September 7, 2025

ပွင့်ဖြူ တိုက်ပွဲမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂၂ ဦး ထိခိုက်သေဆုံး

မကွေး စက်တင်ဘာ ၇ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ၂၂ ဦး ထိခိုက်သေဆုံးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်မှာ ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်က​နေ ထွက်လာတဲ့ အင်အား ၁၅၀ ပါ စစ်ကြောင်းနဲ့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းတို့ ဖလံကျင်းကျေးရွာအနီးမှာ တိုက်ပွဲ…

ထိန်းချုပ်လှုပ်ရှားဒေသတွေမှာ ရွေးကောက်ပွဲ လုပ်ခွင့်မပြုဘူးလို့ ရာမညမွန်တပ်တော်ပြော

ရေး ၊ စက်တင်ဘာ ၇ မွန်ပြည်သစ်ပါတီ AD / ရာမညမွန်တပ်တော်အနေနဲ့ စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်ပြီး ထိန်းချုပ်ဒေသနဲ့ လှုပ်ရှားဒေသတွေမှာ ရွေးကောက်ပွဲပြုလုပ်တာကို လုံးဝ လက်မခံဘူးလို့ အသိပေးကြေညာပါတယ်။ စစ်‌ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်ရဲ့ နိုင်ငံ‌ရေးစစ်ရေးဦးဆောင်ကော်မတီက စက်တင်ဘာ ၅ ရက်နေ့မှာ သဘော ထားထုတ်ပြန်လာတာပါ။…

ရွေးကောက်ပွဲကို မျှော်လင့်ချက်မထားဘဲ ဆက်လက်တော်လှန်ဖို့ တိုက်တွန်း

မော်လမြိုင် ၊ စက်တင်ဘာ ၇ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်မထားဘဲ ဆက်လက်တော်လှန်ဖို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြည်သူလူထုတွေကို စက်တင်ဘာ ၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ကျဉ်းထဲကြပ်ထဲရောက်နေချိန် နိုင်ငံရေးထွက် ပေါက်ရှာတဲ့ လုပ်ရပ်သက်သက်သာဖြစ်ပြီး ကျောင်းသားပြည်သူတွေအပေါ် စေတနာရှိရှိ စစ်မှန်ပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမျိုး မဟုတ်ဘူးလို့…