November 3, 2025

ဗင်နီဇွဲလားနဲ့ အမေရိကန် စစ်ဖြစ်မှာကို သံသယဖြစ်မိတယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၄ ဗင်နီဇွဲလားနဲ့အမေရိကန် စစ်ဖြစ်နိုင်ခြေကို သံသယဖြစ်မိကြောင်းနဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုရဲ့ ရာထူးသက်တမ်း နေ့ရက်တွေ အကန့်အသတ်ရှိလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားလိုက်ပါတယ်။ ဗင်နီဇွဲလားနဲ့အမေရိကန် စစ်ဖြစ်လာမှာလားဆိုတဲ့ CBS သတင်းဌာနရဲ့ မေးခွန်းကို ထရန့်က အခုလိုမျိုး ဖြေကြားခဲ့ပြီးနောက် ဗင်နီဇွဲလားက မိမိတို့ နိုင်ငံအပေါ် အရမ်းဆိုးဆိုးရွားရွား ပြုမူနေတယ်လို့ ပြောပါတယ်။ ကာရေဘီယံမှာ…

ဘာလီမှာ အငြင်းပွားဖွယ် ဖန်ဓာတ်လှေကား တည်ဆောက်မှု ရပ်ဆိုင်း

ဒန်ပါဆား၊ နိုဝင်ဘာ ၃ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေ၊ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ပါမစ် ဆိုင်ရာ ဥပဒေချိုးဖောက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ ကမ္ဘာလှည့်ခရီးသွား လာရောက်မှု အများဆုံး နေရာတွေထဲက တစ်ခု ဖြစ်တဲ့ ကယ်လင်ကိန်းကမ်းခြေမှာ အငြင်းပွားဖွယ် ဖန်ဓာတ်လှေကား တည်ဆောက်မှုကို အရာရှိတွေက ရပ်ဆိုင်းထားလိုက်ပါတယ်။ ဒိုင်နိုဆောပုံစံ ချောက်ကမ်းပါးရှိတဲ့…

လောင်းလုံးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး ၈ ဦး သေဆုံး

လောင်းလုံး၊ နိုဝင်ဘာ ၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာကနေ ကရင်ကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ…

ဖာပွန်ခရိုင်က စစ်တပ်စခန်းတွေ မကျရေးအတွက် လေယာဉ်နဲ့ ရိက္ခာခဲယမ်းတွေ ပို့ဆောင်နေ

ဖာပွန်၊ နိုဝင်ဘာ ၃ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်တပ်စခန်းတွေ မကျရေးအတွက် စစ်ကော်ရှင်တပ်ဟာ လေယာဉ်နဲ့ စားနပ်ရိက္ခာတွေပါအဝင် လက်နက်ခဲယမ်းတွေ အဆက်မပြတ် ပို့ဆောင်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက စစ်ကော်မရှင်တပ်က ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ ကတိုင်တိတပ်စခန်းထဲကို လေယာဉ်နဲ့ ရိက္ခာထုပ်တွေ လာရောက်ချပေးခဲ့သလို…

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို စီးနင်းမှု မလုံလောက်သေးဘူးလို့ ထရန့် ပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၃ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာစေခဲ့တဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ပြင်းပြင်းထန်ထန် စီးနင်းမှုတွေ လုံလောက်တဲ့ အတိုင်းအတာအထိ မရောက်ရှိသေးဘူးလို့ သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။ ထရန့်ကို CBS သတင်းဌာနက အောက်တိုဘာ ၃၁ ရက်က အင်တာဗျူးမေးမြန်းခဲ့တာ ဖြစ်ပြီး CBS က…

နျူကလီးယား စက်ရုံတွေကို ကြီးမားတဲ့အင်အားနဲ့ ပြန်လည် တည်ဆောက်မယ်လို့ အီရန် ပြော

တီဟီရန်၊ နိုဝင်ဘာ ၃ ပြီးခဲ့တဲ့ ဇွန်လက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးသွားတဲ့ နျူကလီးယား စက်ရုံတွေကို ပိုကြီးမားတဲ့အင်အားနဲ့ ပြန်လည် တည်ဆောက်သွားမှာ ဖြစ်ကြောင်း ၊ မိမိတို့အနေနဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာ မဟုတ်ဘူးလို့ အီရန်သမ္မတ မာဆောက် ပီဇက်ခီယန်က နိုဝင်ဘာ ၂ ရက်က ပြောလိုက်ပါတယ်။ အမေရိကန်…