September 6, 2025

သင်္ဃန်းညီနောင်ဒေသကို စစ်တပ် ပြန်လည်ထိန်းချုပ်

မြဝတီ၊ စက်တင်ဘာ ၇ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဒေသကို စစ်ကော်မရှင်က ကြည်ကြောင်း၊လေကြောင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဒေသတွင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာရှလမ်းမကြီးနဲ့ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကနေ ထိုးစစ်ဆင်တိုက်ခိုက်လာနေသလို မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းထဲကနေလည်း စက်တင်ဘာ ၁ ရက်နေ့က…

ဂျော်ဂျီယာရှိ ဟွန်ဒိုင်း စက်ရုံကို အမေရိကန် လဝက ဝင်ရောက်စီးနင်းပြီး ရာနဲ့ချီတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို ဖမ်းဆီး

ဝါရှင်တန်၊ စက်တင်ဘာ ၆ ဂျော်ဂျီယာပြည်နယ်ရှိ ဟွန်ဒိုင်း စက်ရုံကို တရားရုံးရဲ့ ရှာဖွေဝရမ်းနဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက စက်တင်ဘာ ၄ ရက်က ဝင်ရောက်စီးနင်းပြီး လူ ၄၇၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ စက်ရုံဟာ တောင်ကိုရီးယားကုမ္ပဏီ ဟွန်ဒိုင်းက လျှပ်စစ်ကားတွေ ထုတ်လုပ်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။ မိမိတို့ ဖမ်းဆီးထားသူ အများစုဟာ…

တရုတ်နဲ့ ပါကစ္စတန် ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံရေး စာချုပ်ချုပ်

အစ္စလာမ်မာဘက်၊ စက်တင်ဘာ ၆ ဝန်ကြီးချုပ် ရှီဘတ်စ် ရှာရစ်ဖ်ရဲ့ ဘေဂျင်းခရီးစဉ်အတွင်း ပါကစ္စတန်နဲ့ တရုတ်တို့ ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံတန် ရင်းနှီးမြှုပ်နှံရေး စာချုပ်သစ် တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ပါကစ္စတန် နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ စက်တင်ဘာ ၄ ရက်က တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှာ အပြီးသတ် ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေထဲ ဒေါ်လာ…

နှစ်ဖက်တိုက်ပွဲကြောင့် ပိတ်ထားတဲ့ ရေး-ထားဝယ်ကားလမ်းပြန်ဖွင့်

ရေဖြူ၊ စက်တင်ဘာ ၆ နှစ်ဖက်တိုက်ပွဲတွေကြောင့် ၁၀ ရက်ကျော်ကြာ ပိတ်ထားတဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နည်းဗျူဟာ ၃၃ စစ်ဆင်ရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့ကစပြီး ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းပိုင်းက ကျေးရွာတွေကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် အဲဒီလမ်းပိုင်းအသုံးပြုခွင့်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက…

ရွေးကောက်ပွဲလုံခြုံရေး ထိခိုက်အောင် အွန်လိုင်းပေါ် လှုံဆော်မှုတွေကို ဖော်ထုတ်အရေးယူဖို့ စစ်ကော်မရှင်ပြော

နေပြည်တော် ၊ စက်တင်ဘာ ၆ အထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံဆော်မှုတွေ ဝါဒဖြန့်မှုတွေကို အွန်လိုင်းမီဒီယာ အသုံးပြုပြီး ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ် အရေးယူသွားဖို့ လိုအပ်တယ်လို့ စစ်ကော်ရှင်ရဲ့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ စက်တင်ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံ ရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး…

မုန်းမှာ စစ်တပ်လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

မုန်း၊ စက်တင်ဘာ ၅ ပဲခူးတိုင်း မုန်းမြို့နယ် ငထွေစုတ်ကျေးရွာနဲ့ ရေလဲကျေးရွာတို့မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဂြောာင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က နတ်သံကွင်းအခြေစိုက် စစ်ကော်မရှင်တပ်ကနေ တိုက်ပွဲမရှိဘဲ ရေလဲကျေးရွာ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး ခြောက်လုံးထက်မနည်း ဆက်တိုက်ပစ်ခတ်ခဲ့တာပါ။…