November 7, 2025

စစ်ကော်မရှင် ရွေးကောက်ပွဲကို နယူးဇီလန်လွှတ်တော် ပယ်ချ

ဝယ်လင်တန်၊ နိုဝင်ဘာ ၇ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၈ ရက် စတင်ဖို့ စီစဉ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ၂၀၂၅-၂၆ ရွေးကောက်ပွဲကို ပယ်ချကြောင်း နယူးဇီလန်လွှတ်တော်က နိုဝင်ဘာ ၅ ရက်က ကြေညာချက် ထုတ်လိုက်ပြီး လွတ်လပ်မျှတတဲ့ ဒါမှမဟုတ် ယုံကြည်ရလောက်တဲ့ ရွေးကောက်ပွဲလို့ မှတ်ယူလို့ မရကြောင်း ပြောလိုက်ပါတယ်။ မြန်မာ စစ်အာဏာရှင် စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို…

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးနိုင်မလားလို့ အီရန်က မေးမြန်းနေကြောင်း ထရန့် ပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၇ အီရန်က သူတို့နိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးနိုင်မလားလို့ မေးမြန်းထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နိုဝင်ဘာ ၆ ရက်မှာ ပြောလိုက်ပါတယ်။ အီရန်ဟာ အမေရိကန်ရဲ့ ကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရပြီး သူတို့ လုပ်ချင်တဲ့ကိစ္စတွေကို လုပ်ဆောင်ဖို့ အမှန်တကယ် ခက်ခဲနေတယ်လို့ ထရန့်က အိမ်ဖြူတော်မှာ နိုဝင်ဘာ…

သထုံမှာ ကျောက်တင်ရထားမိုင်းဆွဲခံရလို့ ရထားခရီးစဉ် ဖျက်သိမ်း

သထုံ၊ နိုဝင်ဘာ ၇ မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြားမှာ ကျောက်တင်ရထား မိုင်းဆွဲခံရပြီးနောက် ရထားခရီးစဉ် နှစ်ခု ဖျက်သိမ်းလိုက်တယ်လို့ မော်လမြိုင်ဘူတာကြီးက သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကျောက်တင်ရထား မိုင်းဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။ မိုင်းဆွဲခံရတာကြောင့် ရထားသံလမ်း နှစ်ဆက်…

ရေနံ့သာရဲစခန်းနဲ့ ကပစ ၁၂ ကို ဒေသကာကွယ်ရေးအဖွဲ့တွေ ဝင်တိုက်

ကံမ၊ နိုဝင်ဘာ ၇ မကွေးတိုင်း ကံမမြို့နယ်ရှိ ရေနံသာရဲစခန်းနဲ့ ကပစ ၁၂ တို့ကို နိုဝင်ဘာ ၆ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ သရက်-ကံမလမ်းပိုင်းမှာရှိတဲ့ ရေနံ့သာရဲစခန်းကို အပြီးသတ်ရရှိရေး တိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် ဘန်ကာ ၆ လုံးမှာ ၄…

စစ်ကော်မရှင် ရွေးကောက်ပွဲ မဲထွက်ပေးဖို့ ခြိမ်းခြောက်အကျပ်ကိုင်သူတွေကို အရေးယူမယ်လို့ NUG ပြော

မော်လမြိုင်၊ နိုဝင်ဘာ ၇ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်အကျပ်ကိုင်သူတွေကို အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ NUG က အတုအယောင် ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့နဲ့ ကြိုတင်မဲပေးဖို့ အတင်းအကျပ် ခြိမ်းခြောက်အကျပ်ကိုင်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းဖြစ်သလို…

ဘင်္ဂလားဒေ့ချ် ရွေးကောက်ပွဲ မဲဆွယ်မှု စတင်ချိန် ပစ်ခတ်မှု ဖြစ်ပွားပြီး လူသေဆုံးမှုရှိ

ဒါကာ၊ နိုဝင်ဘာ ၇ အထင်ကရ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု စတင်ပြီးနောက် ဘင်္ဂလားဒေ့ချ် နိုင်ငံရေးပါတီ တစ်ခုရဲ့ လူထုစုဝေးပွဲကို မော်တော်ဆိုင်ကယ်စီးလာတဲ့ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး ကိုယ်စားလှယ်လောင်း တစ်ဦး အပါအဝင် တခြား နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အရာရှိတွေက နိုဝင်ဘာ ၆ ရက်က ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်…

အမေရိကန်ခရီးစဉ်မတိုင်ခင် ဆီးရီးယားသမ္မတအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ကုလ ရုတ်သိမ်းပေး

နယူးယောက်ခ်၊ နိုဝင်ဘာ ၇ ဆီးရီးယားသမ္မတ အာမက် အယ်လ် ရှာဟာရာရဲ့ လာမယ့် သီတင်းပတ် အိမ်ဖြူတော် ခရီးစဉ်မတိုင်ခင် သူ့အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးရေး အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ပြီး ထောက်ခံလိုက်ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက သမ္မတဟောင်း ဘာရှား အယ်လ်အာဆတ်ကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေး ထိုးစစ်ကို…