2025

မွန်ပြည်နယ်မှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာ

မော်လမြိုင် ၊ ဇန်နဝါရီ ၅ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှာ အခုနှစ်အစပိုင်းမှာပဲ လျှပ်စစ်မီးပြတ်တောက်မှု တစ်နေ့ တခြားအခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသတွင်း လျှပ်စစ်မီးရရှိမှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ တစ်ရက်ကိုအလှည့်ကျစနစ်နဲ့ ၈ နာရီဝန်းကျင်ရရှိခဲ့ရာမှ ဒီဇင်ဘာလအတွင်းကစတင်ပြီး တစ်ရက်ကို ၄ နာရီဝန်းကျင်လောက်သာ ရရှိတော့တာ ဖြစ်ပါတယ်။ အခုနှစ်အစမှာတော့ လျှပ်စစ်မီးရရှိချိန်ဟာ တစ်ချိန်ကို…

အနန်းကွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံး

ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ ၅ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ် ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်လာပါတယ်။ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အ နန်းကွင်းဗျူဟာမရောက်ခင်…

ရေးမြို့မစခန်းမှူးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိ

ကျိုက်ထို၊ ဇန်နဝါရီ ၅ မွန်ပြည်နယ် ရေးမြို့ရှိ ရေးမြို့မရဲစခန်းရဲ့ စခန်းမှူးဒုရဲမှူးအောင်ကျော်စိုးကို တော်လှန်ရေးအင်အားစုပူးပေါင်း တပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ နှစ်ဖက်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို အ တည်ပြုပါတယ်။ ရေးမြို့မစခန်းမှူး ဒုရဲမှူး အောင်ကျော်စိုးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ သိမ်ဇရပ်မြို့ သိမ်ဇရပ်-မုပ္ပလင်လမ်းပိုင်းမှာ ဖမ်းဆီးရမိခဲ့တာပါ။ ခွင့်နဲ့ပြန်လာတဲ့ စခန်မှူးဒုရဲမှူး အောင်ကျော်စိုးဟာ…

နိုင်ငံရေးကြောင့် တစ်နှစ်အတွင်း အရပ်သား ၈၀၀ နီးပါး ဖမ်းဆီးခံရ

မော်လမြိုင်၊ ဇန်နဝါရီ ၄ နိုင်ငံတဝန်းမှာ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီက နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ အရပ်သားပြည်သူ ၇၈၁ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ…

စစ်ကောင်စီဟာ နိုင်ငံရဲ့ သုံးပုံတစ်ပုံတောင် အုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ NUG ပြော

နေပြည်တော် ၊ ဇန်နဝါရီ ၄ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲတွေကြောင့် တစ်နိုင်ငံလုံးရှိ မြို့ နယ် စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းသာ စစ်ကောင်စီအတွက် ကျန်ရှိတော့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအထိ…

ပိုင်ဆိုင်မှုတန်ဖိုး ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရှိကြောင်း ထိုင်းဝန်ကြီးချုပ် ကြေညာ

ဘန်ကောက်၊ ဇန်နဝါရီ ၄ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ကန်ဒေါ်လာ ၂ သန်း တန်ဖိုးရှိ ဒီဇိုင်နာလက်ကိုင်အိတ် ၂၀၀ နဲ့ ကန်ဒေါ်လာ ၅ သန်း တန်ဖိုးရှိ တန်ဖိုးကြီး လက်ပတ်နာရီ ၇၅ လုံး အပါအဝင် သူ့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရှိကြောင်း ဇန်နဝါရီ ၃…

ဒုသမ္မတ ဆာရာ ဒူတာတေးကို လုံခြုံရေးကောင်စီကနေ ဖိလစ်ပိုင် သမ္မတ ဖယ်ရှား

မနီလာ၊ ဇန်နဝါရီ ၄ ပြီးခဲ့တဲ့နှစ်က မိသားစု နှစ်စုကြား ခါးခါးသီးသီး အကွဲအပြဲ ဖြစ်ခဲ့ပြီးနောက် ဒုသမ္မတ ဆာရာ ဒူတာတေးကို လုံခြုံရေး ကောင်စီကနေ ဖယ်ရှားလိုက်တဲ့ ညွှန်ကြားချက်မှာ ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက လက်မှတ်ရေးထိုးလိုက်ပါတယ်။ ကောင်စီအဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ အချုပ်အခြာ အာဏာကို ထိန်းသိမ်း ကာကွယ်ရေး သေချာစေဖို့အတွက် အမျိုးသား…

လက်နက်ကိုင်လမ်းစဉ်စွန့်ဖို့ စစ်ခေါင်းဆောင် ထပ်မံကမ်းလှမ်း

နေပြည်တော် ၊ ဇန်နဝါရီ ၄ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့တွေအနေနဲ့ လက် နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံကမ်းလှမ်းလာပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်နေတယ်လို့…

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ထပ်မံတိုက်ခိုက်ခံရ

တောင်ငူ၊ ဇန်နဝါရီ ၄ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း (ကေတုမတီ)ကို ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ မနက်အစောပိုင်းမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warroir For Myanmar – BWM ထံက သိရပါတယ်။ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂…

စစ်ကောင်စီက အကျဉ်းသား၊အကျဉ်းသူ ၅၉၀၀ နီးပါး လွတ်ငြိမ်းခွင့်ပြု

မော်လမြိုင်၊ ဇန်နဝါရီ ၄ နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊အကျဉ်းသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အနေနဲ့ အကျဉ်းသား၊အကျဉ်းသူတွေကို လွတ်ငြိမ်းခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ အကျဉ်းသား၊အကျဉ်းသူတွေဟာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက…