ကြိုတင်မဲကိစ္စ တိုင်ကြားခံရပေမယ့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလို့ စစ်ခေါင်းဆောင်ပြော
နေပြည်တော် ၊ ဇန်နဝါရီ ၁၆ စစ်တပ်ဦးဆောင်တဲ့ အပိုင်းလိုက် ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့အပေါ် စိစစ်ဆောင်ရွက်ပေးဖို့ နိုင်ငံရေးပါတီ သုံးခုက တောင်းဆိုထားပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွတ်လပ်မျှတတယ်လို့ ထုတ်ပြောလာပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတသလို အားလုံး လက်ခံကြတဲ့အတွက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်မာစွာ လျှောက်လှမ်းနေပြီလို့ ဇန်နဝါရီ ၁၃…
