July 2025

အီလွန်မတ်စ်ရဲ့ နိုင်ငံရေးပါတီအသစ် တည်ထောင်မယ့် အစီအစဉ် အဓိပ္ပါယ် မရှိဘူးလို့ ထရန့် ပြော

ဝါရှင်တန်၊ ဇူလိုင် ၇ အရင်က ရင်းနှီးတဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ဘီလျံနာသူဌေးကြီး အီလွန်မတ်စ်ရဲ့ နိုင်ငံရေးပါတီ အသစ် တည်ထောင်မယ့် အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဝေဖန်ထိုးနှက်ပြီး အဓိပ္ပါယ် မရှိဘူးလို့ ပြောလိုက်ပါတယ်။ “တတိယမြောက် နိုင်ငံရေးပါတီ တစ်ခု စတင်ဖို့ ဆိုတာ အဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်ထင်တယ်” လို့ ဇူလိုင် ၆…

စစ်ကောင်စီဖိတ်ခေါ်မှု စိတ်မဝင်စားဘူးလို့ တော်လှန်ရေးအဖွဲ့တွေတုံ့ပြန်

နေပြည်တော် ၊ ဇူလိုင် ၆ ဒီဇင်ဘာမှာ စစ်ကောင်စီကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အပြည့်အဝ ပူးပေါင်းပါဝင်ဖို့ PDF နဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်မှုအပေါ် စိတ်မဝင်စားဘူးလို့ တော်လှန် ရေးအဖွဲ့တွေက တုံ့ပြန်ပါတယ်။ ဇူလိုင် ၅ ရက်နေ့က ထုတ်တဲ့ ဝါဒဖြန့် နိုင်ငံပိုင်သတင်းစာတွေမှာ ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက် ဆိုတဲ့ ခေါင်းစဉ်နဲ့ PDF တွေအပါအဝင်…

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်ဖမ်းမိပါက ငွေကြေးအဆမတန်ပေးမှ လူအာမခံရ

မော်လမြိုင် ၊ ဇူလိုင် ၆ မွန်ပြည်နယ်မှာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်နဲ့ဘေးတွဲဆိုင်ကယ်တွေ ဖမ်းမိပါက စစ်ကောင်စီ ရဲတပ်ဖွဲ့အပါအဝင် ဖမ်းဆီးရေး အဖွဲ့မှာ ပါဝင်တဲ့ ဌာနဆိုင်ရာတွေကို ငွေကြေးအဆမတန် ပေးဆောင်မှသာ လူကို အာမခံပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လိုင်စင်မဲ့ယာဉ်တွေကို စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်ကြောင့် ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်ကစတင်ပြီး ဒေသတွင်းက နေရာအနှံ့အပြားမှာ စီမံချက်နဲ့ ကျယ်ကျယ်ပြန့်ပြန့်…

ကျိုက်ထိုအခြေစိုက်တပ်ရင်းတွေမှာ စစ်ကောင်စီ တပ်တွင်းပြင်ဆင်မှုအရှိန်မြှင့်

ကျိုက်ထို၊ ဇူလိုင် ၆ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ်မြောက်ပိုင်း ကျိုက်ထိုမြို့နယ်ရဲ့ အခြေစိုက်တပ်ရင်းတွေမှာ တပ်တွင်းပြင်ဆင်မှု အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လလောက်ကစလို့ စစ်ကောင်စီတပ်ရင်းတွေမှာ ဘန်ကာတွေကို အဆင့်မြှင့်တင်တာ၊ လက်နက်ကြီး အထိုင်နေရာတွေကို လေကြောင်းကနေ ကင်းထောက်လို့မရအောင် ပုံဖျက်တာနဲ့ စစ်သင်တန်းပို့ချမှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာပါ။ ဒါ့အပြင် ကျိုက်ထိုအခြေစိုက်…

