September 21, 2025

မွန်လွတ်‌မြောက်ရေးတပ်တော် MLF နဲ့ မွန်ပြည်သစ်ပါတီ AD/ ရာမညမွန်တပ်တော်တို့ ပေါင်းစည်း

မော်လမြိုင် ၊ စက်တင်ဘာ ၂၁ စစ်အာဏာရှင်စနစ်ကို ထိရောက်စွာ တိုက်ဖျက်နိုင်ဖို့ မွန်လွတ်မြောက်ရေးတပ်တော် MLF နဲ့ မွန်ပြည်သစ်ပါတီ AD/ ရာမညမွန်တပ်တော်တို့ ပေါင်းစည်းလိုက်တယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ နှစ်ဘက်အဖွဲ့က ပူးတွဲသတင်းထုတ်ပြန်ပါတယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေး ရည်ရွယ်ချက်နဲ့ စက်တင် ဘာ ၁၈ ရက်နေ့မှာ ပေါင်းစည်းခဲ့တာဖြစ်ပြီး မွန်လွတ်မြောက်ရေးတပ်တော်ရဲ့…

မော်လမြိုင်မှာ တောင်းရမ်းစားသောက်သူတွေ ပိုများလာ

မော်လမြိုင် ၊ စက်တင်ဘာ ၂၁ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်တပ်အာဏာသိမ်းတဲ့ ငါးနှစ်နီးပါးကာလအတွင်း နည်းလမ်းအမျိုးမျိုးနဲ့ တောင်းရမ်း စားသောက်သူတွေ အရင်ကထက် ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ တောင်းရမ်းစားသောက်သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အများဆုံးပါဝင်ပြီး အသက်ကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေပါ တောင်းရမ်း စားသောက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။ တောင်းရမ်းစားသောက်သူအများစုဟာ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာ…

စစ်ကော်မရှင်ခန့် မွန်ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ်

ချောင်းဆုံ၊ စက်တင်ဘာ ၂၁ အာဏာသိမ်း စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ သူရဲ့ ဇာတိမြေဖြစ်တဲ့ ချောင်းဆုံမြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက စုံစမ်းသိရှိရပါတယ်။ ဦးအောင်ကြည်သိန်းဟာ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ကနေ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။ ဦးအောင်ကြည်သိန်းဟာ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီလို့ လူသိများတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ မွန်ပြည်နယ် ဥက္ကဋ္ဌလည်း…