November 2025

သရက်ချောင်းတိုက်ပွဲကြောင့် ခရီးသွားကား ထောင်နဲ့ချီ ပိတ်မိနေ

သရက်ချောင်း၊ နိုဝင်ဘာ ၂၁ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်လမ်းပိုင်းမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ခရီးသွားကား ထောင်နဲ့ချီ ပိတ်မိနေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ်ထဲကို စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ပုလောမြို့နယ်နဲ့သရက်ချောင်းမြို့နယ်အကြားက ပြင်းဖြူကြီး၊…

ဂါဇာကို အစ္စရေး ထပ်မံတိုက်ခိုက်

ဂါဇာ စီးတီး၊ နိုဝင်ဘာ ၂၁ နိုဝင်ဘာ ၂၀ ရက်က အစ္စရေးရဲ့ ထပ်မံတိုက်ခိုက်မှုအတွင်း လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးအရာရှိတွေက ပြောကြားပြီးနောက် အစ္စရေးနဲ့ဟားမာ့စ်အဖွဲ့ကြား ငြိမ်းချမ်းရေး သဘောတူညီမှုဟာ အသစ်စက်စက် တိုက်ခိုက်မှုများကြောင့် အားလျော့သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ငြိမ်းချမ်းရေး ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ကာတာက ပြောပါတယ်။ အောက်တိုဘာ ၁၀…

ပုန်ကန်ဖို့ လှုံ့ဆော်တဲ့ ဒီမိုကရက်တွေကို သေဒဏ်ပေးပစ်မယ်လို့ သမ္မတ ထရန့် ခြိမ်းခြောက်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၁ တရားမဝင် ညွှန်ကြားချက်တွေကို မလိုက်ကြဖို့ စစ်တပ်ကို တိုက်တွန်းတဲ့ ဒီမိုကရက် လွှတ်တော်အမတ်တွေကို ကွပ်မျက်သတ်ဖြတ်ပစ်လို့ ရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နိုဝင်ဘာ ၂၀ ရက်မှာ ပြောကြားလိုက်ပြီး အဲဒီလူတွေဟာ နိုင်ငံတော် သစ္စာဖောက်တွေ ဖြစ်ကြောင်းနဲ့ တော်လှန်ပုန်ကန်တဲ့ အပြုအမူတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ နိုဝင်ဘာ ၁၈ ရက်က…

စစ်အာဏာသိမ်း (၁၇၅၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၇၆) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၁ AAPP ရဲ့ နိုဝင်ဘာ ၂၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၅၄) ရက်အတွင်း ပြည်သူ (၇၄၇၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၀၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၂၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

NUCC ရဲ့ အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းမှု ပိုကောင်းတဲ့ နိုင်ငံရေးချဉ်းကပ်မှုကို ဦးတည်တာလို့ KNPP ပြော

မော်လမြိုင် ၊ နိုဝင်ဘာ ၂၁ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုကို ယာယီရပ် ဆိုင်းတာဟာ နိုင်ငံရေးချဉ်းကပ်မှု ပိုကောင်းမွန်အောင် ဦးတည်တာလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU…

မော်လမြိုင် တောင်ဝိုင်းတောင်ဖြိုချပြီး ပြည်နယ်စစ်ကော်မရှင် မြို့သစ်စီမံကိန်းမှာ မြေဖို့နေ

မော်လမြိုင် ၊ နိုဝင်ဘာ ၂၁ မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ တောင်ဝိုင်းတောင်ကို ပြည်နယ်စစ်ကော်မရှင် ခွင့်ပြုချက်နဲ့ ဖြိုချပြီး မြို့သစ်စီမံကိန်းမှာ မြေဖို့နေမှုအပေါ် ဒေသခံပြည်သူတွေ ပြင်းပြင်း ထန် ဝေဖန်မှုတွေ ရှိနေပါတယ်။ မွန်ပြည်နယ် စစ်ကော်မရှင်ဟာ တောင်ဝိုင်းတောင်ရဲ့ ဖြိုချမှုကနေ ရရှိလာတဲ့ မြေတွေကို သူတို့ဖော်ဆောင်နေတဲ့ လှိုင်တိုးချဲ့ မြို့သစ်စီမံကိန်းနဲ့ မုဒုံမြို့အနီးက လေဆိပ်သစ်…

ရွေးကောက်ပွဲဥပဒေနဲ့ ချောင်းဆုံဒေသခံတစ်ဦး ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံရ

ချောင်းဆုံ၊ နိုဝင်ဘာ ၂၁ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာနေ သက်ကြီးပိုင်း အမျိုးသားတစ်ဦးကို စစ်ကော် မရှင်က ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေနဲ့ ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ဟာ ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ကပ်ထားတဲ့ ချောင်းဆုံမြို့နယ် ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းပါ စာရွက်ဆုတ်ဖြဲမှု စွပ်စွဲချက်နဲ့…

ပုလောတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

ပုလော၊ နိုဝင်ဘာ ၂၀ တနင်္သာရီတိုင်း ပုလောမြို့နယ် သင်္ကန်းတုံးကျေးရွာအနီး တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ပလမြို့ကနေ သင်္ကန်းတုံးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း…

ကျားဖြန့်နှိမ်နင်းရေး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ KNU ကတိကဝတ်ပြု

မြဝတီ၊ နိုဝင်ဘာ ၂၀ မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်မှုတိုက်ဖျက်ရေးကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ လှုပ်ရှားမှုဟာ အစိုးရအချင်းချင်းဗဟိုပြု ချဉ်းကပ်မှုပုံစံကိုစွဲကိုင်ပြီး မြန်မာစစ်တပ်နဲ့သာ ပူးပေါင်းမယ်ဆိုပါက ထိရောက်အောင်မြင်နိုင်မှု မရှိတဲ့အပြင် ပြည်သူလူထုအပေါ် မလိုလားအပ်တဲ့ ဆိုးကျိုးတွေသက်ရောက်လာနိုင်တယ်လို့ KNU က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုကွန်ယက်တွေ၊ ဆောင်ရွက်နေမှုတွေနဲ့ အဲဒီဆက်စပ်ရာဇဝတ်မှုတွေကို နိုင်ငံတကာက တိုက်ဖျက်ရေးကြိုးပမ်းမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ KNU ရဲ့ ကတိကဝတ်ပြုမှုဆိုတဲ့ခေါင်းစဉ်နဲ့ KNU…

ရွေးကောက်ပွဲပျက်ပြားအောင် စည်းရုံးလှုံ့ဆော်မှုနဲ့ PDF တွေကိုပါ စစ်ကော်မရှင် အမှုဖွင့်

မော်လမြိုင် ၊ နိုဝင်ဘာ ၂၀ အခုနှစ်ကုန်ပိုင်းမှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ပျက်ပြားအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးတဲ့ စွပ်စွဲချက်နဲ့ လုပ်ဆောင်ခဲ့တွေကို ဖမ်းဆီးအမှုဖွင့်ထားသလို PDF တွေကိုပါ အမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ကိုယ်ထိလက်ရောက် ထိခိုက်ဒဏ်ရာအောင်…