ပြည်ပရောက်နိုင်ငံသားတွေဆီက အထောက်အထားအပြည့်အစုံနဲ့ ကြိုတင်မဲရဖို့ စစ်ကော်မရှင် ကြိုးပမ်း
နေပြည်တော် ၊ ဩဂုတ် ၂၄ ဒီဇင်ဘာနှောင်းပိုင်းမှာ စတင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီက အထောက်အထားအပြည်အစုံနဲ့ ကြိုတင်ဆန္ဒမဲရရှိဖို့ စစ်ကော်မရှင်က ကြိုးပမ်းလာပါတယ်။ ပြည်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ ပုံစံ (၁၅) တွေကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးတွေမှာ စတင်ထုတ်ယူနိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၂၁ ရက်နေ့မှာ အသိပေးကြေညာခဲ့တာပါ။ ပုံစံ (၁၅)…
