July 8, 2025

မြန်မာပို့ကုန်တွေကို အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ထရန့် အသိပေးစာ ပေးပို့

ဝါရှင်တန်၊ ဇူလိုင် ၈ အမေရိကန်သို့ မြန်မာနိုင်ငံက တင်ပို့တဲ့ ကုန်စည်တွေကို အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမှု လာမယ့် သြဂုတ်လ ၁ ရက်မှာ စတင် အသက်ဝင်မှာ ဖြစ်ကြာင်း သမ္မတ ဒေါ်နယ်ထရန့်က အသိပေးစာ ပေးပို့ထားပါတယ်။ မြန်မာအပါအဝင် လာအို၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဂျပန်နဲ့ တောင်ကိုရီးယား…

တရုတ်က နိုင်ငံပေါင်း ၇၄ နိုင်ငံအထိ တိုးပြီး ဗီဇာမလိုဘဲ ပြည်ဝင်ခွင့်ပြု

ဘေဂျင်း၊ ဇွန် ၈ တရုတ်အစိုးရက ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ပိုများလာစေရေး နိုင်ငံပေါင်း ၇၄ အထိ တိုးပြီး ဗီဇာ မလိုဘဲ ပြည်ဝင်ခွင့်ပြုကြောင်း ကြေညာပါတယ်။ ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံသို့ ဗီဇာမပါဘဲ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားဧည့်သည် သန်း ၂၀ ကျော်ရှိပြီး အဲဒီမတိုင်ခင်နှစ်ကထက် နှစ်ဆ ပိုများလာကြောင်း အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။…

ပူတင် ထုတ်ပယ်ထားတဲ့ ရုရှားဝန်ကြီးကို သေဆုံးလျက် တွေ့ရှိ

မော်စကို၊ ဇူလိုင် ၈ ရုရှား ပို့ဆောင်ရေးဝန်ကြီးဟောင်း ရိုမန် စတာရိုဗွိုက်ကို သေဆုံးလျက်တွေ့ရပြီး ကိုယ့်ကိုယ်ကို ပစ်ခတ်ထားတာ ဖြစ်ပုံရတဲ့ ဒဏ်ရာနဲ့ သေဆုံးတာ ဖြစ်ကြောင်း ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။ သူ့ကို သမ္မတ ဗလာဒီမာ ပူတင်က ဇူလိုင် ၇ ရက် မနက်ပိုင်းမှာ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ထုတ်ပယ်မှုအတွက်…

ကျောက်မဲနဲ့မိုးကုတ်မြို့ ဗုံးကြဲခံရလို့ အရပ်သားလေးဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

ကျောက်မဲ၊ ဇူလိုင် ၈ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နဲ့ မိုးကုတ်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့ရတာကြောင့် အရပ်သားလေးဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ဒီကနေ့ မနက် ၉ နာရီအချိန်ခန့်မှာ မိုးကုတ်မြို့ ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး…

ရေးအခြေစိုက် စစ်ကောင်စီအမြောက်တပ် အသေခံဒရုန်းနဲ့တိုက်ခိုက်ခံရ

ရေး ၊ ဇူလိုင် ၈ မွန်ပြည်နယ် ရေးမြို့နယ် ကလော့ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ အမှတ် ၃၁၆ အမြောက်တပ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီအမြောက်တပ်ကို မနေ့ ဇူလိုင် ၇ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ တော်လှန်ရေးမဟာ မိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ ထိခိုက်ပျက်စီးမှုကို…

စစ်အာဏာသိမ်း (၁၆၁၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၈၇၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၈ AAPP ရဲ့ ဇူလိုင်၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၁၈) ရက်အတွင်း ပြည်သူ (၆၈၇၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၃၇၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၇၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

လက်လွှတ်ထားရတဲ့ မြို့တွေပြန်ရရေး စစ်ကောင်စီ မြေပြင်ဝေဟင် ထိုးစစ်ဆင်မှုအရှိန်မြှင့်

မိုးဗြဲ ၊ ဇူလိုင် ၈ စစ်ကောင်စီတပ်ဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့တွေထဲက တချို့ကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် ခြေလျင်လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကိုသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသုတေသနအဖွဲ့အစည်းတွေနဲ့ CDM တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒီရက်ပိုင်းအတွင်း မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အဓိကစစ်ကြောင်းတွေက မြို့ရဲ့ မြောက်ဘက်ခြမ်း သစ်ရာကုန်းရပ်ကွက်နဲ့ စည်ကား (၂) ရပ်ကွက်ကစလို့ လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူအချို့ ရယူကာ…

မွန်ပြည်နယ်မှာ စစ်မှုထမ်းမပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေ ရာထူးကရပ်နားခံရ

မော်လမြိုင် ၊ ဇူလိုင် ၈ မွန်ပြည်နယ်မှာ စစ်ကောင်စီ လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ် မစုဆောင်းပေးနိုင်တဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရာထူးကနေ အနားပေးခံနေရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တွေကြောင့် တပ်အင်အားလိုအပ်ချက် မြင့်မားနေတဲ့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းပြီးနောက်…

ကျွန်းစုမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ကျွန်းစု၊ ဇူလိုင် ၈ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မဲတော်ကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို သွား ရောက်ဖမ်းဆီးခဲ့ရာ အော်ဟစ်ဆဲဆိုပြီး ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က မဲတောကျေးရွာရှိ အသက် ၅၀ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက…

ကျောက်ကြီးမှာ စစ်တပ်ဒရုန်းဗုံးကြောင့် စစ်ရှောင်ပြည်သူ ခြောက်ဦးသေဆုံး

ကျောက်ကြီး၊ ဇူလိုင် ၈ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုကြောင့် အသက် တစ်နှစ်အရွယ် စစ်ရှောင်ကလေးအပါအဝင် စစ်ရှောင်ပြည်သူ ခြောက်ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင် ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ ကျောက်ကြီးမြို့နယ် နတ်သံကွင်းအထိုင်တပ်ကနေ…