December 17, 2025

ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီးကျလို့ အမျိုးသမီးနှစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ ဒီဇင်ဘာ ၁၈ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်မှာ သိမ်ဇရပ်နဲ့ဝေါမြို့နယ်အခြေစိုက် စစ်ကော်မရှင်တပ်ရင်းတွေကနေ ခရွဲကျေးရွာထဲ လက်နက်ကြီး ငါးလုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။…

ပါလက်စတိုင်းသားတွေနဲ့ နိုင်ငံ ၇ နိုင်ငံက လူတွေကို အမေရိကန်သို့ ဝင်ရောက်ခွင့် တားမြစ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၇ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေနဲ့ ဆီးရီးယားနိုင်ငံသားတွေ အပါအဝင် နောက်ထပ် နိုင်ငံပေါင်း ၇ နိုင်ငံက လူတွေကို အမေရိကန်သို့ ဝင်ရောက်ခွင့် တားမြစ်ပြီးတော့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဒီဇင်ဘာ ၁၆ ရက်မှာ ခရီးသွားခွင့် တားမြစ်ချက်ကို သိသိသာသာ တိုးမြှင့်လိုက်ပါတယ်။ နောက်ဆုံးလုပ်ရပ်ကြောင့် အမေရိကန်သို့…

ဖူထိုင်းပါတီက သက်ဆင်ရဲ့ တူကို ရှေ့တန်းတင်ပြီး ထိုင်း ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပြင်ဆင်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၇ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းပဲလိုတော့တဲ့အချိန် ဖူထိုင်းပါတီရဲ့ ဘီလျံနာ ခေါင်းဆောင်ဟောင်း သက်ဆင်လည်း ထောင်ထဲ ရောက်နေချိန်မှာ သူ့ရဲ့ နိုင်ငံရေး အတွေ့အကြုံ နည်းနည်းလေးပဲရှိတဲ့ တူတော်မောင်ကို ရှေ့တန်းတင်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဝန်ကြီးချုပ်ဟောင်းတွေရဲ့သားနဲ့တူတော်သူဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ် ယို့ဒ်ချာနန် ဝေါင်ဆာဝတ်ဟာ ဖေဖော်ဝါရီ ၈…

ရွေးကောက်ပွဲ နှောင့်ယှက်မှု စွပ်စွဲချက်နဲ့ လူပေါင်း ၂၃၀ နီးပါး အမှုဖွင့်ခံရ

နေပြည်တော်၊ ဒီဇင်ဘာ ၁၇ နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း ၂၂၉ ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲ ပျက်ပြားအောင်…

မုန်းမြို့နယ်မှာ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်း တပ်သား ၅ ဦး အလင်းဝင်

မုန်း၊ ဒီဇင်ဘာ ၁၇ ပဲခူးတိုင်း မုန်းမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၅ ဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ မုန်းမြို့နယ်အခြေစိုက် ခလ၇ ၃၀ နဲ့ ခမရ ၄၃၉ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်း သင်တန်းဆင်း တပ်သား ၅ဦးဟာ…

အမေရိကန်မှာ အလုပ်လက်မဲ့နှုန်း အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိ

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၇ အလုပ်အကိုင် ဈေးကွက်အားနည်းမှု နောက်ဆုံး လက္ခဏာအနေနဲ့ အမေရိကန်ရဲ့ အလုပ်လက်မဲ့ ဖြစ်မှုနှုန်းဟာ ပြီးခဲ့တဲ့လမှာ အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပေမယ့် ဝိရောဓိ ဖြစ်နေတဲ့ တရားဝင် အစီရင်ခံချက်ကြောင့် ဗဟိုဘဏ် အရာရှိတွေကြား အချေအတင် ဆွေးနွေးကြရဦးမှာ ဖြစ်ပါတယ်။ အမေရိကန်မှာ အလုပ်လက်မဲ့ ဖြစ်မှုနှုန်းဟာ နိုဝင်ဘာလအတွင်း လေးနှစ်တာ အမြင့်မားဆုံးအနေနဲ့ ၄…

မြန်မာနိုင်ငံမှာ ရုရှားနိုင်ငံသား ၃ ဦး ပြန်ပေးဆွဲခံရ

ရန်ကုန်၊ မော်စကို၊ ဒီဇင်ဘာ ၁၇ မြန်မာနိုင်ငံမှာ ရုရှားနိုင်ငံသား ၃ ဦး ပြန်ပေးဆွဲခံရပြီး သူတို့ကို ပြန်လွှတ်ပေးစေချင်ရင် ပြန်ရွေးငွေ ပေးဖို့ ဖမ်းဆီးထားသူတွေက တောင်းဆိုထားကြောင်း ရန်ကုန်မြို့အခြေစိုက် ရုရှားသံရုံး ကောင်စစ်ဝန်ဌာနကို ကိုးကားပြီး ရုရှားမီဒီယာတွေက ဒီဇင်ဘာ ၁၆ ရက်မှာ ဖော်ပြပါတယ်။ ပျောက်ဆုံးနေတဲ့ ရုရှားနိုင်ငံသား ၃ ဦး ပါဝင်တဲ့ သီးခြား…

စစ်အာဏာသိမ်း (၁၇၈၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၀၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၁၇ AAPP ရဲ့ ဒီဇင်ဘာ၁၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၈၀) ရက်အတွင်း ပြည်သူ (၇၆၀၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၁၃၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၄၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

SRA တပ်ပေါင်းစုရဲ့ စစ်ဆင်ရေးတွေကို ကော်မတီက ဦးစီးကွပ်ကဲမယ်

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၇ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA အနေနဲ့ အချိုးကျကိုယ်စားလှယ်တွေပါတဲ့ ကော် မတီတစ်ရပ်ကနေ စစ်ဆင်ရေးတွေကို ဦးစီးကွပ်ကဲသွားမယ်လို့ တပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်‌ရေးတပ်တွေထဲက တပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ကို စတင်ဖွဲ့စည်းလိုက်ပြီလို့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ…