June 14, 2025

ဘယ်လင်နန် နန်းတော်က ရွှေအိမ်သာ ခိုးယူသူ နှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

အောက်စဖို့ဒ်၊ ဇွန် ၁၄ အင်္ဂလန်နိုင်ငံရှိ ဘယ်လင်နန်နန်းတော် အနုပညာပြခန်း တစ်ခုကနေ စတာလင်ပေါင် ၄ ဒသမ ၈ သန်းတန်ဖိုးရှိ ရွှေအိမ်သာ ခိုးယူသူ နှစ်ဦးကိုထောင်ဒဏ်ချမှတ်လိုက်ပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလက အဲဒီ နန်းတော်ကြီးမှာ တစ်ခန်းတစ်နား ကျင်းပတဲ့ နေ့လယ်စာ စားပွဲပြီးနောက် နာရီပိုင်းအကြာမှာ အဲဒီအမျိုးသားနှစ်ဦးက ၁၈ ကာရက်လေးတဲ့ ရွှေအိမ်သာကို ဖြုတ်ပြီး…

အမေရိကန်မှာ ဒုက္ခသည်တွေကို လိမ်လည်မှုနဲ့ မြန်မာ ဆယ်လီလုပ်ငန်းရှင် ဒေါ်လာသန်းချီ ဒဏ်ရိုက်ခံရ

လော့စ်အန်ဂျယ်လိစ်၊ ဇွန် ၁၄ အမေရိကန်ရှိ အရှေ့တောင်အာရှ အသိုင်းအဝိုင်းကြား လူသိထင်ရှားသူ မြန်မာအမျိုးသမီး တစ်ဦးဟာ မြန်မာ ဒုက္ခသည်တွေဆီက ငွေကြေး လိမ်လည်မှုနဲ့ ဒဏ်ငွေ ကန်ဒေါ်လာ ၃ ဒသမ ၂ သန်းချမှတ်ခံရပါတယ်။ တစ်ဒါဇင်လောက်ရှိတဲ့ မြန်မာဒုက္ခသည်တွေကို လိမ်လည်မှုနဲ့ ပတ်သက်လို့ လီဗီ ဆတ် နင်ထန်းကို စီးပွားရေးအရ ထိခိုက်နစ်နာမှု ဒေါ်လာ ၄၅၇၀၀၀၊…

မြန်မာဒုက္ခသည်တွေကို ပြန်လည်နေရာချထားမယ့် အစီအစဉ် တောင်ကိုရီးယားပယ်ဖျက်

ဆိုးလ် ဇွန် ၁၄ ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် မြန်မာဒုက္ခသည် ၄၀ ဦးကို ယန်ယန်းဒေသသို့ ပြောင်းရွှေ့နေရာချထားမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း တောင်ကိုရီးယားအရာရှိတွေက ဇွန် ၁၂ ရက်မှာ ကြေညာပါတယ်။ ထိုင်းဒုက္ခသည်စခန်းရှိ မြန်မာဒုက္ခသည် ၄၀ ဦးကို ကနဦးအနေနဲ့ ဆိုးလ်မြို့ရဲ့ အရှေ့တောင်ဖက် ၁၃၂ မိုင်အကွာရှိ အဲဒီဒေသမှာနေရာချထားဖို့ တောင်ကိုရီးယားအရာရှိတွေက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။…

ဘားအံထောင်မှာ ထောင်ဆူပူမှုဖြစ်ပွားနေ

ဘားအံ၊ ဇွန် ၁၄ ကရင်ပြည်နယ် ဘားအံထောင်မှာ ဒီကနေ့ ဇွန် ၁၄ ရက်နေ့ မနက်ပိုင်းကစလို့ ထောင်ဆူပူမှုဖြစ်ပွားနေပြီး နိုင်ငံရေးအကျဉ်းသားအချို့ ရိုက်နှက်ခံနေရတယ်လို့ အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထောင်ဆူပူမှုဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အဆောင်တွေကို ထောင်အာဏာပိုင်တွေက အင် အား အလုံးအရင်းနဲ့ ဝင်ရောက်စစ်ဆေးရာကနေ ဖြစ်ပွားနေတာလို့ သိရပါတယ်။ ထောင်ဆူပူမှု ဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီဘက်က…

အိုးဘိုထောင်မှာ ဆေးကုသခွင့်မရလို့ CDM ကျောင်းအုပ်ဆရာမကြီးတစ်ဦး သေဆုံး

အိုးဘို၊ ဇွန် ၁၄ မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် CDM အလယ် တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် PPNM က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ CDM အလယ်တန်းကျောင်းအုပ်ဆရာမကြီး…