November 12, 2025

စစ်အာဏာသိမ်း (၁၇၄၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၅၈) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၃ AAPP ရဲ့ နိုဝင်ဘာ ၁၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၄၆) ရက်အတွင်း ပြည်သူ (၇၄၅၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၉၅၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၁၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

လူထုစိတ်မဝင်စားတဲ့ ရွေးကောက်ပွဲ အနုပညာရှင်တွေနဲ့ နှိုးဆော်နေရ

မော်လမြိုင် ၊ နိုဝင်ဘာ ၁၃ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ပြည်သူလူထုတွေ စိတ်ဝင်စားပြီး ဆန္ဒမဲပေးစေဖို့အရေး အနုပညာအသိုင်းအဝိုင်းက နာမည်ကြီး သရုပ်ဆောင်တွေနဲ့ အဆိုတော်တွေကို အသုံးပြုပြီး နှိုးဆော်နေရပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ပြည်သူလူထုနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ အနုပညာရှင်တွေကို ဖမ်းဆီးထောင်ချ အရေးယူခဲ့တဲ့ စစ်ကော်မရှင်က အခုအခါမှာ သူတို့ ကျင်းပမယ့် ရွေး…

မွန်မှာ ရွေးကောက်ပွဲနီးလာပေမယ့် စစ်မှုထမ်းပေးဖို့ အုပ်ချုပ်ရေးမှူးတွေ ဆက်တိုက်ဖိအားပေးခံနေရ

မော်လမြိုင် ၊ နိုဝင်ဘာ ၁၃ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က သူတို့ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာပေမယ့် စစ်မှုထမ်းတပ်သားတွေ စုဆောင်းပေးဖို့ ဆက်တိုက်ဖိအားပေးနေတယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် တပ်သားအင်အား အများအပြား လို အပ်နေသလို သူတို့ လုပ်မယ့် ရွေးကောက်ပွဲ အတွက်လည်း…

သရက်ချောင်းမှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ရှောင်နေရ

သရက်ချောင်း၊ နိုဝင်ဘာ ၁၃ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ် ရိက္ခာ အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ကစလို့ သရက်ချောင်းမြို့ပေါ်အခြေစိုက် တပ်စခန်းတွေက အင်အား ရာချီပါတဲ့ စစ်ကော်မရှင်တပ်ဟာ ဝင်းဝစခန်းကတဆင့် သရက်ချောင်းမြို့နယ်…

ဂျော်ဂျီယာမှာ တူရကီ စစ်ဖက်လေယာဉ် ပျက်ကျမှုကြောင့် စစ်မှုထမ်းအယောက် ၂၀ လုံး သေဆုံး

အန်ကာရာ၊ နိုဝင်ဘာ ၁၂ ဂျော်ဂျီယာမှာ ပျက်ကျသွားတဲ့ စစ်ဖက် ကုန်တင်လေယာဉ်ပေါ် လိုက်ပါသွားတဲ့ စစ်မှုထမ်း ၂၀ ဦးလုံး သေဆုံးသွားကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်က ကြေညာပါတယ်။ C-130 လေယာဉ်ဟာ အဇာဘိုင်ဂျန်နိုင်ငံ ဂန်ဂျာမြို့က ထွက်ခွာလာပြီး တူရကီသို့ အပြန် လမ်းမှာ အဇာဘိုင်ဂျန်နယ်စပ်အနီး ဂျော်ဂျီယာနိုင်ငံ ဆင်နာဂီဒေသမှာ နိုဝင်ဘာ…

ဂျပန်ဝန်ကြီးချုပ်ကို ခေါင်းဖြတ်သတ်ပစ်မယ်လို့ တရုတ် အရာရှိ ခြိမ်းခြောက်

ဘေဂျင်း၊ တိုကျို၊ နိုဝင်ဘာ ၁၂ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ စစ်ပွဲမှာ ဂျပန် ပါဝင်နိုင်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအီချီက ပြောကြားပြီးနောက် သူ့ကို ခေါင်းဖြတ်သတ်ပစ်မယ်လို့ တရုတ်အရာရှိတစ်ဦးက ခြိမ်းခြောက်လိုက်ပါတယ်။ ပိတ်ဆို့ထားတာမျိုးလို ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ အရေးယူရင် ရှင်သန်ရေး အန္တရာယ်ကျရောက်တဲ့ အခြေအနေ ဖြစ်လာနိုင်ပြီး ဂျပန်အနေနဲ့ မဖြစ်မနေ ဝင်ပါလာရနိုင်တယ်လို့ ဝန်ကြီချုပ်…

မောတောင်မြို့မှာ တိုက်ပွဲဖြစ်လို့ မြို့လုံးကျွတ် ထွက်ပြေးနေရ

တနင်္သာရီ၊ နိုဝင်ဘာလ ၁၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့မှာ ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေလို့ မြို့လုံးကျွတ်ထွက်ပြေးနေရကြောင်း KNU တပ်မဟာ ၄ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၆ နာရီလောက်ကစတင်ပြီး မြို့အနီးမှာ အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ…

တစ်လအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ကျော် လက်နက်ချ အလင်းဝင်

တနင်္သာရီ နိုဝင်ဘာ ၁၂ ၂၀၂၅ ခုနှစ် အောက်တိုဘာလ တစ်လအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကော်မရှင်ရဲ့ စစ်သား အပါအဝင် ရဲနဲ့ပြည်သူ့စစ် စုစုပေါင်း ၁၂၅ ဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကော်မရှင်တပ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၁၂၅…

အမေရိကန်အစိုးရ ပိတ်သိမ်းမှုကိစ္စမှာ ကြီးကြီးမားမား အောင်ပွဲရတယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၁၂ အမေရိကန်စစ်ပြန်တွေကို ဂုဏ်ပြုတဲ့ နှစ်ပတ်လည် အခမ်းအနား မိန့်ခွန်းပြောကြားရာမှာ သမ္မတ ဒေါ်နယ် ထရန့်က အမေရိကန် အစိုးရဌာနတွေ အရှည်ကြာဆုံး ပိတ်သိမ်းထားရမှုနဲ့ ပတ်သက်လို့ ပြိုင်ဖက် ဒီမိုကရက်တို့အပေါ် အောင်ပွဲရလိုက်တယ်လို့ နိုဝင်ဘာ ၁၁ ရက်မှာပြောလိုက်ပါတယ်။ လွှတ်တော်ဆိုင်ရာ လိပ်ခဲတည်းလည်း အခြေအနေ အဆုံးသတ်စေရေး လမ်းပွင့်သွားစေမယ့် သဘောတူညီမှုအတွက် ဒီမိုကရက်တို့က နိုဝင်ဘာ…

အချုပ်အခြာအာဏာ ကာကွယ်ရေး ထိုင်းစစ်တပ်ကို မီးစိမ်းပြထား

ဘန်ကောက်၊ နိုဝင်ဘာ ၁၂ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ကမ္ဘောဒီးယားနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုနဲ့ ဆက်စပ်တဲ့ လုပ်ရပ်အားလုံးကို ထိုင်းအစိုးရက ရပ်ဆိုင်းထားပြီး နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ရေး လိုအပ်တဲ့ စစ်ဆင်ရေးတွေ အပြည့်အဝ ပြုလုပ်ဖို့ စစ်တပ်ကို ခွင့်ပြုထားပါတယ်။ ထိုင်းအရှေ့မြောက်ပိုင်းနယ်စပ် ဆီဆာခတ် ပြည်နယ်မှာ နိုဝင်ဘာ ၁၀…