မွန်ပြည်နယ်က နိုင်ငံရေးပါတီတွေနဲ့မပူးပေါင်းဖို့ တော်လှန်ရေးအင်အားစုတွေသတိပေး
မော်လမြိုင် ၊ ဇူလိုင် ၃ မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် အထွေထွေရွေး ကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ မပူးပေါင်းကြဖို့ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက သတိပေးလိုက်ပါတယ်။ စစ်ခေါင်းဆောင်က အထွေထွေရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ်အစမှာ ပြုလုပ်သွားမယ်လို့ ပြောဆိုပြီးနောက် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီတချို့ဟာ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်လာတာပါ။…