ရွေးကောက်ပွဲအတွက် မွန်ညီညွတ်ရေးပါတီရဲ့ ရှေ့လားရာ

“ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ကျွန်တော်တို့ ပါတီဆက်ရှိနေမယ်ဆိုရင် ရွေးကောက်ပွဲကို မဖြစ်မနေ ဖြတ်ကျော်ရမှာပဲ။ တကယ်လို့ ပြည်သူလူထုက ပါတီမရှိလည်း ရတယ်ဆိုတဲ့ အမြင်မျိုးထွက်လာရင် ကျွန်တော်တို့ ပါတီကတော့ တခြားနည်းလမ်းတွေ ရွေးမှာပေါ့” – နိုင်သန်းရွှေ (MUP ပြောခွင့်ရ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပြည်နယ်အဆင့်စည်းရုံးမယ့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရထားတဲ့ မွန်ညီညွတ်ရေးပါတီက ပြည်တွင်းမှာ မွန်နိုင်ငံရေးပါတီတစ်ခု ရပ်တည်ဖို့ သင့် မသင့်…

ရှီကျင့်ဖျင်နဲ့ ပူတင် မပါဘဲ BRICS အစည်းအဝေး စတင်

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၅ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် BRICS အစည်းအဝေး မတက်ဘူးလို့ ပြောထားတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နိုင်ငံတကာရာဇဝတ် တရားရုံး ICC ဖမ်းဝရမ်းကြောင့် ဘရာဇီးသို့ မသွားဘူးလို့ ပြောထားတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ မပါတဲ့ အစည်းအဝေးကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ဇူလိုင် ၄ ရက်က စတင်ခဲ့ပါတယ်။…

ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှား စစ်ရှုံးမယ့်အရေး လက်မခံနိုင်ဘူးလို့ တရုတ် ပြော

ဘေဂျင်း၊ ဇူလိုင် ၅ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှား စစ်ရှုံးသွားရင် အမေရိကန်က ဘေဂျင်းအပေါ် ရာနှုန်းပြည့် အာရုံစိုက်လာမှာ ဖြစ်တာကြောင့် ရုရှား ရှုံးနိမ့်မယ့်အရေး လက်မခံနိုင်ဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဥရောပသမဂ္ဂ ထိပ်တန်းသံတမန်ကို ပြောကြားခဲ့ပါတယ်။ ပဋိပက္ခအတွင်း ကြားဝင် မစွက်ပါဘူးလို့ တရုတ်က လူသိရှင်ကြား ပြောဆိုထားပေမယ့် အခု ပြောဆိုမှုက သူတို့ရဲ့…

စစ်မှုထမ်း အပတ်စဉ် ၁၂ သင်တန်းဆင်း

နေပြည်တော်၊ ဇူလိုင် ၅ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၁၂ သင်တန်းဆင်းပွဲကို ဇူလိုင် ၄ ရက်နေ့က တိုင်းစစ်ဌာ နချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်း အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဝါဒဖြန့်သတင်း စာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စစ်မှုထမ်းအပတ်စဉ် ၁၂ သင်တန်းကို ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင် တန်းကာလ ၂…

စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးနည်းလမ်းဟာ နိုင်ငံ့ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မှာ မဟုတ်ဘူးလို့ KNU ဥက္ကဋ္ဌ ပြော

ဘားအံ၊ ဇူလိုင် ၅ စစ်အုပ်စုရဲ့ အာဏာဆုပ်ကိုင်ရေးနဲ့ အတင်းအဓမ္မ အုပ်ချုပ်ရေးနည်းလမ်းဟာ နိုင်ငံ့ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မှာမဟုတ်သလို ဖွံ့ဖြိုးတိုးတက်လာမှာမဟုတ်ဘဲ စစ်အာဏာရှင် အဆုံးသတ်ဖို့အတွက် နည်းလမ်းအမျိုးမျိုးအသုံးပြုပြီး ဆန့်ကျင်ကြရမယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ…

ရဲတပ်သားတစ်ဦး မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းထံ အလင်းဝင်

မြိတ်၊ ဇူလိုင် ၅ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မရဲစခန်းက ရဲတပ်သား တစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းထံ အလင်းဝင်ခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန ပြန်ကြားရေးက ဇူလိုင် ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရဲတပ်ဖွဲ့ဝင် သက်တမ်း ၁၁ နှစ်ရှိပြီးဖြစ်တဲ့ ရဲတပ်သား ရန်နိုင်လင်းဟာ မိဘတွေရှိရာ တနင်္သာရီမြို့နယ်ဘက်ကို ထွက်ပြေးလာပြီးနောက် မြိတ်ခရိုင်…