September 24, 2025

မြောက်ကိုရီးယားနဲ့ တင်းမာမှုလျှော့ချမယ်လို့ တောင်ကိုရီးယား သမ္မတ ကတိပြု

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၄ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်နဲ့အတူ မြောက်ကိုရီးယားနဲ့ မလိုလားအပ်တဲ့ စစ်ရေး တင်းမာမှု အဆိုးသံသရာ အဆုံးသတ်ရေး လုပ်ဆောင်သွားမယ်လို့ တောင်းကိုရီးယားသမ္မတ လီဂျေးမြောင်က စက်တင်ဘာ ၂၃ ရက်မှာ ကတိပြုလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပထမဆုံး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတ လီက နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးဟာ…

ရာသီဥတုပြောင်းလဲမှုဟာ ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး လူလိမ်အလုပ်လို့ ထရန့် ပြော

qနယူးယောက်၊ စက်တင်ဘာ ၂၄ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်တွေနဲ့ နိုင်ငံစုံ အဖွဲ့အစည်းတွေအပေါ် နှစ်ဆတိုး ဝေဖန်တဲ့အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကုလသမဂ္ဂ အထွေထွေညီလာခံသို့ စက်တင်ဘာ ၂၃ ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာ ရာသီဥတု ပြောင်းလဲမှုကို ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး လူလိမ် အလုပ်အဖြစ် ပယ်ချ ပြောဆိုလိုက်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုဟာ အမှန်တကယ်…

စစ်အာဏာသိမ်း (၁၆၉၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၂၇၈) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂၄ AAPP ရဲ့ စက်တင်ဘာ၂၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၆၉၆) ရက်အတွင်း ပြည်သူ (၇၂၇၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၇၁၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

MSDF တပ်တွင်းပြဿနာ သုံးလအတွင်း ပြန်လည်ညှိနှိုင်းဖို့ MSFC ဆုံးဖြတ်

မော်လမြိုင် ၊ စက်တင်ဘာ ၂၄ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ တပ်တွင်းမှာ နှစ်ဘက်အသွင်ဖြစ်နေတဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးရဲ့ ပြဿနာတွေကို သုံးလအတွင်း တစ်ဦးနဲ့တစ်ဦး ငြိမ်းချမ်းစွာ ပြန်လည်ညှိနှိုင်းအဖြေရှာဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ဆုံးဖြတ်တိုက်တွန်းလိုက်ပါတယ်။ ဇူလိုင် ဒုတိယပတ်မှာဖြစ်ပွားခဲ့တဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ ပဋိပက္ခမှာ အမှုမှန်ပေါ် ပေါက်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီး စုံစမ်းညှိနှိုင်းရေးကော်မတီတစ်ရပ်ကို…

မော်လမြိုင် မြို့ကွက်သစ်စီမံကိန်း မြေကွက်တွေကို တပ်အရာရှိတွေ လက်လွှဲရောင်းချ

မော်လမြိုင် ၊ စက်တင်ဘာ ၂၄ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ လှိုင်ရတနာမြို့ကွက်သစ်ဖော်ထုတ်ရေး စီမံကိန်းကနေ ဈေးပေါပေါနဲ့ရတဲ့ မြေကွက်တွေကို စစ်တပ်အရာရှိတွေက ဈေးတင်ပြီး လက်လွှဲရောင်းချနေတယ်လို့ အိမ်ခြံမြေအကျိုး ဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က ကျူးကျော်မြေ အကြောင်းပြချက်နဲ့ သိမ်းဆည်းထားတဲ့ မြေကွက်တွေကို လှိုင်ရတနာ မြို့ကွက်သစ်ဖော်ထုတ်ရေး စီမံကိန်း လုပ်ဆောင်ပြီးနောက် အဲဒီထဲက…

ရေးမြို့က ရွှေလင်းယုန် ရွှေဆိုင်ပိုင်ရှင် နေအိမ်ဖောက်ထွင်းခံရ

ရေး၊ စက်တင်ဘာ ၂၄ မွန်ပြည်နယ် ရေးမြို့ ရန်မျိုးအောင်ရပ်ကွက်နေ ရွှေလင်းယုန် ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ဖောက်ထွင်းခံရတာ ကြောင့် ရွှေနဲ့ငွေ ကျပ်သိန်း ၅၀၀၀ ထက်မနည်း ပါသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၂ နာရီအချိန်လောက်မှာ မိုးသည်းထန်စွာ ရွာနေချိန် ဖောက်ထွင်းသ မားတွေက နေအိမ်ရဲ့ခေါင်းမိုးကနေ ဖောက်ဝင်ပြီး…