July 2025

ရွေးကောက်ပွဲအတွက် အီလက်ထရောနစ်မဲပေးစက်အပေါ် စစ်ကောင်စီ ရိုးသားနိုင်မလား

နေပြည်တော် ၊ ဇူလိုင် ၁၆ စစ်ကောင်စီဟာ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စစ်ရေး၊နိုင်ငံရေးအပါအဝင် အကျပ်အတည်းတွေအားလုံးကို ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရင် တရားဝင်မှုရပြီး ထွက်ပေါက်ရရှိနိုင်မယ်လို့ ယုံကြည်ထားတာပါ။ ဒီအတွက် နိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် လုံခြုံရေးအရ အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုဖို့ စစ်ကောင်စီက အာဏာသိမ်းကာလမှာ ကြိုတင်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၀ ကျော်မှာ…

KNU တပ်မဟာ ၃ နယ်မြေက ခြောက်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၀ ကျော် သေဆုံး

ညောင်လေးပင်၊ ဇူလိုင် ၁၆ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေက ခြောက်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၀ ကျော် သေဆုံးခဲ့တယ်လို့ KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ ခြောက်လတာအတွင်း KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃…

ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်တပ်ဘက်က နေ့ရောညပါ လက်နက်ကြီးပစ်ခတ်‌နေ

ကျိုက်မရော၊ ဇူလိုင် ၁၆ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ဝှမ်း‌ဒေသရှိ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က နေ့ရောညပါ လက်နက်ကြီးပစ်ခတ်မှုတွေ ထပ်မံပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဇာသပြင်အခြေစိုက် အမှတ် ၈၁ ခြေလျင်တပ်ရင်း၊ အမှတ် ၂၀၈ ခြေမြန်တပ်ရင်းအပါအဝင် အထိုင်တပ်စခန်းတွေကနေ ပြီးခဲ့တဲ့ ဇွန်လအလယ်လောက်ကစလို့ ဂျိုင်းမြစ်ဝှမ်းဒေသက ကျေးရွာ‌တွေကို နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုတွေ…

ငြိမ်းချမ်းရေးဖိုရမ်မှသည် ရွေးကောက်ပွဲဆီသို့ ဦးတည်နေပြီလား

“ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်တယ်ဆိုရင်လည်း အကောင်းမြင်ရှိနေချင်ပါတယ်။ သို့သော်လည်း လက်နက်ကိုင်အဖွဲ့တွေကို ပူးပေါင်းပါဝင်ဖို့ ဆိုတာက လက်နက်ကိုင်တပ်တွေရဲ့နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ရန်လို့ပဲ ကျွန်တော်တို့ နားလည်တယ်ခင်ဗျ။” – ဗိုလ်မှူးကြီး စောကျော်ညွန့် ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းမှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်မှာ နိုင်ငံရေးပါတီတွေ အပစ်ရပ် EAO တွေလည်း တက်ရောက်ကြပါတယ်။ အဲဒီဖိုရမ်မှာ…

ကမ္ဘောဒီးယားက စစ်မှုထမ်းဥပဒေကို လာမယ့်နှစ်မှာ စတင်ကျင့်သုံးမယ်

ဖနွမ်းပင်၊ ဇူလိုင် ၁၅ ထိုင်းနဲ့ နယ်စပ်တင်းမာမှု မြင့်တက်လာတာကြောင့် အသက် ၁၈ နှစ်နဲ့ ၃၀ ကြားအရွယ်ရှိ ကမ္ဘောဒီးယား အမျိုးသားများအားလုံး လာမယ့်နှစ်က စတင်ပြီး မဖြစ်မနေ စစ်မှုထမ်းကြရတော့မှာ ဖြစ်ပါတယ်။ ကာလရှည်ရှိနေခဲ့တဲ့ နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုကြောင့် နယ်စပ် ဖြတ်ကျော် ပစ်ခတ်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးခဲ့တဲ့ မေလကတည်းက…

ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းနဲ့ သဘောတူညီမှု မရယူရင် ရုရှားကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်မယ်လို့ ထရန့် သတိပေး

ဝါရှင်တန်၊ ဇူလိုင် ၁၅ ယူကရိန်းသို့ နေတိုးအဖွဲ့ကတစ်ဆင့် လက်နက်ပေးပို့မယ့် အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ချပြပြီး ရုရှားအနေနဲ့ ယူကရိန်း စစ်ပွဲကို ရက်ပေါင်း ၅၀ အတွင်း အဆုံးမသတ်ရင် ကြီးမားတဲ့ စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးကြိုပမ်းမှုတွေ…

သရက်မြို့နယ်မှာ စစ်မှုထမ်းပေါ်တာဆွဲခံရသူ တစ်ဦး ရှေ့တန်းကနေ အလင်းဝင်

မကွေး ဇူလိုင် ၁၅ မကွေးတိုင်း သရက်မြို့နယ်မှာ စစ်မှုထမ်း ပေါ်တာဆွဲခံရသူ တစ်ဦးရှေ့တန်းကနေ အလင်းဝင်ရောက်လာတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သရက်မြို့နယ်မှာ ပေါ်တာဆွဲခံရပြီး မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အစပ်က နတ်ရေကန် ရှေ့တန်းစခန်းကိုရောက်လာတဲ့ အသက် ၂၄ နှစ်အရွယ် ကိုမောင်(အမည်လွှဲ)က ရှေ့တန်း ကင်းကျချိန် လက်နက်ခဲယမ်းတွေနဲ့အတူ ပြီးခဲ့တဲ့ ဇွန် ၂၅…

ခြောက်လအတွင်း တော်လှန်ရေးရဲဘော် ၅၀၀ ကျော်ကျဆုံး

မော်လမြိုင်၊ ဇူလိုင် ၁၅ နိုင်ငံတဝန်းမှာ အခုနှစ် ခြောက်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် ၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့ Spring Revolution Database- SRD က ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ခြောက်လအတွင်း နိုင်ငံတဝန်းက တိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော်…

သီပေါမြို့ ဗုံးကြဲခံရလို့ အရပ်သားနှစ်ဦး ထပ်မံသေဆုံး

သီပေါ၊ ဇူလိုင် ၁၅ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ မနေ့ ဇူလိုင် ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ သီပေါမြို့ရှိ တောင်မြို့ရပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင်…

ကရင်နီ၊ ကရင်နဲ့ မွန်အဖွဲ့တို့ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းဖို့ သဘောတူ

မော်လမြိုင် ၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ ကရင်နီ၊ကရင်နဲ့ မွန်အဖွဲ့ တို့ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်ဖို့ လက်မှတ်ရေးထိုး သဘောတူထားတယ်လို့ မွန်ပြည်သစ်ပါတီ AD / ရာမညမွန်တပ်တော် နိုင်ငံ‌ရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ နိုင်ဇေယျက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD /…