ဒီပဲယင်း၊ ဇွန် ၇

နိုင်ငံတဝန်းမှာ မေလတစ်လအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဇွန်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မေ ၁ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ တစ်လအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အပြစ်မဲ့အမျိုးသမီး ၉၂ ဦး သေဆုံးခဲ့ပြီး ၈၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၈၁ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၄ ဦး၊ ဖမ်း ဆီးသတ်ဖြတ်မှုကြောင့် ၄ ဦး၊ အကျဉ်းထောင်တွင်း ဆေးဝါးကုသခွင့် မရရှိတာကြောင့် ၁ ဦးနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းမှုကြောင့် ၂ ဦး အသီးသီးသေဆုံးခဲ့တယ်လို့ BWU က ဆိုထားပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၂၉ ဦး ပါဝင်ပြီး စစ်ကိုင်းတိုင်းမှာ သေဆုံးသူ ၄၁ ဦး၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ ၁၄ ဦးနဲ့ အများဆုံးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့မှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းကျေးရွာ စာသင်းကျောင်းနဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးအပါအဝင် လူအများအပြား သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် အပါအဝင် အမျိုးသမီး ၇၁ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.