကာက အခုလိုမျိုး ပြောဆိုခဲ့တာပါ။

မြန်မာနဲ့ အိန္ဒိယ ဆက်ဆံရေးအတွင်း ဆက်နွယ်မှုတွေ အရေးကြီးတယ်လို့ ဂျိုင်ရှန်ကာက ပြောထားတာပါ။

မြန်မာနိုင်ငံဟာ အဓိက နိုင်ငံခြားရေး ဦးစားပေး မူဝါဒသုံးခု ဆုံတဲ့ နေရာမှာ ရှိနေတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

မြန်မာဟာ အိန္ဒိယရဲ့ ဗျူဟာပိုင်းဆိုင်ရာ အိမ်နီးချင်းတွေထဲက တစ်နိုင်ငံ ဖြစ်ပြီး ပြဿနာတက်နေတဲ့ မဏိပူရ အပါအဝင် အရှေ့မြောက် ပြည်နယ်တွေနဲ့ ကီလိုမီတာ ၁၆၄၀ အထိ နယ်မြေချင်း ထိစပ်နေပါတယ်။

လူဦးရေ ၁ ဒသမ ၄ သန်း ငြိမ်းချမ်းစွာ စည်းလုံးညီညွတ်စွာ နေထိုင်နေကြတဲ့ ကမ္ဘာအကြီးမားဆုံး ဒီမိုကရေစီနိုင်ငံအနေနဲ့ အိန္ဒိယက ဖက်ဒရယ်စနစ်နဲ့ ဖွဲ့စည်းပုံ ရေဆွဲရေး အတွေ့အကြုံတွေကို မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေဆီ မကြာခဏ ဝေမျှ ပေးလေ့ရှိတယ်လို့ ဂျိုင်ရှန်ကာက ပြောပါတယ်။

မြန်မာနိုင်ငံသား အားလုံးအတွက် ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ဆောင်ကျဉ်းပေးနိုင်မယ့် အားလုံး ပါဝင်ပြီး မြန်မာတွေ ဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အိန္ဒိယက ထောက်ခံတယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာ ဖွင့်လှစ်မယ့် စာပေစင်တာက မြန်မာ့ ဂန္ထဝင် စာပေတွေကို ထိန်းသိမ်း လေ့လာရေး ကူညီဖို့ ရည်ရွယ်တာ ဖြစ်ကြောင်း ဂျိုင်ရှန်ကာက ပြောပါတယ်။

မိမိတို့ အနေနဲ့ နိုင်ငံရေး၊ ကုန်သွယ်ရေး လုံခြုံရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အပါအဝင် နယ်ပယ် အများကြီးမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

မြန်မာ ပြည်သူတွေရဲ့ ဘဝတွေ တိုးတက်လာစေရေး၊ ဒေသတွင်း စီးပွားရေး အားကောင်းလာစေရေး၊ လိုအပ်ချက်တွေကို အခြေခံပြီး ပြည်သူ ဗဟိုပြု စေ့စပ်မှုတွေ လုပ်ဆောင်နေကြောင်း ဂျိုင်ရှန်ကာက ပြောပါတယ်။

အိန္ဒိယက စစ်ခေါင်းဆောင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲကို ထောက်ခံ ကူညီခဲ့ပေမယ့် အမျိုးသားညီညွတ်ရေး အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဆက်ဆံမှုတွေလည်း လုပ်ဆောင်ထား ပါတယ်။

မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်လာချိန် အိန္ဒိယက နှစ်နိုင်ငံနယ်စပ်မှာ ခြံစည်းရိုး ခတ်မှုကို ဒေသခံ တိုင်းရင်းသားတွေက ကန့်ကွက်မှုတွေ ရှိနေပါတယ်။

နှစ်နိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံထဲ ဝင်ရောက်လာတဲ့ မြန်မာ တိုင်းရင်းသားတွေကိုလည်း အရေးယူမှု တချို့ ရှိနေပါတယ်။

ဂျိုင်ရှန်ကာကတော့ မြန်မာနဲ့ အိန္ဒိယဟာ ဘာသာရေးအရရော၊ ဘာသာစကားအရရော၊ ယဉ်ကျေးမှုအရ ပထဝီ အနေအထားအရ ရာဇဝင်အရ ဆက်နွယ်နေတဲ့ အိမ်နီးချင်းတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။

Ref: PTI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.