နိုင်ငံတဝန်းမှာ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ပိုတိုးလာ
မော်လမြိုင် ၊ ဇန်နဝါရီ ၂၀ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း ပဋိပက္ခဖြစ်ပွားမှု အရေအတွက်ကြိမ်နှုန်း ကျဆင်းလာပေမယ့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာတယ်လို့ ISP-Myanmar က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မြန်မာ့အခြေပြစစ်တမ်း ရဲ့ မဟာဗျူဟာ ဆန်းစစ်ချက်နဲ့ ဦးတည်လမ်းကြောင်းလားရာတွေ (၂၀၂၅-၂၀၂၆) အနုစိတ် ပိုင်းခြားစိတ်ဖြာ…
