October 24, 2025

စစ်အာဏာသိမ်း (၁၇၂၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၀၅) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၅ AAPP ရဲ့ အောက်တိုဘာ၂၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၂၇) ရက်အတွင်း ပြည်သူ (၇၄၀၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၈၆၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၁၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခွင့်မရှိတဲ့ အာဆီယံထိပ်သီးအစည်းအဝေး ဘာတွေထူးခြားလာနိုင်မလဲ

နေပြည်တော် ၊ အောက်တိုဘာ ၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တက်ရောက်မယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအ ဝေးမှာ မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခွင့်မရှိတဲ့အပေါ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထူးခြားတဲ့ အပြောင်းအလဲဖြစ်လာမလားဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။ အောက်တိုဘာ ၂၆ ကနေ ၂၈ ရက်နေ့အထိ ကွာလာလမ်ပူမြို့မှာ ကျင်းပသွားမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တို့ တက်ရောက်မှာ…

ကော့ကရိတ်မြောက်ပိုင်း ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ်၊ အောက်တိုဘာ ၂၅ ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်း မြပတိုင်ကျေးရွာအုပ်စုမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းနဲ့ KNLA KNDO ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့ မနက်ပိုင်းက မြပတိုင်ရွာနဲ့ ကော့ဖန်ရပ်ကျေးရွာကြားမှာ နှစ်ဖက်တိုက်ပွဲ နာရီတော်တော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှု များ ပြားနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက…

သထုံတိုက်ပွဲအတွင်း ဒေသခံသုံးဦးကို စစ်တပ်ဖမ်းဆီးသွား

သထုံ၊ အောက်တိုဘာ ၂၅ မွန်ပြည်နယ် သထုံမြို့နယ် ရေဝေကျေးရွာနဲ့ချောင်းစောင့်ကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက် ပွဲအတွင်း စစ်ကော်မရှင်တပ်က ရွာသားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကော် မရှင်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။…

ယူကရိန်း စစ်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်သားတွေအတွက် မြောက်ကိုရီးယားက အထိမ်းအမှတ် ပြတိုက် ဆောက်လုပ်နေ

ဆိုးလ်၊ အောက်တိုဘာ ၂၄ ယူကရိန်းနဲ့တိုက်ခိုက်နေတဲ့ ရုရှားစစ်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်သားတွေအတွက် အထိမ်းအမှတ် အဆောက်အဦ တစ်ခု စတင်တည်ဆောက်နေကြောင်း နိုင်ငံပိုင် မီဒီယာက အောက်တိုဘာ ၂၃ ရက်မှာ ဖော်ပြပါတယ်။ တိုက်ခိုက်ရေး စွမ်းဆောင်မှု အထိမ်းအမှတ်ပြတိုက်ကို မြို့တော် ပြုံယမ်းမှာ တည်ဆောက်သွားမှာ ဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ မြောက်ကိုရီးယားဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ အခမ်းအနားတက်ရောက်ခဲ့ကြောင်း KCNA…

ပူတင်ကို မိမိတို့ စောင့်ကြည့်နေတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး သတိပေး

လန်ဒန်၊ အောက်တိုဘာ ၂၄ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟာလေက ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို သတင်းစကားတစ်ခု ပေးလိုက်ပြီး ခင်ဗျားတို့ရဲ့ ရေငုပ်သင်္ဘောတွေကို ကျွန်တော်တို့ လိုက်ရှာနေတယ်လို့ ပြောလိုက်ပါတယ်။ ဗြိတိန်ရေပြင်ကို ခြိမ်းခြောက်နေတဲ့ ရုရှားသင်္ဘောတွေ ၃၀ ရာခိုင်နှုန်းအထိ ပိုများလာတယ်လို့ ဝန်ကြီးဟာလေက ပြောပါတယ်။ ဒါဟာ ရုရှားရဲ့ ရန်စမှုတွေ ပိုများလာတဲ့ လက္ခဏာ ဖြစ်ပြီး…

လောင်းလုံးမှာ ဒေသခံ ၅၀ ကျော် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရ

လောင်းလုံး၊ အောက်တိုဘာ၂၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ဒေသခံပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကစလို့ ရေလမ်းကနေ ကျောက်ဆင်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် သဘော့ဆိပ်၊ကရင်ကြီးနဲ့ ကမ်းပနီကျေးရွာ အနီးပတ်ဝန်းကျင်တွေကို စစ်ကြောင်းထိုးနေတာပါ။…

ပုလောမှာ အုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ တပ်သား တစ်ဦး ပစ်သတ်ခံရ

ပုလော၊ အောက်တိုဘာ ၂၄ တနင်္သာရီတိုင်း ပုလောမြို့ အမှတ် ၄ ရပ်ကွက် မူလတန်းကျောင်းအနီးမှာ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ တပ်သား တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ ကျောက်စုဂိတ်ဘက်ကနေ အမှတ် ၄ ရပ်ကွက်…

အနောက်ဖက် ကမ်းခြေဒေသကို ပိုင်နက်ထဲ သွပ်သွင်းရင် အကူအညီတွေ ဆုံးရှုံးသွားနိုင်တယ်လို့ အစ္စရေးကို ထရန့် သတိပေး

ဝါရှင်တန်၊ အောက်တိုဘာ ၂၄ အစ္စရေးအနေနဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဖက် ကမ်းခြေဒေသကို သူတို့ ပိုင်နက်ထဲ သွပ်သွင်းခဲ့မယ်ဆိုရင် အမေရိကန်ဆီက ရရှိနေတဲ့ အရေးပါတဲ့ ကူညီထောက်ပံ့မှုတွေ အစ္စရေး လက်လွှတ် ဆုံးရှုံးရလိမ့်မယ်လို့ သမ္မတ ထရန့်က ပြောကြားကြောင်း တိုင်းမ်စ် မဂ္ဂဇင်းရဲ့ အောက်တိုဘာ ၂၃ ရက် ဖော်ပြတဲ့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။ အနောက်ဖက် ကမ်းခြေဒေသကို…

အာဆီယံညီလာခံ တက်မယ့် ထရန့်ကို ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်

ဂျိုဟိုးဘာရူး၊ အောက်တိုဘာ ၂၄ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အာဆီယံညီလာခံသို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် တက်ရောက်မှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကြောင့် မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်ရဲ့ ကုန်သွယ်ရေးနဲ့ ဒေသဆိုင်ရာ လုံခြုံရေး အစီအစဉ်တွေကို ထိခိုက်စေဖွယ် မရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ညီလာခံနဲ့…