ပွင့်ဖြူ၊ ဖေဖော်ဝါရီ ၅
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ဒေသကာကွယ် ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းကစလို့ စစ်ကော်မရှင်အင်အား ၂၀၀ ဝန်းကျင်က ပျူစောထီးတွေရှိတဲ့ ကျောင်းကုန်းကြီးကျေးရွာကတဆင့် တော်လှန်ရေးတပ်တွေ ရှိရာဘက်ကို စစ်ကြောင်းထိုးလာတာပါ။
စစ်ကြောင်းထိုးလာတာကြာင့် မနက် ၉ နာရီကစလို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး လေယာဉ်ပျံဝဲတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ရေပုတ်ကြီး၊ ရေပုတ်ကလေးနဲ့အနီးနား ကျေးရွာတွေက ဒေသခံ ၂၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်လို့ တော်လှန်ရေးတပ်တွေဘက်ကတော့ တစ်စုံတရာ ထုတ်ပြန်ထားခြင်းမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကျောင်းကုန်းကြီးကျေးရွာက ပျူစောထီးခေါင်းဆောင်တွေနဲ့ အုပ်ချုပ်ရေးမှူးတို့ သတ်ဖြတ်ခံခဲ့ရပြီး နှစ်လအကြာမှာ စစ်ကော်မရှင်က စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

